Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတရူး ရူးသွပ်ခြင်း

$
0
0

ပြည်ပြေးပြီး အမေရိကား မှာ နေရတာ ဘာမှ အကျိုး မဖြစ်လို့ မြန်မာပြည်ပြန် ပြီး သမ္မတ လုပ်ရင် ကောင်းမလား စဉ်းစားမိတယ်။

မြန်မာပြည်ပြန်မယ်၊ ရောက်တာနဲ့ မိုးသီး လို ဗိုက်ပူကား ခေါင်မိုးပေါ်တက်ပြီး (စင်မရှိလို့) မင်္ဂလာပါ၊ ကျွန်တော်ပြန်လာပါပြီ၊ ဆိုပြီး ပြည်သူတွေ ကို နုတ်ဆက်မယ်၊ ပြီးတော့ “ တိုက်ရ မယ်ဆိုရင် ကျုပ်တို့ က ပြည်သူ့ရှေ့ မှာ အမြဲ ရှိနေမယ်” ဆိုပြီ ကိုကိုကြီး စကားလေးပြောမယ်။
(၈၈ တုန်းက ကျုပ်က ပြည်သူတွေ ရဲ့  ရှေ့ ဆုံးကပါ၊ လူအုပ်နဲ့ ကျုပ်ကြား မှာ စစ်တပ်ပဲ ခြားတာ)။

သမ္မတ ရွေးကောက်ပွဲ ကြရင် တော့ လည်ပင်းလေး လူပ်ပြီး ~~~~~~~~~~~~~~~~
အရေး ကြီးတာ Rule of Law ပဲ၊ ဥပဒေ စိုးမိုးမူ မရှိရင် ဘာမှ လုပ်လို့ မရဘူး။ ကျွန်တော်သမ္မတဖြစ်ရင် ပြည်သူ အကုန်လုံး လုံခြုံ စိတ်ချရတဲ့ ဘ၀ပိုင်ဆိုင် ရဖို့ အာမခံတယ်” ဆိုပြီး ဒေါ်စု အထာလေးနဲ့ မဲဆွယ်မယ်။

သမ္မတ ဖြစ်သွားပြီး ဆိုရင်တော့ “ ၆၅ နှစ်လုံး လုံး အသုံးမကျ တဲ့ လူတွေ ဖျတ်စီးထားခဲ့တာ ချက်ခြင်း ပြင်ဖို့တော့ ဘယ်လွယ်မလဲ၊ we need time, we need time,” ဆိုပြီး ၀န်ကြီး ဦးစိုးသိန်း လို စပ်ဖြီးဖြီး နဲ့ ပြောမယ်။

ကဲ မကျေနပ် လို့ ပြည်သူတွေ ဆန္ဒပြ ကြရင်တော့ ဟန်ဝင်းအောင်စတိုင်နဲ့  လူတွေ အခကြေးငွေ ယူပြီး ဆန္ဒ ပြကြတာမဟုတ်ပါဘူး၊ တိုင်းပြည် က အကောင်းဘက်ကို ဦးတည်နေတဲ့အချိန်မှာ ပွင့်လင်းဖို့ လိုပါတယ်” ပေါ့။။

အော် တခုပဲ~~~ အင်္ဂလိပ်စကား ကိုယ်ဖိ ၊ ရင်ဖိ သင်ပေးမယ့် အမေရိကန် မလေးတယောက် ယူရင်ကောင်းမလား လို့ ၊ တော်ကြာ မင်းကိုနိုင် လို ငပိသံ နဲ့ အင်္ဂလိပ် စကား ပြောမိရင် ဝေဖန်ခံရမှာ စိုးလို့ပါ။။


From: Zaw Z Tun

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>