ဇွန်လ ၁၈ရက်က အမေရိ ကန်လေကြောင်းလိုင်း၊ ပျံသန်း အမှတ် ၁၁၆သည် နယူးအာ့ခ် နိုင်ငံ လေဆိပ်မှ နယူးယောက်မြို့ သို့ ၁၅နာရီကြာ ပျံသန်းသည့်ခရီး စဉ်အတွင်း လိုက်ပါလာသည့် ခရီးသည်တစ်ဦးက လေယာဉ်ပျံ သန်းချိန် ၉နာရီခန့် အကြာတွင် လေယာဉ်ပေါ်မှ ရုတ်တရက်ထ ပြီး နိုင်ငံတော်လုံခြုံရေးကောင်စီ နှင့် စီအိုင်အေ၀န်ထမ်းများအား အော်ကြီးဟစ်ကျယ် (Ranfad about the CIA) ဆဲဆိုကြိမ်း မောင်းခဲ့သဖြင့် အနီးရှိခရီးသည် များက ၎င်းကို ဖမ်းချုပ်ခဲ့ရသည်။
တာဝန်ရှိသူများက ၎င်း၏ အမည်အရင်းကိုမထုတ်ပြန်သော် လည်း သူသည်အမေရိကန်နိုင်ငံ သားတစ်ဦးဖြစ်သည်ဟု ခရီးသည် များက ပြောကြားသည်။ လေ ယာဉ်ပေါ်တွင် စီးနင်းလာသည့် ခရီးသည်တစ်ဦးဖြစ်သူ ဂျက်က် ရိုင်ဇင် ဆိုသူက အဆိုပါလူကို ဖမ်းဆီးချုပ်နှောင်ပြီးနောက် လေ ယာဉ်ကြမ်းခင်းပေါ်တွင် ထိုင်ခိုင်း ထားခဲ့ရကြောင်း၊ ခရီးသည်များ က သူ့ဒေါသကို ထိန်းချုပ်ရန် ဖြောင်းဖြပြောဆိုခဲ့ကြသော်လည်း သူ့စိတ်တွေ ဂနာမငြိမ်ဖြစ်နေပြီး အတော်နှင့် ဒေါသအရှိန်မပြယ် သေးကြောင်းပြောကြားကြသည်။ အဆိုပါလူက အက်ဖ်ဘီအိုင်တို့၊ စီအိုင်အေတို့ကလူတွေကျွန်တော့် ကို အစဖျောက်ဖို့လုပ်နေတယ်။ ငါ့ကဘယ်သူကွ၊ ငါ့မွေးနေ့က ဒါပဲ၊ ငါဟာ နိုင်ငံတော်လုံခြုံရေး ကောင်စီမှာ အလုပ်လုပ်နေသူ ဖြစ်တယ်၊ ငါ့ကိုယ်ပိုင်နံပါတ်က ဘယ်လောက်၊ လောလောဆယ် ငါဟာ အဘူဒါဘီမြို့ရှိ အမေရိ ကန်သံရုံးမှာ အလုပ်လုပ်နေတယ် စသည်ဖြင့် ပြောကြားခဲ့သည်ဟု ဆိုသည်။
သူသည် ယခင်သီတင်း ၂ ပတ်ခန့်က နိုင်ငံတော် လုံခြုံရေး ကောင်စီတွင်တာဝန်ထမ်းဆောင် ခဲ့ပြီး စီအိုင်အေ၏ လျှို့ဝှက်ချက် များကို ဟောင်ကောင်ရှိဆောက် သင်းမောနင်းချိုင်းနားပို့စ်သတင်း စာသို့ အထုပ်ဖြေခဲ့သူ စနိုးဒင်(Snowden) နှင့် ဆက်နွယ်မှုရှိသူ ဖြစ်ကြောင်း၊ စနိုးဒင်၏ လုပ်ရပ် မှာ မှန်ကန်ကြောင်း၊ ကျွန်တော့် အနေနဲ့ စနိုးဒင်ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ကြောင်း ပြောဆိုချက်များကို အသံသွင်းယူ နိုင်ခဲ့ကြသည်။ထိုလူက ““တကယ် လို့ ခင်ဗျားတို့ဟာ စီအိုင်အေမှာ ဖြစ်စေ၊ နိုင်ငံတော် လုံခြုံရေး ကောင်စီမှာဖြစ်စေ အလုပ်ဝင် လုပ်မိပြီဆိုရင် တစ်ခုခုချွတ်ချော် တိမ်းပါးသွားလို့ကတော့ဖြင့် တရားဥပဒေဆိုတာဟာ မရှိဘူး၊ အယူခံခွင်မရှိဘူး ဆိုတာ မှတ် လေရော့”” လို့လည်း ပြောကြားခဲ့ သေးသည်ဟု ဆိုသည်။
အခြားခရီးသည် တစ်ဦးက သူဟာတရုတ်နိုင်ငံက ထောက် လှမ်းရေးတပ်ဖွဲ့ဝင် အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ထားသည် ဟု ပြောကြားသည်။ စီအိုင်အေ အထုပ်ဖြေခဲ့သူ စနိုးဒင် ဟောင် ကောင်တွင် တိမ်းရှောင်နေပြီ၊ ဟောင်ကောင်က အကာအကွယ် ပေးထားသည်ဟု ဆိုသည်။ ယခု လေယာဉ်ပေါ်တွင် စီအိုင်အေကို ခြိမ်းခြောက်သူကိုလည်းလေယာဉ် ပေါ်မှာ ပါရှိသည့် အက်ဖ်ဘီအိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်း သိမ်းထားသည်ဟု သိရသည်။
www.mmdailystar.com