Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရွှေတိဂုံစေတီတော်တွင် ဆန္ဒဖော်ထုတ်မှုများ ခွင့်မပြုတော့ဟု ဂေါပကအဖွဲ့ ကြေညာချက်ထုတ်ပြန်

$
0
0

မြန်မာနိုင်ငံ၏ သမိုင်းဝင် စေတီတော်ဖြစ်သော ရွှေတိဂုံ ရင်ပြင်တော်အတွင်း မည်သည့် ဆန္ဒပြမှုများကို ခွင့်ပြုမည် မဟုတ်ဟု  ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ တားမြစ်ချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်း အပိုဒ်-၇၇ (ဏ) အရ အများပြည်သူတို့ စိတ်ချမ်းမြေ့စွာ ဘုရားဝတ်ပြု ကြည်ညိုနိုင်ရေးအတွက် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပါတီမျှ ရွှေတိဂုံကုန်းတော် ရင်ပြင်၊ ပရဝုဏ်နှင့် ဝတ္တကမြေအတွင်း ဘာသာရေးနှင့် မအပ်စပ်သော အပြုအမှုများ မပြုလုပ်ရန် တားမြစ်သည်။

 ရွှေတိဂုံကုန်းတော်တွင် လူစုလူဝေးဖြင့် စာတမ်းကိုင် ဆန္ဒပြ စီတန်းလှည့်လှည်ခြင်း၊ ဟောပြော လှုံ့ဆော်စည်းရုံးခြင်း၊ ကျယ်လောင်စွာ ရွတ်ဆိုဆုတောင်းခြင်းနှင့် ရန်ပုံငွေ (အလှူငွေ) ကောက်ခံခြင်း စသည်တို့ကို တားမြစ် ဆိုင်းဘုတ် ထောင်ကာ အသိပေးထားကြောင်း သိရသည်။ “ဘုရားရင်ပြင်တော်ပေါ် မှာ ရုတ်ရုတ်သဲသဲ လူစုလူဝေးဖြစ်လာပြီး မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဘာသာရေးနဲ့ လုံးဝ မအပ်စပ်တဲ့အတွက် လုံးဝ ခွင့်မပြုသင့်ပါဘူး” ဟု ရွှေတိဂုံဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ဘုရားလာဖူးတဲ့ သူတွေမှာ တရားထိုင်တာတို့ ၊ ပုတီးစိပ်တာတို့ ရှိတဲ့အတွက် အဲဒီ ပုဂ္ဂိုလ်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ 

အခုလို ကန့်သတ်လိုက်တဲ့အတွက် ကောင်းပါတယ်” ဟု ဘုရားဖူး ပြည်သူတ စ်ဦး က ထောက် ခံစကားဆိုကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>