Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကိုရီးယားမှ မြန်မာသို့ငါးနှစ်အတွင်း ကန်ဒေါ်လာသန်း ၅၀၀ ချေးမည်

$
0
0
ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာသို့ ငါးနှစ်တာကာလအတွင်း ကိုရီးယားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရံပုံငွေ(EDCF)မှ ချေးငွေ ကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်မည်ဖြစ်သည်။

ယခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ယင်းချေးငွေကို ပေးအပ်သွားမည့်အကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် ရေးသားဖော်ပြထားသည်။

EDCS ကို ကိုရီးယားသမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြင့်တင့်ရန်အတွက် ၁၉၈၇ ခုနှစ်ဇွန် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာသည် ကိုရီးယားနှင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်တွင် ယမန်နေ့က ကျင်းပခဲ့သော နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပူးတွဲကော်မတီ ပထမအကြိမ်အစည်းအဝေး၌ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ၈ ရပ်ဖွံ့ဖြိုးတိုးတတ်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုမှတ်တမ်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကိုရီးယားသမ္မတနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် မဟာဗျူဟာနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီး H.E Mr Hyun Oh-Seok တို့က လတ်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။


From: PN-018Popular

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>