Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကေတီဗွီဓာတ်ပုံကိစ္စ ဖြေရှင်းတောင်းပန်ခြင်း

$
0
0

သလ္လာဝတီတိုင်းမ်မှ မနေ့ကတင်ခဲ့သော ကေတီဗွီရှေ့ ရိုက်ပွဲသတင်းနှင့်အတူ တွဲတင်ထားသောပုံသည် မုံရွာမှမဟုတ် ဘဲ ဗီယက်နမ်မှပုံသာ ဖြစ်ပါသည်။ သတင်းသည် ကေတီဗွီသတင်းဖြစ်သောကြောင့် သတင်းဓာတ် ပုံ လိုသဖြင့် Google Image တွင် ကေတီဗွီဟု ရိုက်ထည့်ရှာရာမှတစ်ဆင့် အဆိုပါပုံ ကို  တွေ့ရှိကာ ကောက်ယူသုံးစွဲခဲ့ခြင်းဖြစ်သည်။

ထိုပုံသည် မုံရွာမှပုံဖြစ်ပါသည်ဟူ၍လည်း သတင်းတွင် ဖော်ပြခြင်း မပြုခဲ့ပါ။ မြန်မာပြည်မှမ ဟုတ်သောကြောင့်   မိန်းကလေးများ၏ မျက်နှာများကို ဖုံးအုပ်ခြင်းများ မလုပ်ဘဲ ရှက်ဖွယ်ရာများကိုသာ ဖုံးအုပ် ခဲ့သည်။

သို့သော်လည်း ပေးပို့လာသော ခြိမ်းခြောက်စာများ၊ Comment ပေးသူအချို့၏ တုံ့ပြန်မှုများတွင် မုံရွာမြို့ကို သိက္ခာချသည်ဟုဆိုကာ ရေးသားပြောဆိုခြင်းများ၊ မီဒီယာကျင့်ဝတ်နှင့် မညီဘူးဆိုပြီး ပြောဆိုခြင်းများ၊ ထင်ယောင်ထင်မှားဖြစ်အောင် လိမ်လည်ထားတယ်ဟု စွပ်စွဲခြင်းများကို တွေ့ရသည်။

မုံရွာမြို့အား တရားဥပဒေစိုးမိုးစေလိုခြင်း၊ ပြည်သူများ နိုင်ထက်ပြုကျင့် မတရားခံရခြင်းများမှ ကွယ်ပျောက်စေလိုခြင်း၊ မြို့အား တည်ငြိမ်တိုးတက်စေလိုခြင်း တို့ကြောင့်သာ ဤသလ္လာဝတီတိုင်းမ်စာမျက်နှာကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အများပြည်သူ ကောင်းကျိုးကိုသာ ရှေးရှုသည့် သတင်းများကိုသာ ဖော်ပြသွားမည်ဖြစ်သည်။ သို့သော် လူတစ်စု၏ကိုယ်ကျိုးစီးပွားသည် အများပြည်သူများ ထိခိုက်နစ်နာရမှုများဖြစ်ပေါ်လာပါက၊ အာဏာပိုင်များထဲမှ ရာထူးအာဏာ တလွဲအသုံးချမှုများ ဖြစ်ပေါ်လာပါက၊ ၊ အုပ်ချုပ်ရေးမဏ္ဍိုင် တိမ်းစောင်းနေပါက၊ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေပါက အထူး(အထူး)လိုအပ်လျှင် ယခုကဲ့သို့ စာနယ်ဇင်းကျင့်ဝတ်ကိုပင်လျှင် ငဲ့ကြည့်မည်မဟုတ်ဘဲ အပြုတ်တိုက်သွားမည်ဖြစ်သည်။

ရောဂါမဖြစ်ခင်က ကြိုတင်ကာကွယ်မှု လုပ်ဖို့လိုပါသည်။

စာဖတ်ပရိတ်သတ်အား အစဉ်ရိုသေလေးစားလျက်
တာဝန်ခံအယ်ဒီတာ
သလ္လာဝတီတိုင်းမ်

From: သလ္လာဝတီတိုင်းမ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>