Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အစိုးရလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးပါတီအချို့ သမ္မတကို အဆိုပြု

$
0
0

လက်ရှိ အစိုးရရဲ့ ဒီမိုကရေစီအရေးနဲ့ ပြည်တွင်းငြိမ်ချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင် ဖို့ နိုင်ငံရေးပါတီ ၁၂ ပါတီက နိုင်ငံတော်သမ္မတကို အဆိုပြုလွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။   မြန်မာနိုင် ငံရဲ့ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေး ကဏ္ဍဆိုင်ရာ လိုအပ်ချက်တွေမှာ အလျဉ်းသင့်သလို လက်တွဲပူးပေါင်းဖို့နဲ့ သမ္မတရဲ့ သင့်လျော်တဲ့ အစီအမံ နဲ့ လမ်းညွှန်မှုတွေ ကို ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။ ‘နိုင်ငံရေးပါတီက တိုင်းပြည်ပြုပြင် ပြောင်း လဲရေးအတွက် အဓိကကျတဲ့ အင်အားစုဖြစ်တယ်၊ ဒီမိုကရေစီရေး အရွေ့အတွက် ဘယ်လိုဝိုင်းတွန်းမလဲ ကြံစည်သင့်တယ်။ စုပေါင်းပြီး ညှိနှိုင်း အဖြေရှာသင့်တယ်၊ အဲဒါမှ တိုင်းပြည် တိုးတက်လာမယ်လို့ ကျွန်တော် မြင်တယ်’ လို့ သမ္မတထံ အဆိုပြုလွှာပေးပို့ခဲ့တဲ့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ဆိုပါတယ်။ 

အဆိုပြုလွှာမှာ ပါဝင်လက်မှတ်ထိုးခဲ့ကြတဲ့ ပါတီတွေကတော့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ မြန် မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင် ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မြန် မာနို င်ငံ ရခိုင်ပြည်နယ် အင်အားစုပါတီ၊ ကရင်ပြည်သူ့ပါ တီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဒီမို ကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုး သားပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ ဖြစ်ကြပါ တယ်။ မြန်မာ အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်ကပဲ ‘ရခိုင်အရေး၊ ကချင်အရေးတွေ မှာ နိုင်ငံရေး သမားတွေက ဝင်ညှိတာ ပိုပြီးအဆင်ပြေတယ်၊ ပိုပြီးတော့ နည်းလမ်းတကျ ဖြစ်မယ်လို့ ခံယူတယ်၊ ဒါကြောင့်မို့ နိုင်ငံရေးသမားတွေ အနေနဲ့ တာဝန်ပေးပါ၊ တာဝန်ပေးမယ်၊ ခွင့်ပြုမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလဲ ပါချင်တယ်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလဲ ပါချင်တယ်’ လို့ ဆိုပါတယ်။ 

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပူးပေါင်းဆောင်ရွက်မှုကို စိတ်ဝင်စားပြီး အတူတူ လက်တွဲလုပ်နိုင်ဖို့ နည်းလမ်းတွေ စီစဉ်ထားတယ်လို့ ပြည်ထောင်စုနေ့ နိုင်ငံရေးပါတီတွေနဲ့ ညစာစားပွဲမှာ ပြောကြား ခဲ့ပါတယ်။ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်က ‘လက်လှမ်းမီသလောက် ပူးပေါင်းဆောင်ရွက် သွားနိုင်တဲ့ လမ်းကြောင်းကို လက်လှမ်းမီသလောက် ဦးဆောင်ပြီး လုပ်ကြတာပါ’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:Khit Lu Nge
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>