ဒေါ်စု အကျယ်ချုပ်ကျနေတုန်းက ဒီချုပ်ရုံးရှေ့မှာ ဆွမ်းလောင်းတယ်။ ဒကာမကြီးအတွက် ဆုတောင်းပေးကြပါ ဘုရားတဲ့။
ဆွမ်းခံနေတဲ့ ကိုယ်တော်တွေကို လမ်းတစ်ဘက်ကနေ စစ်ထောက်လှမ်းရေးက ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်တယ်။
တချို့ဆိုရင် ကျောင်းအထိ လိုက်လာပြီး မေမြန်းခံရတယ်။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ပေတေ ဆွမ်းခံခဲ့ကြတယ်။
ဒေါ်စု လွတ်တဲ့နေ့ကစပြီး ဆွမ်းမလောင်းတော့ဘူး။
ကိုယ်တော်တွေက စည်းကမ်းမရှိလို့ မလောင်တော့တာတဲ့။ လူဆိုတာ မလိုတစ်မျိုး လိုတစ်မျိုးပဲ။
ဗဟန်းမှာ ဆွမ်းကြွတဲ့ ကိုယ်တော်တိုင်း သိကြပါတယ်။
( အရှင်ခေမာနန္ဒ)

www.mmdailystar.com