Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည်

$
0
0

Photo: မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည်
မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြသော မြန်မာနိုင်ငံသားများသည် ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည်။

ဆာလာရန်းဈေး၌ ဓါးဖြင့် အထိုးခံခဲ့ရသော ကိုထွန်းမော်သိန်းကို လာမည့် (၁၇)ရက်နေ့တွင် MAI လေကြောင်းလိုင်းဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး မည်ဖြစ်ပြီး ဆာလာရန်းဈေးတွင်ပင် တိုက်ခိုက်ခံခဲ့ရသော ကိုကိုမောင်ကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ပေးရန် စီစဉ်နေသည်။

ဧရာဝတီဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက "လာမယ့်(၁၇)ရက်နေ့ MAI လေကြောင်းလိုင်းနဲ့ မြန်မာပြည်ပြန်မယ့် (၂၂)ဦးကို ကျွန်တော်တို့ ပြန်ပို့ပေးပါမယ်။ ဒါ ပထမ ဆုံးအသုတ်ပါပဲ။ အဲဒီ(၂၂)ဦးမှာ ၁၇ ဦးကတော့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ဆာလာရန်း ဒေသကပါ။ သူတို့ ဆက်မနေရဲတော့ဘူး။ တချို့ဆို အခု ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲကနေ အပြင်ကို အမှိုက်တောင် ထွက်မပစ်ရဲဘူး။ အဲဒီထဲက တစ်ယောက်ကတော့ ဓါးနဲ့ အထိုးခံခဲ့ရတဲ့သူပါ။ သူလည်း ပထမအသုတ်နဲ့ ပြန်ပါမယ်။ သူက စာရွက်စာတန်း အားလုံးပြည့်စုံတော့ ချက်ချင်း ပြန်လို့ရတယ်။ နောက်တစ်ယောက်ကတော့ ကိုကိုမောင်ပါ။ သူလည်း ပြန်ဖို့ စီစဉ်နေတယ်။ သူကတော့ စာရွက်စာတန်း မပြည့်စုံလို့ ဆောင်ရွက်နေပါတယ်။ သူ့ကိစ္စနဲ့ ပတ်သတ်ပြီး နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ သံအမတ်ကြီးတို့နဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သူတို့ကလည်း ကိုကိုမောင့်ကို စာရွက်စာတန်းတွေ အားလုံးထုတ်ပေးဖို့ စီစဉ်နေပါတယ်" ဟု ပြောကြားခဲ့သည်။

အဆိုပါဒဏ်ရာရှိသူနှစ်ဦးအား စာရွက်စာတန်း၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စမှစ၍ အမိမြေသို့ ပြန်ရောက်သည်အထိ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိပါက လူနာများကို ဆေးရုံကားဖြင့် ချက်ချင်း ဆေးရုံများသို့ တင်ပို့ကာ လုံးဝ ကျန်းမာရေး ပြန်ကောင်းသည်အထိ တာဝန်ယူ ကုသပေးသွားမည်ဖြစ်သည်။

အဆိုပါ ဒဏ်ရာရရှိသူ နှစ်ဦးအပြင် အမိမြေသို့ ပြန်ချင်သည့် အခြားသော ဒဏ်ရာရရှိသူများကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်းအနေဖြင့် တာဝန်ယူကာ စီစဉ်ဆောင်ရွက်ပေးလျက် ရှိနေသည်။

From:MNU

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>