Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၈၈၈ တုံးက ကျုပ်တို့ လက်ခုပ်တီးပေးခဲ့တယ် အခုတော့ အပြတ်ဝေဖန်မယ်

$
0
0




၈၈၈၈ မှာ ကျုပ်က ၁၀တန်းကျောင်းသား အရေးအခင်းဖြစ်တော့ သင်္ဃန်းကျွန်း ထ၄ ရဲ့ ခေါင်းဆောင် တစ်ယောက် ဆန္ဒပြပဲတွေမှာ ပျော်ပျော်ကြီး ဆင်နွဲခဲ့တာပေါ့ အမေက မဆိုးရိမ်ပေမယ့် အဖေကတော့ ၆၂ အတွေ့အကြုံရှိခဲ့တော့ ဆိုးရိမ်သားဗျ

လကိုတော့ မမှတ်မိတော့ဘူး ၈၈ခု နှစ် ၂၆ ရက်နေ့ တစ်နေ့မှာ ဒေါ်စုက ရွှေတိဂုံဘုရားမှာ သပိတ်မှောက်ပြည် သူတွေ ကို ပထမဦးဆုံး မိန့်ခွန်း ပြောတယ် အဲဒီမှာ ကိုမင်းကိုနိုင်တို့ အပါအဝင် ကျောင်းသားတွေ ရဟန်း သံဃာတွေ က ဒေါ်စုလုံခြုံရေး ယူကြတာ ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေက အခမ်းအနားမှူး လုပ်တာတွေ အမှတ်ရနေတယ်

မြို့နယ်အသီးသီး က သပိတ်မှောက် အဖွဲ့အစည်း အသီးသီးက သပိတ်အဖွဲ့တွေက ရွှေတိဂုံဘုရားဘက်ကို ဦးတည်ပြီး ချီတက်နေကြတယ် အနှောက်အယှက် အတားအစီးမရှိ

သပိတ်မှောက်ပြည်သူတွေ ဒေါ်စုကို တွေ့ချင်တဲ့ အဓိကရည်ရွယ်ချက် နှစ်ခုရှိတယ်
၁။ဗိုလ်ချုပ်ရဲ့ သမီးကို မတွေ့ဘူးကြလို့ မြင်းဖူးချင်ကြသည် ဖြူသလား မဲသလား သူ့အဖေနဲ့ တူသလား သူ့အမေနဲ့ တူသလားပေါ့
၂။ သပိတ်ကို ဦးဆောင်ဖို့ ခေါင်းဆောင် လိုအပ်နေချိန်ဖြစ်တဲ့အတွက် အားကို ချင်ကြသည်


အဲဒီရည်ရွယ်ချက်နှစ်ခုနဲ့ သွားကြတာကို အမှတ်ရသေးသည်

ပြည်သူကို မိန့်ခွန်းပြောတာ ၄၅ မိနစ်လောက်ကြာသည် လက်ခုတ်သံတွေလဲ ဘဝက်ညံခဲ့သည်
ကျောင်းသားတွေ   သံဃာတွေ နဲ့ သပိတ်မှောက်ပြည်သူတွေရဲ့ ယုံကြည်မှု ရခဲ့တာအမှန် ဒေါ်စုကို အားကိုးထိုက်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် မြင်လိုကြသည်

အဲဒီအစည်းအဝေးပြီးတဲ့ နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဟောင်းဦးနုက ဆင်ပြိုင်အစိုးရဖွဲ့ဖို့ နိုင်ငံရေးသမားတွေကို စည်းရုံးသည် ကမ်းလှမ်းသည် ဦးနုအနေနဲ့ ခြေတစ်လှမ်းနောက်ကျခဲ့ပြီ ဒေါ်စုက ခြေတစ်လှမ်းဦးသွားသည် ထို့အတွက်ကြောင့် ဦးနုရဲ့စီမံကိန်းကို အကောင်အထည်ဖေါ်ပေးမဲ့ သူမရှိ ဒေါ်စုသည်လည်း ဦးနုကို ခေါင်းဆောင်တင်လိုသည့် ဆန္ဒ မရှိ သူသာလျှင် ဒီမိုကရေစီ ခေါင်းဆောင်လုပ်လိုသည့် ဆန္ဒ ၈၈ကတည်းက ကိန်းအောင်းခဲ့တာ သာဓကတစ်ခု

အာဏာသိမ်းကို ရွှေနဝတတို့က နိုင်ငံရေးပါတီတွေ ထူထောင်ခွင့်ပြုပြီး ရွေးကောက်ပွဲလုပ်ပေးမယ် အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ စကားတွေ ထုတ်လွှင့်လာသည်


အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး ဦးအောင်းကြီးတို့ ဦးဆောင်ပြီး NLD ပါတီကို စတင်ထူထောင်ကြသည် အဲဒီအချိန်မှာ NLD ပါတီရယ်လို့ နာမည်မကြီးပဲ အောင်စုတင် ပါတီလို့သာပိုပြီး နာမည်ကြီးခဲ့သည်

ကျောင်းသား ဘဝကနေ နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့တဲ့ ၁၈ နှစ်အရွယ် ကျုပ်ကတော့ ကျောင်းသားတစ်ယောက်အနေနဲ့ NLD ပါတီဝင်ဖြစ်ခဲ့သည် အဖွဲ့ဝင်အမှတ် ရာဂဏန်းမှာ ချိပ်ခဲ့သည်

နိုင်ငံရေးကို ရူးသွပ်ခဲ့သည့် ကျုပ်အဖို့ ဒေါ်စုရဲ့ တရားပွဲတိုင်းမှာ လုံခြုံရေး အရ၄င်း မြို့နယ် တာဝန်ရှိသူအဖြစ်၎င်း ပွဲတိုင်းပါဝင်ခဲ့သည် အလွန်ကိုလဲ အားတက်ခဲ့သည် တဖက်မှာလည်း ကျောင်းသားကိစ္စတွေကို လျှီု့ဝှက်လျှူပ်ရှားလိုက်သေးသည်

အဲဒီအချိန်က မိတ္တူကူးစက်မရှိ ကွန်ပြုတာစာစီစာရိုက်မရှိ တဲ့ ခေတ်မှာ ဖယောင်းစက္ကူဝယ် ကညစ်နဲ့ ယောင်းဖေါက် ၃၂လမ်းမှာ မှင်ဝယ် ညဘက်ဆိုရင် ၂ပေမီးချောင်းအကျွမ်းနဲ့ ဖယောင်းစက္ကူပေါ်မှာ ဖြန်းထားတဲ့ မှင်ကို လှိမ့် ပြီး တစ်ရွက်ချင်း စိတ်ရှည်စွာ ပြုလုပ်ရသည် ညလုံးပေါက် သူငယ်ချင်နှစ်ယောက် လှမ့်ပါမှ မိုးလင်းတဲ့ အခါမှာ ရက်ရေ ၂၀၀ လောက်ပဲရတယ်
မိုးလင်းတာနဲ့ ဒေါ်စုတရားပွဲတွေရှိတဲ့ နေရာကို ရင်ဘတ်မှာNLD တံဆိပ်ကိုထိုးပြီး စာတွေဖြန့်ဝေရသည် စုတ်ပြတ်သတ်နေတဲ့ ရိုင်ဖယ်သေနပ်တွေကိုင်ထားတဲ့ လုံထိန်းရဲတွေနဲ့ လိုက်တမ်းပြေးတမ်းကစားခဲ့ရတဲ့ ပွဲတွေလဲ အမြောက်အများရင်ဆိုင်ခဲ့ရသည် ပွဲတိုင်းမှာ ကျုပ်အနိုင်ခဲ့သည်

ဒေါ်စု ပြောသမျှ စကားတွေကို လက်ခုပ်တီးပြီးအားပေးသည်
အဲဒီအချိန်က ဒေါ်စုပြောသမျှစကားတွေထဲမှာ ရင်ထဲ အသဲထဲ စွဲမြဲစေတဲ့ စကားတစ်ခွန်းကို ယနေ့ထိတိုင် အမှတ်ရနေသေးသည်

ကျွန်မ နိုင်ငံရေးလုပ်တာဟာ တိုင်းပြည်ကို အုပ်ချုပ်ချင်လို့ အာဏာလိုချင်လို့ မဟုတ်ဘူး တိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရောက်အောင် တွန်းပို့ပေးနေခြင်းသာဖြစ်ပါတယ်တဲ့
အဲဒီစကားပြောတိုင်း လက်ဝါးနှစ်ဘက်နီရဲနေအောင် ကျုပ်လက်ခုပ်တီးမိခဲ့သည်

အခုတော့ လွန်လေပြီးသော နှစ်နှစ်ဆယ်ကျော်ကာလက ပြောခဲ့တဲ့ စကားတွေ ဒေါ်စုမေ့သွားပြီလား အာဏာမလိုချင်တဲ့ ဒေါ်စု အခုတော့ သမ္မတ ဖြစ်ခြင်နေပါလား လို့ စဉ်ခြင်မိသည်

၂၀၁၅မှာ သမ္မတဖြစ်ဖို့ အခြေအနေတွေက 0.009 % မှာသာရှိနေသည်လို့လဲ တွက်ဆမိသည် ၅၉(စ) နဲ့ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွေအရပေါ့

ဒေါ်စု သမ္မတဖြစ်ချင်တဲ့ ထင်သာမြင်သာတဲ့ အကြောင်းရင်းတွေကိုလဲ လေ့လာဖြစ်ခဲ့သည်
ဒေါ်စု သူ့ပါတီအတွက် ရုံးခမ်းဖွင့်ပွဲတွေရောက်တော့ ဒေသခံပြည်သူတွေက အခက်အခဲမျိုးစုံကို တင်ပြခဲ့ကြသည် အဲဒီဒေသခံတွေကလည်း ဒေါ်စု လွှတ်တော်အမတ်တစ်ယောက်ဖြစ်တိာကို အထင်တွေကြီးပြီး ဒေါ်စာများ လုပ်ပေးနိုင်မလားဆိုတဲ့ အတွေးတွေနဲ့ မေးမြန်းချင်း အကူအညီ တောင်ခံခြင်း ဖြစ်ခဲ့သည် ဒေါ်စုကိုယ်တိုင်ကလည်း လူတွေအထင်ကြီးအောင် ပြောတတ်သည် လူတွေ နားထဲစွဲအောင် စကားလုံးတွေ ဆီသုတ်ပြီး ပြောတတ်သည် အဲဒီလို ပြည်သူက အားကိုးတကြီးနဲ့ ရင်ဖွင့်လာတဲ့ အချိန်မှာ သူ့အနေနဲ့ ဘာမှကို မစွမ်းဆောင်နိုင်တဲ့ ဘဝ လွှတ်တော်အတွင်းမှာ ဆွေးနွေးရုံ အဆိုတစ်ခုကို ဆန္ဒမဲ တစ်ခုအနေနဲ့ မဲပေးရုံ အခွင့်အရေးကို လက်ဝယ်ရရှိထားတဲ့ ဒေါ်စုအဖို့ ပြည်သူကို အာရုံလွှဲပြောင်းဖို့ မြန်ဖြေစရာက ကျွန်မသမ္မတဖြစ်ရင် ဒါတွေ လုပ်ပေးနိုင်ပါတယ် အခုတော့ ကျွန်မမှာ လုပ်ပိုင်ခွင့်မရှီလို့ လုပ်ပေးလို့မရသေးပါဘူး လို့ ဖြေကြားတာဟာ သူ့အတွက်တော့ အကောင်းဆုံးထွက်ဖြစ်ခဲ့သည်

နိုင်ငံတကာ အသိုင်းအဝိုင်းကို ရောက်ပြန်တော့လဲ သူ့ပါတီနဲ့ သူ့အဖို့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို လိုက်မမီတာကို ထမင်းရည်ပူလျှာလွှဲ လုပ်နိုင်ဖို့ သမ္မတ ဆိုတဲ့ စကားလုံးနဲ့ ပဲ နိုင်ငံတကာအသိုင်းအဝိုင်းတွေထံမှာ ထွက်ပေါက်ရှာခဲ့သည်

ဒါက သဘာဝကျပါရဲ့လား အားလုံးဆင်ချင်မိကြသည်
တချို့ ပြောတာတွေက ဒေါ်စုအနေနဲ့ သမ္မတ မဖြစ်ရင်လဲ တိုင်းပြည်အတွက် ကောင်းကျိုးတွေ လုပ်ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိနေပါတယ်တဲ့

အဲဒီစကားသည် သဘာဝကျသည် လက်တွေ့ကျသည်လို့ ခံစားမိပေးသည်

ဒေါ်စုသမ္မတဖြစ်ဖို့ ဆိုတာက ၁၉၄၇ အခြေခံဥပဒေမှာကိုက သူ့ဖခင် မသေခင် ရေးစွဲခဲ့ ဥပဒေနဲ့ ရည်ရွယ်ချက်ခြင်းတူနေတဲ့ ဥပဒေကို ၂၀၀၈ မှာ ၅၉(စ) အဖြစ် ပြန်လည်ထည့်သွင်းခဲ့တာ အားလုံးအသိ ဗိုလ်ချုပ်အနေနဲ့ တိုင်းပြည်ရဲ့ရှေ့ရေးမျှော်တွေပြီး အမျှော်အမြင်ရှိရှိ ရေးစွဲထားခဲ့တဲ့ ဥပဒေ တစိခုဆိုတာ အားလုံးအသိ နောက်တစ်ချက်က ၅၉ (စ) ပြင်ဖို့ လွှတ်တော်အတွင်းမှာ ခြင်္သေ့ အမတ်တွေနဲ့ တမတ်သား ကိုယ်စားလှယ်တွေကို ကျော်ဖြတ်နိုင်ဖို့ အင်အားချိန်ခွင်လျှာက ဇောက်ထိုး ကြီး ဖြစ်နေတာကို သိလျှက် ဒီကိစ္စကို အားစိုက်နေတာကတော့ အံ့သြစရာ
တိုင်းပြည်မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေပါလျှက် ဒီအချိန် ဒီကာလမှာ အားစိုက်ဖို့ မသင့်ပေးဘူးလို့ ရိုးရိုးလေး မှတ်ချက်ပြုချင်ပါသေးတယ်

ထားပါတော့ ဗျာ ဗိုလ်ချုပ်သမီးဖြစ်လို့ အချို့ပြောနေသလို အနစ်နာခံခဲ့လို့ ၅၉(စ) ကို ပြုပြင်ပေးနိုင်ခဲ့ပြီ ဆိုပါအုံး ဒေါ်စု က သမ္မတ ရာထူးကို ၂ကြိမ်ထက်ပိုပြီး မထမ်းဆောင်နိုင်တဲ့ အသက်အရွယ် အပိုင်းခြားမှာရောက်နေပြီ သမ္မတ သက်တမ်း ၂ခုဆိုတာကလည်း ၁၀ နှစ်ဆိုတဲ့ အတိုင်းအတာ

အဲဒီ၁၀နှစ်ဆိုတဲ့ အတိုင်းအတာဟာ တိုင်းပြည်ကြီးပွားဖို့ လုံလောက်တဲ့ အချိန် မဟုတ် ဒီမိုကရေးစီနိုင်ငံတစ်ခုအဖြစ်အသွင်ပြောင်းဖို့ လုံလောက်တဲ့ အချိန်မဟုတ် အမေရိကန်နိုင်ငံသည်တောင် ဗြိတိသျှလက်အောက်ပ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၁၀၀ ကျော်မှ ဒီမိုကရေစီ နိုင်ငံဖြစ်ခဲ့တာက သဓက

နောက်ဆုံးမှာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်း ဒေါ်စုဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ပုသိမ်အမတ် ဦးဝင်းမြင့်ကလည်း ဒီလိုဆိုထားပြတ်ထားပြန်တယ်

" ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လိုသည်မှာ အာဏာရလိုမှု၊ လုပ်ပိုင်ခွင့်ရလိုမှုသက်သက် မဟုတ်ဘဲ လူစုအကျိုးကိုထိ ရောက်စွာ သယ်ပိုးကူညီနိုင်ရန် အတွက် လုပ်ပိုင်ခွင့်၊ အာဏာ ရှိမှသာ အထိရောက်ဆုံးလုပ်နိုင် မည်ဖြစ်သဖြင့်သာ သမ္မတလုပ်လို ကြောင်း" ပြောကြားခဲ့သေးသည်

ဒါကဘာကို ပြနေသလဲဆိုရင် ဒေါ်စုအနေနဲ့ ၅၉(စ) ကို ဖြတ်ကျော်ဖို့ ခဲယဉ်းတာကို သိလျှက် နဲ့ အားပေးနေခြင်ပဲဖြစ်ပါတယ် ဘာကြောင့် အားပေးရသလဲဆိုတာတော့ မိတ်ဆွေများကိုယ်တိုင်ပဲ စဉ်းစားစေချင်တယ်


From: သန်းထွန်း (TGKN)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>