Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို ဒေသခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်း ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

$
0
0

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန် လိုက်သော အစီရင်ခံစာကိုမကျေနပ်လျှင် ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆို သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့ လွှတ်တော် နားချိန်တွင် လက်ပံတောင်းတောင်အရေး ဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက် သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားကြောင်း သိရသည်။

 ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့် သည် ဟူသောအချက်နှင့် လက် ပံတောင်းတောင် စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်း စစ်ဆေးရေး   ကော်မရှင် ၏ ဆုံးဖြတ်ချက်ကို ဒေသခံပြည်သူလူထုက လက် မခံနိုင်ဖြစ်နေပြီး သပိတ်စခန်း များကို ရုပ်သိမ်းရ န်အစီအစဉ် မရှိဘဲ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှ ခေါင်းဆောင်များနှင့် တိုင်ပင် လျက် ရှိကြောင်း ကိုဟန်ဝင်းအောင် က မြန်မာ့ခေတ် သို့ပြောကြားသည်။ “ဒေါ်အောင်ဆန်းစုကြည် က ကျွန်မတို့ ကအချက်အလက်ရှာတာ တရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ   မေးတာကို   ပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။

သူ ပြောချင်တာက သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေ မနေ့က အစီရင်ခံစာတင်တဲ့ အထိပဲလို့ ပြောချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့ စိတ်စေတနာကို နားလည်ပါ တယ်။စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေ ကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောကြားသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာ စီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆုံးဖြတ်လိုက် ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့် ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့် ၀မ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာ ဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေးလိုက်သော ဆုံးဖြတ်ချက် ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက် ရှိကြောင်း သိရသည်။

 စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီး သည့်နောက် စုံစမ်းစစ်ဆေးရေး အစီရင်ခံ စာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း တို့မှာ စုံစမ်း စစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်း ကပ်နေပြီး ဒေသခံလူထု ဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ် များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှ မပါဝင်ကြောင်း တုံရွာ သပိတ်စ ခန်းမှ ကိုသားကြီးကပြောကြားသည် မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်း တောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာ သူမ လာ ရောက်ပါက သွားရောက်တွေ့ ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီး မေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့ ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ် ပါဘူး။

သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ် စရာရှိ တာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင်ကပြောကြားသည်။ “စုံစမ်းစစ်ဆေးရေး လုပ်တဲ့နေ ရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေး လုပ်နေတဲ့အချိန် တုန်းက ဥက္ကဋ္ဌဖြစ် သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေး တာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့ ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိက မိန့်ကြားသည်။

From:Myanma Age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>