Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လူပြောသူပြော များတဲ့ နဂါးနိုင်ဓား

$
0
0

နဂါးနိုင်ဓား ဇာတ်ကားဟာ Copy လားဆိုပြီး မေးမြန်း သံသယရှိသူ တွေကို လည်းဒါရိုက်တာ လွင်ဗိုက ” နဂါးနိုင်ဓား ဇာတ်ကားက မထင်မှတ်ပဲ စိတ်ဝင်စားတဲ့ သူတွေများ တာတွေ့ရတာ ဝမ်းသာပါတယ်။ အဲဒီမှာ ကွန်မန့်လေးတွေလည်း အများကြီး တက်လာတော့ ကျွန်တော့ အနေနဲ့ ပြောပြစရာလေးတွေ ရှိလာပါတယ်။ တကယ်တော့ ဒီကားရဲ့ ဇာတ်လမ်းက ကော်ပီလုံးဝ မဟုတ်ဘူး ဆိုတာ အာမခံ ပါတယ်ဗျာ။


နာမည်ကတော့ နဂါးနိုင် ဓားဆိုတဲ့ တရုတ်သိုင်း ဇာတ်လမ်းတွဲ နာမည် နဲ့တူပါတယ်။ ဒါက လည်း မြန်မာလိုပြန် လိုက်စဉ် ခေါ်လို့ကောင်းမယ့် နာမည်မျိုးဖြစ်ပါလိမ့်မယ်။ နဂါးကိုနိုင်တဲ့ဓား၊နဂါးကြောက်သောဓား စသဖြင့်ပေးရင်လည်း ရပေမယ့်ခေါ်လို့ မကောင်းပြန်ဘူးဗျ။ဒီတော့ လူတွေနားယဉ်ပြီးသားနဂါးနိုင်ဓားဆိုပြီးနာမည်ပေးလိုက် ရတာခွင့်လွှတ်နားလည်ပေးကြပါဗျာ” လို့ဖေ့စ်ဘုတ်စာမျက်နှာ ထက် မှာ ရေးသား ထားပြီး သူ့ရဲ့ဇာတ်ကားဖန်တီးမှုအပေါ် ” နောက်ပြီးနဂါးဆိုတဲ့ သတ္တဝါဟာ တရုတ်မှာပဲရှိတာ မဟုတ်ဘူး။

မြန်မာမှာလည်း ကိုယ့်ရိုးရာနဂါး လေးရှိနေတော့ ဒီလိုနာမည်ပေး လိုက်ခြင်းဟာ ပရိသတ်တွေအ တွက်စိတ် အနှောင့်အယှက် မဖြစ်လောက်ဘူးလို့ ယူဆမိလို့ပါ။ မြန်မာမှာလည်း နဂါးနိုင် မင်းပေါက်ကြိုင်းလို ဇာတ်တွေလည်းရှိနေတာပဲ မဟုတ်လားခင်ဗျာ။ ဇာတ်လမ်းက ကိုယ်ပိုင်စဉ်းစားတာ ဆိုပေမယ့်တချို့ sub plot တွေ မှာ တရုတ်နဲ့ နိုင်ငံခြားကားတွေကို reference ယူရတာကိုတော့ ကျွန်တော်ဝန်ခံ ရပါလိမ့်မယ်။

ဓားပျံပစ်တဲ့ အိုင်ဒီယာဆိုရင် ဂျက်လီ ရဲ့ Flying sword of dragon gate ထဲက စတိုင်လေးကိုအတု ယူပါတယ်။ နဂါးပေါ် လာပုံလေးဆိုရင် dragon war,နောက် ဒါပေမဲ့ ကျွန်တော်တို့မြန်မာ VFX artist တွေ ဒီကားလေးကို ဒီလောက် လေးထွက်လာဖို့ မရယ်နိုင်ခဲ့ ပါဘူး။ မြန်မာနဂါးဆိုတာ ပန်းချီတွေ၊ ဘုရားတွေမှာသာ မြင်ခဲ့ဖူးပေမယ့် ဘယ်လိုလှုပ် ရှားလဲဆိုတာ မတွေ့ဖူးကြဘူး။ ဒီလိုနဲ့နဂါး Animation ဖန်တီးတဲ့ကိုဇော်ရဲမြင့်တို့အဖွဲ့နဲ့ ခေါင်းချင်းဆိုင်ပြီး ခန့်မှန်းယူဆ ဖန်တီးခဲ့ကြရပါတယ်။ 

ကျွန်တော်တို့အားလုံး သိပ်စိတ်တိုင်း မကျလှပေမယ့်ရသလောက် လုပ်နိုင်သလောက် လေးတွေနဲ့ နောက်ဆိုဒီထက် ပိုကောင်းဖို့ပဲရှိပါ တယ်ကွာဆိုပြီး အချင်းချင်း အားပေးကာ ဆက် လက်ချီတက် ခဲ့ကြရပါတယ်။ ဒီအပေါ်မှာ အပြစ်မြင်ကြတဲ့ သူတွေကိုလည်း ကျွန်တော်အနေနဲ့ အပြစ် မမြင် ရက်ဘူး။ ကျွန်တော် သိပါတယ် ခင်ဗျားတို့ဟာ မြန်မာပြည် က မြန်မာလူမျိုးတွေလုပ်တဲ့ ဖန်တီး မှုတွေကိုခြောက်ပြစ်ကင်း သဲ လည်းစင်ဖြစ် စေချင်ကြတယ်။
ဒါမြန်မာပြည်က လုပ်တာကွ ဆိုပြီး နိုင်ငံတကာကလူတွေ ကြားမှာ ဂုဏ်ယူချင်ကြတယ်။အဲဒီ လိုဖြစ်မလာနိုင်တော့ ကရုဏာ ဒေါသနဲ့ပြောကြ ဆိုကြတယ်။ ဘယ်လိုပဲ ပြောပြော အားလုံးရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်တွေအပြည့်ရှိ တယ်ဆို တာ ကျွန်တော်အကြွင်းမဲ့ ယုံ ကြည်တယ်” လိုလည်း ရင်ဖွင့်ထားပါတယ်။ 

 From:Lwin Bo

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>