Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က အပြစ်မဲ့ ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်

$
0
0

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ပန်ကျုံရွာအနီး လူနှစ်ဦး သေဆုံးနေကြောင်း သတင်းအရ မတ် ၉ ရက် နံနက်ပိုင်းက နယ်မြေခံလုံခြုံရေး အဖွဲ့များမှ သွားရောက် ရှင်းလင်းစဉ် သေနတ် ဒဏ်ရာ များဖြင့် သေဆုံးနေသော အရပ်သား အလောင်း နှစ်လောင်းနှင့် အလောင်းများ အနီး ၁ဝ ကိုက်ခန့် အကွာတွင် အမ်-၂၂ ကျည်ခွံ လေးခွံတို့အား တွေ့ရှိခဲ့သည်။

ဖြစ်စဉ်အား စိစစ်ချက်အရ သေဆုံး သူနှစ်ဦးမှာ ပန်ကျုံရွာ၌ နေထိုင်သော အိုက်လိတ်နှင့် အိုက်ဆာတို့ နှစ်ဦးဖြစ် ကြောင်းသိရှိရပြီး ၎င်းတို့ နှစ်ဦးသည် မတ် ၈ ရက် နံနက် ၉ နာရီခွဲခန့် ကရွာနှင့် ၁ မိုင်ခန့် ဝေးသော တောတွင်းသို့ အမဲပစ်ရန် သွားရောက်ခဲ့စဉ် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ တွေ့ရှိ ဖမ်းဆီးခံရပြီး အကြောင်းမဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ်မြို့ နယ်ရဲစခန်းမှ တရား ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


From:မြ၀တီ
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>