Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကုလားများအား တရားဝင် အကာအကွယ်ပေးရန်အတွက် သမ္မတဖြစ်လိုကြောင်း ဒေါ်အောင် ဆန်းစုကြည် ထပ်မံ ပြောကြား

$
0
0

၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် င်ရောက်ယှဉ်ပြိုင်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ထပ်မံပြောကြားလိုက်ပါတယ်။ 

နေပြည်တော်မှာ ဒီကနေ့မနက်ခင်းကကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ မြန်မာ့အနာဂတ် အရေး ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဒီလိုဖြစ်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ လိုပါမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြော ကြားလိုက်ပါတယ်။

သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင် အရွေးကောက်ခံလိုကြောင်း၊ ဒီကိစ္စအပေါ် သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလိုသမ္မတဖြစ်ခွင့်ရှိဖို့  ဖွဲ့စည်းပုံအခြေခံပြင်ဖို့ လိုနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဆင်ဆာဖြတ်တောက်မှုတွေ လုံးမရှိသင့်တော့ကြောင်း ပြောသွားခဲ့ပါတယ်။ အနာဂတ်မှာ အစိုးရပြန်ကြားရေးန်ကြီးဌာန လိုအပ်ပါသေးလားဆိုတဲ့ ပရိသတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က

"ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ကို ရင်ဆိုင်ရဲတာဟာ ကျွန်မတို့ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ ရင့်ကျက်မှုဖြစ်ပါတယ်။ အစိုးရ ပြန်ကြားရေးန်ကြီးဌာနနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဆင်ဆာဖြတ်တောက်တဲ့ န်ကြီးဌာနမျိုးတော့ မရှိသင့်တော့ပါဘူး။ ပြန်ကြားရေးန်ကြီးဌာနဟာ သန်း ၆သော ပြည်သူတွေထံ သတင်းအချက်အလက် ပေးနိုင်တယ်ဆိုရင် န်ကြီးဌာနရှိခြင်းဟာကိစ္စမရှိပါဘူး" လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ သမ္မတရုံးန်ကြီး ဦးစိုးသိန်း၊ Rainfall အဖွဲ့က နိုင်ငံရေးအကျဉ်းသူဟောင်း  ဒေါ်ဇင်မာအောင် တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင် မယ့်အလား အလာ၊ မြန်မာ့နိုင် ငံရေး မှာ စစ် တပ်အခန်းကဏ္ဍ၊ ပြုပြင်ပြောင်း လဲရေး   နောက်ကြောင်းပြန်နိုင်ချေ ရှိမရှိနဲ့ လူနည်းစု တိုင်း ရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရိုဟင်ဂျာမွတ်စလင်ပြဿနာ၊ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှု စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာပါင်တဲ့ နိုင်ငံရေးသိပ္ပံကျောင်း တာန်ခံ ဒေါ်ဇင်မာအောင်ကတော့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အနည်းငယ်သာ ရရှိသေးကြောင်း အဓိကထား ပြောသွားပါတယ်။ 


From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>