Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သတင်းဋ္ဌာန အသုံးမကျတာနဲ့  -NLD -မဲမပေးရေး

$
0
0





တကယ်တော့ ကျွန်တော်စိတ်ပျက်နေတဲ့ အထဲမှာ မြန်မာပိုင်းဆိုင်ရာ လွှင့်ထုတ်နေတဲ့  နိုင်ငံခြားက သတင်းဋ္ဌါနတွေဘဲဖြစ်တယ် ။ သူတို့ တွေ လွှင့်ထုတ်နေတာဟာ မီဒီယာကျင့်ဝတ်နဲ့  ညီနေတာ တစက်မှု မရှိဘူးဆိုတာ ထင်ရှားနေတယ် ။ ရေဒီိယိုသတင်းတပုဒ်ကို လွှင့်ထုတ်မယ်ဆိုရင် သတင်းအတည်ပြုချက် ယူမှသာ သတင်းတိကျတယ် - ခိုင်မာတယ် - မှန်ကန်တယ်- ဆိုတာပြောလို့ ရတယ် ။ ခုတော့ မီဒီယာကျင့်ဝတ်ဆိုတာကို လုံးဝဆန့် ကျင်ဖီလာပြီး ရေးထုတ် လွှင့်ချင်သလို လွှင့်နေတယ်။ ဒီတော့ မဖြစ်သင့်တဲ့  သွေးထိုးလှုံ့ ဆော်မှုတွေဟာ ၀ါဒဖြန့် ချီမှုကြောင့် ဖြစ်ပေါ်လာရတာများတယ် ။
     အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ညီလာခံကျင်းပတာကို သိရတယ် ။ အဲဒီညီလာခံကအပြန်မှာ -RFA- သတင်းဋ္ဌါနက ထုတ်လွှင့်တဲ့  သတင်းအရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်အတွင်းမှာ နေထိုင်တဲ့  ရိုဟင်ဂျာမိသားစုတွေကို မိသားစုတစုလျှင် ခလေးနှစ်ယောက် ယူရမယ်ဆိုတာကို ညီလာခံကအပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ခွဲခြားဆက်ခံတာဖြစ်တယ်လို့  ပြောသွားကြောင်း မြင်ကြားရတယ် ။
  ကောင်းပါပြီ ။ RFA- သတင်းထောက်က ပြောသလို ရိုဟင်ဂျာမိသားစုလို့  သတင်းမေးတဲ့  အဲဒီသတင်းထောက်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး
သာ ရှိတယ်ဆိုတာ မသိဘဲ နေတာလား ။ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာ အစိုးရက အသိအမှတ် မပြုတဲ့  လူမျိုးကို တိုင်းရင်းသားလူမျိုး အဖြစ် သတ်မှတ်ချင်လို့  အခုလို ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ တာလား ဆိုတာ မေးခွန်းထုတ်ရပါတော့မယ် ။  လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနဲ့  ပြည်သူ့ ဆက်ဆံရေးအင်အားဦးစီးဋ္ဌါနကို မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုး ဘယ်နှစ်မျိုး ရှိသလဲဆိုတာကို အဲဒီသတင်းထောက်က  သတင်းအတည်ပြုချက် ယူဖို့  သင့်တယ် ။ ပြန်ကြားရေးဝန်ကြီးကသော်လဲ ယူဖို့ သင့်တယ် ။ ပြောရေးဆိုခွင့် ရှိတဲ့  တာဝန်ရှိသူများဆီကလဲ သတင်းအတည်ပြုချုက်ကို ယူသင့်တယ် ။ ခုတော့ ဘာမှ သတင်းအတည်ပြုချက် မယူခဲ့ ဘဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး အပြင် နောက်ထပ် လူမျိုး တမျိုးကို တိုးလို့  ကြေညာတာဟာ -RFA-VOA- တို့  ကို စဉ်းစားကြည့်ရင် လက်မခံနိုင်စရာဖြစ်တယ် ။
    ဒီတော့ကာ မီဒီယာဥပဒေကို ရေးဆွဲအတည်ပြု နေတဲ့  မီဒီယာသမားတွေ သတင်းစာဆရာတွေ စာရေးဆရာတွေကအစ အခုလို ဖြစ်နေတဲ့  ပြသနာကို ကန့် ကွက်ရမှာဖြစ်တယ်လို့  မြင်တယ် ။ မီဒီယာဆိုတာ လွပ်လွပ်စွာရေးခွင့် တခုတည်းကိုဘဲ မီဒီယာအခွင့်အရေးကို ကြည့်ပြောနေရတာမဟုတ်ဘဲ အခုလို နိုင်ငံတနိုင်ငံရဲ့  အမျိုးသားလုံခြုံမှုတွေ- အမျိုးသားယဉ်ကျေးမှု ထိပါးပျက်စီးမဲ့  အရာတွေ- အမျိုးသားအကျိုးစီးပွါးကို ထိခိုက်ပျက်စီးဆုံးရှုံးစေမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့  ဥပဒေနဲ့ အညီ ပြဋ္ဌန်းတားဆီးပေးရတာတွေ ရှိတယ် ။  နိုင်ငံတော်ကို အယုံအကြည် ပျက်စေတာတွေ -ပဋိပက္ခဖြစ်စေတာတွေကို တားဆီးကာကွယ်ပေးရတာတွေ- မီဒီယာကျင့်ဝတ်အရ သတင်းအတည်ပြုချက် ယူရတာတွေကို တည့်မတ်စွာ ပြုလုပ်ရတယ် ။
     ခုတော့ မြန်မာနိုင်ငံအတွင်းမှာ ဒီဥပဒေမျိုးက မရှိတော့ ရေးချင်ရာရေး ဖြစ်ချင်ရာဖြစ်နေတော့ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးရှိရာကနေပြီး ခုတော့ -၁၃၆-မျိုးဖြစ်အောင် ပြောဆိုရေးသားနေတာဟာ အစိုးရရဲ့ မီဒီယာဥပဒေထိမ်းချုပ်မှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ် ။ ဒီပြသနာကို အစိုးရက ငြိမ်နေလို့  မဖြစ်ဘူးဆိုတာ ပြောချင်တယ် ။ သမ္မတဦးသိန်းစိန်ကတောင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး ရှိပါတယ်လို့  ကြေညာထားတာကို ဘာကြောင့်များ အစိုးရဥပဒေအရ ဘာ့ကြောင့် ထိမ်းချုပ် မတားဆီးနေရမှာလဲ ။ ဒါဟာ ကျွန်တော်မေးချင်တဲ့  မေးခွန်းဘဲဖြစ်တယ် ။
   ဒုတိယအချက်အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥက္ကဋ္ဌဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တဦးရဲ့  မေးခွန်းကို မေးမြန်းရာမှာ သတင်းထောက်ပြောတဲ့ အတိုင်း ရိုဟင်ဂျာမိသားစု ဆိုတဲ့  စကားကို ကြားလို့  ဒီလူမျိုးကို လက်ခံပြီး ပြန်လည် ဖြေကြားခဲ့ လေသလားဆိုတာ စဉ်းစားစရာဖြစ်တယ် ။  သတင်းထောက်က မေးတဲ့ အတိုင်းသာ ဖြေကြားခဲ့ တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်လက်မခံ ကန့် ကွက်ကြောင်း ပြောပါရစေ ။  တကယ်လို့  သတင်းထောက်မေးရာမှာ အဲဒီလို လူမျိုးကို ထုတ်ဖေါ်ပြောဆိုပြီး မေးမြန်းခဲ့ တာမဟုတ်ဘဲ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ မိသားစု တစုလျှင် ခလေး နှစ်ယောက်သာ ယူရမယ်ဆိုတာကို လက်မခံဘူး-ဒါဟာ ခွဲခြားဆက်ဆံတာဖြစ်တယ် -လူ့ အခွင့်အရေးနဲ့ လဲ မကိုက်ညီဘူးလို့ သာ ဖြေကြားခဲ့ တယ်ဆိုရင် ကျွန်တော်တို့  ဘာမှ ကန့် ကွက်ပြောဆိုစရာ အကြောင်းမရှိဘူး ။
    ကောင်းပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အခုလို သတင်းထောက်တဦးက မေးမြန်းတာကို ချက်ချင်းသဘောမပေါက်ဘဲ တုန့် ပြန်ဖြေကြားလိမ့်မယ်လို့  ယုံကြည်ရမှာ ခက်ခဲလှတယ် ။  ဒီတော့ မိသားစုတစုလျှင် ခလေးနှစ်ယောက် ယူရမယ်ဆိုတဲ့  ဒေသန္တရအမိန့် ကို လက်မခံ- ခွဲခြားဆက်ဆံတာမျိုး မြင်တယ်လို့  ပြောရင်လဲ ပြောလို့ ရတယ် ။ သို့ ပေမဲ့  မြန်မာနိုင်ငံအတွင်းမှာ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ ရှိနေတဲ့  ဘင်္ဂလီလူမျိုးတွေနဲ့  ပါတ်သက်လို့  အခုလို ကောက်ချက်ချပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ပြောချင်ရာ ပြောနေတာကိုတော့ ကျွန်တော်တို့  အထူးစိတ်ပျက်မိတယ် ။ 
ကျွန်တော်တို့ အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးကြဖို့  ဘယ်လိုမှ တိုက်တွန်းချင်တဲ့  စိတ်မရှိတော့ဘူး ဆိုတာ ပြောချင်တယ် ။  ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရဲ့  အမျိုးသီလကို စောင့်ရှောက်ပြီး အမျိုးသားအကျိုးစီးပွါးကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ် ဆိုတာကို  နားလည်နေကြတယ်လို့  ပြောရင် တူသောအကျိုးကို ပေးတာဘဲလို့  ထင်မြင်ယူဆနိုင်ပါတယ် ။
 
From: .ခိုင်အောင်ကျော် ( နယူးယောက် )

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


ကလေးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးတရားစွဲခံရ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆေးစွမ်းအလွန်ထက်သော ကန်းဇော်ဆီ


Burmese to English Dictionary (Unicode)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>