“ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရရဲ့ ဘူးသီးတောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂါလီမိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွားခွင့် ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သံဃာတော် အပါး ၃၀၀ လောက်က ဦးဆောင်ပြီး လှည့်လည် ဆန္ဒဖော်ထုတ် တာဖြစ်ပါတယ်။ လူအင်အား ၂၀၀၀ ကျော် ပါဝင်ပါတယ်။ ၀င်္ကဘာ လမ်းကနေ စထွက်ပါတယ်။ မင်းဘာကြီး လမ်းကို ၀င်ပြီး မင်းဘာကြီး လမ်းကနေ မြောက်ဘက်ကိုသွားပြီး လမ်းမကြီးကနေပြီးတော့ ၀င်္ကဘာလမ်းကို ပြန်ဝင်ပါမယ်”ဟု လှည့်လည် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
ဘူသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီ လူဦးရေမှာ ရခိုင်ဒေသခံ များထက် အဆပေါင်းများစွာ ပိုမိုနေပြီး လူဦးရေ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း၊ ဘင်္ဂါလီ မိသားစုများ အနေဖြင့် တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ မွေးဖွားခွင့် ဒေသန္တရ အမိန့်ကို ၁၉၉၅ ခုနှစ်ကပင် စတင်ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
www.mmdailystar.com