တူရကီနိုင်ငံတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာနှင့် ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခ အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေဆဲဟု သတင်းများက ဖော်ပြခဲ့သည်။ တနင်္လာနေ့ နံနက် အစောပိုင်းက အချို့သော ဆန္ဒပြသူများသည် အာဏာရ AKပါတီ၏ ရုံးအဆောက်အအုံ အချို့အား မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်မှုများ ပိုမို ပြင်းထန်လာကြောင်း သိရသည်။
(၄)ရက်မြောက်နေ့အဖြစ် ဆန္ဒပြမှုများသည် အဓိက မြို့ကြီးများသို့ပါ ပျံ့နှံ့သွားခဲ့သည်။ အနောက်ဘက် ဆိပ်ကမ်းမြို့ အစ်ဇ်မာတွင် AKပါတီ၏ ရုံးအဆောက်အအုံ အချို့ကို မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့ပြီး ရုပ်မြင်သံကြား သတင်းများတွင် မီးလောင်နေသည့် ပါတီအဆောက်အအုံ တစ်ခု၏ ပုံကို ထုတ်လွှင့် ပြသခဲ့သည်။
မီးသတ်သမားများသည် ညပိုင်းတွင် တောက်လျှောက် အလုပ်များနေခဲ့ကြောင်း ဒိုဂန် သတင်းဌာနက ဆိုသည်။ ယခုဆန္ဒပြမှုများသည် အန်ကာရာနှင့် အီစတန်ဘူလ် မြို့ကြီးများတွင်လည်း ပျံ့နှံ့လာခဲ့သည်။
www.mmdailystar.com