Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗြိတိသျှ တပ်မတော်အကြီးအကဲ မြန်မာပြည်လာမယ်

$
0
0


ဗြိတိသျှ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်ဟာ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ပါမယ်။

အခုလို ဗြိတိသျှ တပ်မတော်အကြီးအကဲတဦးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ ၁၉၆၂ ခုနှစ် ဦးနေ၀င်းက အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အလည်အပတ်လာရောက်တာဖြစ်ပါတယ်။

ဆာဒေးဗစ် ရစ်ချတ်ဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာ နေထိုင်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ မြန်မာ့ တပ်မတော် အကြီးအကဲတွေ၊ စစ်ဗိုလ်ချုပ်တဖြစ်လဲ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိ သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဖို့ ရှိပါတယ်။

အခုလို ဗြိတိသျှ တပ်မတော်အကြီးအကဲ လာရောက်ဖြစ်လာတာကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက် က မြန်မာနိုင်ငံမှာ စစ် အုပ်ချုပ်ရေးတွေ အဆုံးသတ်ပြီး အရပ်သားအစိုးရတက်လာပြီး နောက်ပိုင်း
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာလို့ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Sky News HD သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

ဗြိတိသျှ တပ်မတော်အကြီးအကဲတဦးအနေနဲ့ မြန်မာစစ်တပ်နဲ့ စစ်သားချင်း ဆက်ဆံရေးကို အစိုးရချင်း ဆက်ဆံရေး ပုံစံမျိုး လုပ်တာဖြစ်မယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ှဆာ ဒေးဗစ် ရစ်ချတ်အနေနဲ့ မြန်မာစပ်တပ်အကြီးအကဲတွေနဲ့ တွေ့ရင် ဘာတွေ ဆွေးနွေးကြမလဲ၊ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့ ဘာတွေဆွေးနွေးကြမလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ပါ။

Photo: ဗြိတိသျှ တပ်မတော်အကြီးအကဲ မြန်မာပြည်လာမယ် Monday, June 03, 2013  ဗြိတိသျှ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်ဟာ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ပါမယ်။  အခုလို ဗြိတိသျှ တပ်မတော်အကြီးအကဲတဦးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ ၁၉၆၂ ခုနှစ် ဦးနေ၀င်းက အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အလည်အပတ်လာရောက်တာဖြစ်ပါတယ်။  ဆာဒေးဗစ် ရစ်ချတ်ဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာ နေထိုင်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ မြန်မာ့ တပ်မတော် အကြီးအကဲတွေ၊ စစ်ဗိုလ်ချုပ်တဖြစ်လဲ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိ သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဖို့ ရှိပါတယ်။  အခုလို ဗြိတိသျှ တပ်မတော်အကြီးအကဲ လာရောက်ဖြစ်လာတာကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက် က မြန်မာနိုင်ငံမှာ စစ် အုပ်ချုပ်ရေးတွေ အဆုံးသတ်ပြီး အရပ်သားအစိုးရတက်လာပြီး နောက်ပိုင်း  ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာလို့ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Sky News HD သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။  ဗြိတိသျှ တပ်မတော်အကြီးအကဲတဦးအနေနဲ့ မြန်မာစစ်တပ်နဲ့ စစ်သားချင်း ဆက်ဆံရေးကို အစိုးရချင်း ဆက်ဆံရေး ပုံစံမျိုး လုပ်တာဖြစ်မယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ှဆာ ဒေးဗစ် ရစ်ချတ်အနေနဲ့ မြန်မာစပ်တပ်အကြီးအကဲတွေနဲ့ တွေ့ရင် ဘာတွေ ဆွေးနွေးကြမလဲ၊ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့ ဘာတွေဆွေးနွေးကြမလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ပါ။  ဧရာဝတီBlog
From: ဧရာဝတီBlog

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>