Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မီးရှို့ ခံရသူရဲ့ သတင်းစကား

$
0
0

အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းကာ မီးရှို့သောကြောင့် ဒဏ်ရာများဖြင့် လားရှိုးဆေးရုံရောက်နေ
သည့် မအေးအေးဝင်းက ၎င်း၏ညီမထံ မေ ၂၈ ရက်ညဦးပိုင်းတွင် အကူအညီတစ်ခုတောင်းခံသည်။

မီးလောင်ဒဏ်ရာများကြောင့် သတိရတစ်ချက်မရတစ်ချက်မဖြစ်မီ ၎င်း၏ညီမ မခင်ဝင်းရီထံ တောင်း
သည့်အကူအညီမှာ ခံစားနေရသော ဒဏ်ရာများကို သက်သာစေရန် အတွက်မဟုတ်ပါ။ သူတက်နေသည့်
ဆေးရုံမျက်စောင်းထိုးရှိ ဗလီအပါ အ၀င်မြို့ရှိအဆောက်အအုံ အချို့မီးရှို့ခံနေရခြင်းကို သွားရောက်တား
ဆီးပေးရန်ဖြစ်သည်။

“အဲဒီလို မဖြစ်ကြပါနဲ့လို့ တားပေးပါ” ဟု မအေးအေးဝင်းက ပြဿနာများမကြီးထွားအောင် တားပေးရန် ညီမဖြစ်သူကို ပြောခဲ့သော စကားတစ်ခွန်းဖြစ်သည်။ စကား အနည်းငယ်ပြောပြီးနောက် မအေးအေးဝင်းသည် ဒဏ်ရာများကြောင့် သတိရတစ်ချက် မရတစ်ချက်ဖြစ်ကာ စကားသိပ်မပြောနိုင်တော့။

သို့သော် သူ၏ဆနမပြည့်ခဲ့။ ဘယ်သောအခါကမှ ကြီးကြီးမားမားပြဿနာမဖြစ်ခဲ့ဖူးသည့် လားရှိုးမြို့ တွင် မြန် မာနိုင်ငံ အလယ်ပိုင်းရှိ မိတ္ထီလာမြို့ကဲ့ သို့ဖြစ်ရပ်မျိုးဖြစ်ပွား မည်လားဆိုသည် မှာ ဒေသခံများအကြား စိုးရိမ်စိတ်များဝင်လျက်ရှိသည်။

ရှမ်းတိုင်းရင်းသားများ အများစု နေထိုင်ရာ လားရှိုးမြို့တွင် ယခုကဲ့သို့သော ပြဿနာဖြစ်မည် ကို ဘယ်သောအခါမှ မျှော်လင့်မ ထားခဲ့ဟု ရှမ်းတိုင်းရင်းသား အင်အားစုများကပြောသည်။

“ကျွန်တော် တော်တော်ရှော့ ဖြစ်သွားတယ်။ ရှမ်းပြည်နယ်မှာ ဒါမျိုးဖြစ်မယ်လို့ မထင်ခဲ့ဘူး”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ပြောကြားသည်။

သူကဲ့သို့ပင် မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကယ်ဆယ်ရေး စခန်းအတွင်း ခိုလှုံနေသည့်
မွတ်စလင်အမျိုးသားတစ်ဦးကလည်း ထိုအချက်ကိုသဘောတူသည်။

“၈၈ အရေးအခင်းမှာတောင် ဒီလိုမဖြစ်ဖူးဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုး သားတစ်ဦးကပြောသည်။အခုတော့ ယင်းကဲ့သို့ ပဋိပက္ခကို မကြုံဖူးခဲ့သည့် လားရှိုးတွင်လည်း ပြီးခဲ့သည့်လပိုင်းကဖြစ်ပွားခဲ့သည့် မိတ္ထီလာလိုပင် သွေးထွက်သံယိုမှုများဖြစ်ခဲ့ပြီဖြစ်သည်။

အမှုအခင်းတစ်ခု ကစတင်ပြီး မီးရှို့အကြမ်းဖက်သည်အထိ လူအုပ်ကြီးကို ဒေါသထွက်စေခဲ့သည်။ မိတ္ထီလာဖြစ်စဉ်လိုပင် ယင်းလူအုပ်ကြီး လက်ထဲ အသက်မဆုံးရှုံးစေရေးအတွက် အစ္စလာမ်ဘာသာဝင်များကို ဒေသခံ ရှမ်း၊ ဗမာ၊ တရုတ် စသည့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များက ၀ှက်ပေးခဲ့ကြသည်။

မိတ္ထီလာဖြစ်စဉ်လိုပင် အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူရာပေါင်းများစွာကို ဘုန်းတော်ကြီးများက ၎င်းတို့ ကျောင်းများထဲတွင် နေရာထိုင်ခင်းပေးကာ စောင့်ရှောက်ပေးခဲ့သည်။ ဒုက္ခသည်များကို ၎င်းတို့အသိမိတ်ဆွေ ရှမ်း၊ ဗမာ၊ တရုတ်စသည် ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များ လို အပ်သည့်အကူအညီများပေးခဲ့သည်။

မြို့ခံများအကြားရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည့် မြို့သည် မေ ၂၈ရက်အဖြစ်အပျက်မှစတင်ကာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက် ခဲ့သည်။ ရပ်ကွက်ပေါင်း ၁၂ရပ် ကွက်ရှိသော မြို့တွင် တစ်ဝက်ခန့် ရှိ နေအိမ်အချို့သည် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုများအတွက် သီတာ အေးရုပ်ရှင်ရုံ မီးရှို့ခံရမှုအပါအ၀င် ရပ်ကွက်ခုနစ်နှင့် ကိုးတို့ရှိ နေအိမ်များဖျက်ဆီးခံခဲ့ရသည်။

မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ သည့် လားရှိုးမြို့ကို မေ ၃၀ ရက်မှ စတင်ပြီး တည်ငြိမ်မှုများပြန်လည် ရရှိအောင် အာဏာပိုင်များက ထိန်းသိမ်းနိုင်ခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် နေရာများ၊လမ်းဆုံလမ်းခွနှင့် မြို့အ၀င်အထွက်ဂိတ်
များတွင်လက်နက်ကိုင် တပ်မတော်သားများစောင့်ကြပ်နေပြီး တစ်မြို့လုံးတွင် လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။

အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များက မေ ၃၀ ရက်မှ စတင်ပြီး တရားဥပဒေ စိုးမိုးရေးကို ခြိမ်ခြောက်လာပါက ပစ်ခတ်ကာ အခြေအနေထိန်းသိမ်းမည် ဟု ၎င်းတို့
ကတိပေးထားကြောင်း ဒေသခံများကပြောသည်။

လုံခြုံရေးအရ စိတ်မချရသည့် ရပ်ကွက်များအတွင်း မွတ်ဆလင် ဘာသာဝင်များအား တပ်မတော်ပိုင်ကားများဖြင့် လုံခြုံရေးရယူကာ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးလျှက်ရှိသည်။

အကြမ်းဖက်မှုများဖြစ်ပွားရန် လုပ်ဆောင်သည်ဟု သံသယရှိသူများကိုလည်း လိုက်လံထိန်းသိမ်းနေပြီး မေ ၃၀ ရက်တွင် သံသယရှိသူ ၁၃ ဦးကို ထပ်မံထိန်းသိမ်းသည်။ ထို့ကြောင့် ယခုအချိန်အထိ ထိန်းသိမ်း ခံရသူ ၃၈ ဦးရှိပြီဟု အာဏာပိုင်များ ကပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံ ရသူများအားလုံးသည် အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို လားရှိုးအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ပဋိပက္ခဖြစ်စဉ်များနှင့် မည်ကဲ့သို့ ပတ်သက်သည်ကို စစ်ဆေးနေကြောင်း နယ်မြေခံရဲအရာရှိကပြောသည်။

မအေးအေးဝင်း မီးရှို့ခံရသည့် အဖြစ်အပျက်သည် ကေအိုင်အေနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပသည့် အချိန်နှင့် တိုက်ဆိုင်ကာ ဖြစ်ပွားသောကြောင့် လည်း ရှမ်းတိုင်းရင်းသားနိုင်ငံရေး အင်အားစုများအကြားသတိဖြင့် စောင့်ကြည့် နေကြသည်။ ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေလုပ်ငန်းစဉ်များ ထိခိုက်မည်ကို စိုးရိမ်မိကြောင်း ရှမ်တိုင်းရင်းသားနိုင်ငံရေးအင်အားစုများကပြောသည်။

“တိုက်ဆိုင်တာက ရိုးရိုးသားသားလား။ ကြံစည်ထားတာလား၊ စဉ်စားဖို့ ကောင်းတယ်။အကြံအစည်ရှိတဲ့သူတွေ ကြောင့်ဖြစ်တယ်ဆိုလည်းသူတို့ရဲ ကျော့ကွင်းထဲကိုမ၀င်ဖို့ လိုတယ်။ မသမာသူလူတစ်စုရဲ့ လက်ချက်ကြောင့် ငြိမ်းချမ်းရေးပျက် သွား နိုင်တယ်။ တော်တော်သတိထားသင့်တယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြော
ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောသည်။

မိတ္ထီလာဖြစ်စဉ်နှင့် ခြားနားမှုတစ်ခုမှာ အစိုးရဘက်မှ လုံခြုံရေးကို ထိထိရောက်ရောက်ချက်ခြင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မိတ္ထီလာ ဖြစ်စဉ်နှင့် နောက်ထပ်ခြားနားမှုတစ်ခုဖြစ်စေရန်လည်း ဆုတောင်း နေမိကြောင်း မန်ဆူရှမ်းဘုန်းတော် ကြီးကျောင်းအတွင်းရှိ ကယ်ဆယ် ရေးစခန်းအတွင်းခိုလှုံ့နေသူများ ထံ
လာရောက်ကြည့်ရှုသည့် အမျိုးသား တစ်ဦးကပြောသည်။

“လူတွေထပ်မသေစေဖို့ ဆုတောင်းနေတယ်”ဟု အဆိုပါ အမျိုးသားက ၎င်း၏ ဆနကိုပြောပြီး လူသူကင်းမဲ့နေသည့် လမ်းများအတိုင်း ပြန်သွားခဲ့သည်။

“လူလူချင်းဘာသာပဲ ကွဲသွားတယ်။ ကောင်းသူရှိသလိုဆိုးသူလည်းရှိတယ်။ အပြစ်မဲ့တဲ့ လူတွေ အခုလိုဖြစ်တော့ စိတ်မကောင်းဘူး”မေ ၂၈ ညနေက မအေးအေးဝင်း တစ်ယောက်ဇာတိမြို့၏ အဖြစ်အပျက်များ မြင်တွေ့ကြားသိရပြီးနောက် ပြောသောစကားဖြစ်သည်။ ၎င်းကတော့ မေ ၃၀ ထိ ဒဏ်ရာများကြောင့် ခုတင်ပေါ်တွင် လှဲလျောင်းနေဆဲ။


From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>