ကျုပ် ဟိုနေ့က NLD ပါတီထဲ ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့တွေ ပြန်လည်ရွေးခံခွင့်ပြုခဲ့လို့ အမှားကြီးမှာခဲ့တာ ကို တင်ပြခဲ့ပါတယ်။ ဒီနေ့တော့ NLD ကိုချစ်ကြလို့ ဒေါ်စုကို အထောက်အကူပြု ဖို့ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံသယ်ပိုးကြဖို့ အတွက် တတ်သိနားလည်ကြတဲ့ ပါတီဝင်တွေ၊ အတွေ့အကြုံရှိ တဲ့ ပုဂ္ဂိုလ်တွေကို အမေစုနားကို ကပ်မရအောင် နည်းမျိုးစုံနဲ့ ကန်ချခဲ့ကြတာတွေ ကို ပြောပါ့မယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်စုရော ပါတီထဲ ထဲထဲဝင်ဝင်လုပ်ကြတဲ့ပုဂ္ဂိုလ
ပုသိမ်က ဦးညွန့်လှိုင်တို့အဖွဲ့၊ မန္တလေးက ဦးကိုကိုအောင်တို့အဖွဲ့၊ မြင်းခြံက Dr ဝင်းသူတို့အဖွဲ့၊ ရန်ကုန်က ဦးခင်မောက်ရှိန်၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့အဖွဲ့၊ တံတားဦးက Dr အောင်စိုးမြင့်တို့အဖွဲ့၊ နောက် မြောင်းမြ၊ ကော့သောင်း၊ ရွှေပြည်သာ၊ မြဝတီ၊ မြစ်ကြီးနား၊ နေပြည်တော်လယ်ဝေး၊ ရေစကြို၊ ကယားပြည်နယ် အများကြီးပေါ့ဗျာ။ နောက် ရှေ့နေကြီး ဦးအောင်သိန်းကို သိကြတယ်မဟုတ်လား။ ဒေါ်စုအကျယ်ချုပ်နေကတည်းက ဒေါ်စုရဲ့ကိစ္စအဝဝနှင့် NLD ရဲ့အကျိုးကို အမြဲဆောင်ရွက်ခဲ့တဲ့သူလေ။ ဒီလိုလူမျိုးကိုတောင်မှ ညီလာခံကျင်းပရေးကော်မရှင်အဖ
ကျုပ်သိတဲ့ မန္တလေးနှင့် မြင်းခြံကအဖွဲ့အကြောင်းကိုလ
လူရွှင်တော် နှုတ်ခမ်းမွေးဦးပါပါလေးဆိုတ
ဆရာမွေး တပည့်မွေး မွေးပြီး သူတို့ ပါတီတွင်းနေရာပြန်ရရေး မတရားကြိုးပမ်းနေတဲ့ ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့တွေ ကျဆုံးခန်း ရောက်တော့တာပေါ့။
ဒါကြောင့်မို့ ဆရာတော်ဦးဝီရသူကမိန့်တယ်။ NLD ဟာ ဝတ်အသင်းသာသာပဲရှိတယ် တဲ့။ ကျုပ်က ဆရာတော့်ကိုပြန်လျောက်လိုက်
ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို မူလရှိပြီးသားလူတွေက သူတို့နေရာပျောက်မှာစိုးလို့ ၊ ဒေါ်စုကို သူတို့လိမ်ချင်တိုင်း လိမ်လို့ မရမှာစိုးလို့ နည်းမျိုးစုံနဲ့ကန်ချတယ်။ ဒီတော့ ပါတီထိပ်တန်းနေရာတွေမှာလည်း ပြဿနာတွေမျိုးစုံနဲ့။ ဟုတ်မဟုတ် အသေအချာစဉ်းစားစေချင်ပါတယ်။ အခု ပါတီဗဟိုညီလာခံကြီးပြီးသွား ပြီ။ ရပ်/ ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာတော့ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ ဟုတ်ပါတယ်နော်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဒေါ်စုက ဥက္ကဋ္ဌ။ ဟုတ်ပြီ ဒု ဥက္ကဋ္ဌက ဘယ်သူလဲ၊ အတွင်းရေးမှူးတွေက ဘယ်သူလဲ၊ ဘဏ္ဍာရေးအဖွဲ့တွေက ဘယ်သူလဲ။ နေရာနှင့် တာဝန် သတ်သတ်မှတ်မှတ် ဘာဖြစ်လို့မရွေးချယ်နိုင်တာလဲ။ သဘောပါတယ်နော်။ ဒါတွေဟာ NLD အတွက် ဘယ်လောက်အရေးကြီးလဲ။ ပြည်သူချစ်တဲ့ပါတီဖြစ်တဲ့အတွက် ဘယ်လောက်အရေးပါမလဲ။ နောက် ဒေါ်စုအလုပ်မအားရဘူး၊ ပင်ပန်းတယ် မှန်ပါတယ်။ အဓိကကျတဲ့အချက်ကိုစဉ်းစားမိ ကြလား။ ဒေါ်စုအနားမှာ အားကိုးလောက်တဲ့ ရုံးလုပ်ငန်းတွေကို ကျွမ်းကျင်တဲ့ ဦးစီးအရာရှိတွေလိုတယ်နော်။
အခုတော့ တတ်သိနားလည်ပြီး တော်တဲ့လူတွေကို ဒေါ်စုနားမရောက်အောင် နည်းမျိုးစုံနဲ့ ကန်ချနေကြတယ်။ ပါတီတွင်း ကိုယ်လုပ်ချင်တာ လုပ်လို့ရအောင် ပါတီရဲ့စည်းကမ်း နည်းလမ်း ဥပဒေတွေကိုလည်း ဘာတစ်ခုမှ တိတိကျကျလုပ်ထားတာမရှိခဲ့လေ တော့ NLD အတွက် ရင်လေးမိတယ်။ ဒါတွေကို ဒေါ်စုနှင့် ထိပ်တန်းပါတီခေါင်းဆောင်တွေ သိကိုသိရမယ်။ အချိန်နဲ့တပြေးညီလည်း ပြင်ရမယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဒီပါတီတွင်းမှာတောင် စည်းစနစ်တကျ၊ ဒီမိုကရေစီနည်းတကျ မအုပ်ချုပ်နိုင်ရင် ၂၀၁၅ ခုနှစ် သမ္မတဖြစ်ချင်တဲ့ ဒေါ်စုရော၊ ဝန်ကြီးတွေဖြစ်ချင်နေကြတဲ့ ပုဂ္ဂိုလ်တွေရော ဝေလားဝေးပဲမောင်တို့။ ကျုပ်က အပုပ်ချတာမဟုတ်ပါဘူး။ ထောက်ပြတာပါ။ NLD ပါတီကြီးကို ထမရအောင်လုပ်ထားကြတဲ့အချက်ေ တွထဲ ဒါလဲ တစ်ချက်ပါနေပါတယ် ကွယ်တို့ရေ။
ဆက်လက်တင်ပြပါမယ်။
ဆက်လက်တင်ပြပါမယ်။
www.mmdailystar.com