Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည်ကို ရှုံ့ချတယ်၊ အမျိုးသမီးနဲ့ကလေးအခွင့်အရေး တောင်းချင်ရင် OIC မှာ သွားတောင်း ~ ရခိုင်တိုင်းရင်းသားတစ်ဦး

$
0
0
ကြိုတင် စီစဉ်ခြင်း၊ နောက်ကွယ်မှ ကြိုးကိုင်ခြင်းမရှိပဲ Facebook ပေါ်မှာ ကြော်ညာတစ်ခုကြောင့် မျိုးချစ်ရခိုင်လူငယ်အချို့ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ သွားရောက် စုဝေးခဲ့ကြပါတယ်။ အခကြေးငွေ ယူပြီး ဆန္ဒပြသူများ မဟုတ်သလို၊ ငွေကြေးထောက်ပံ့ပေးသူ မရှိတာကြောင့် ဘာဆိုင်းဘုတ်တစ်ခုမှ မကိုင်ပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူတိုင်း မထောက်ခံကြောင်း သိစေလိုသည့် ရည်ရွယ်ချက်ဖြင့်သာ ဆန္ဒပြဖို့ သွားခဲ့တာဖြစ်ကြောင်း ဆန္ဒပြ ရခိုင်လူငယ်တစ်ဦးကပြောပါတယ်။ 



 “ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ပြောချင်တာကတော့ သူပြောတဲ့စကားကို ရခိုင်တိုင်းရင်းသား အားလုံးက ရှုံ့ချပါတယ်။ သူမွတ်စလင်တွေဘက်က ရပ်တည်မယ်ဆိုရင်လည်း မွတ်စလင်နိုင်ငံဖြစ်တဲ့  ဆော်ဒီနိုင်ငံလိုနေရာမျိုးမှာ သွားပြီး အရင်ဆုံး အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အခွင့်အရေးသွားတောင်းလို့ ပြောချင်ပါတယ်။ OIC ရှိတဲ့နိုင်ငံမှာ အရင်ရအောင် သွားတောင်းပါ။ ပြီးမှ မြန်မာနိုင်ငံမှာ လာတောင်းလို့ ပြောချင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းကမီဒီယာများကို ပြောပါတယ်။
ဒီကနေ့ ရခိုင်လူငယ်တို့ လှုပ်ရှားမှုက များစွာထိရောက်ကြောင်းနဲ့ ၎င်းတို့ရဲ့ ဆန္ဒကို အမှန်တိုင်း ဖော်ထုတ်နိုင်ခဲ့တဲ့ အတွက် အထမြောက်တဲ့ ဆန္ဒပြပွဲ စစ်စစ် တစ်ခုဖြစ်ကြောင်း၊ ဆိုင်းဘုတ်တွေကိုင်ပြီး လမ်းလျှောက်တဲ့ ရုပ်ပြ ဆန္ဒပြပွဲများထက် ပိုမိုထိရောက်ကြောင်း ရခိုင်အမျိုးသား ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လေ့လာ စောင့်ကြည့်သူများကတော့ ယခု တစ်ကြိမ် လူထုခေါင်းဆောင်ဆိုတဲ့ လူရဲ့အိမ်ရှေ့မှာ ပြည်သူအချို့က မထောက်ခံကြောင်း လာရောက် ဆန္ဒပြတာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် အလွန် ရှက်စရာကောင်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သုံးသပ်ပါတယ်။
ယနေ့ အိမ်တိုင်ရာရောက် ဆန္ဒပြခံရခြင်းဟာ ဒုတိယအကြိမ် ဆန္ဒပြခံရခြင်းဖြစ်ပြီး ဥရောပ မှ သား၊ မြေးများထံမှ ပြန်လာစဉ်ကလည်း "ကုလားမ စုကြည်" ဟု ပြောဆို ဆန္ဒပြ ခြင်း ခံခဲ့ရဖူးပါတယ်။
 
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>