ည( ၇း ၃၆ )နာ ရီအခြေအနေ
“အခုလက်ရှိ အခြေအနေက -ကမ်ပွန်းဘုန်းကြီးကျောင်းမှာ မြန်မာ ၆၀- လောက် ရောက်နေပြီး။ ဆာလရန်းမှာ (ဘင်္ဂလား ဒေ့ရှ် )မှ လာသောဘင်္ဂလီ တွေကစုပြီးရိုက်တာ။ ၆ ယောက် သေသွားပြီ။ အရေးပေါ်ဆေးရုံ တင်ထား ရတာက ၈-ယောက် ရှိသွားပြီ။ ရဲများလာလျှင် ရှောင် ပြေးသွားပြီး ၊ ရဲတွေ ပြန်သွားတာနဲ့ ထပ်မံရိုက်နှက်အ ကြမ်းဖက် နေမှုများ ဖြစ်နေပါတယ်။”
-ကိုလှဋ္ဌေး (ကွာလာလမ်ပူ မြို့၊ ကမ်ပွန်းရိနာရေးကူညီမှု အသင်း အဖွဲ့ဝင် ) ဖုန်းနံပါတ် - ၀၁၆ ၂၅ ၄၁ ၁၃ ၅
ရှင်မင်းယာ
လောလောဆယ်သတင်းအရ အလောင်း ၅လောင်းအား ရဲကားဖြင့် သွားရောက်ကောက် ထားပြီး ပျောက်နေတာ အယောက် ၃၀ကျော်ရှိပါတယ်..
ပိတ်မိနေသော သူများလည်းရှိသောကြောင့် ကူညီကယ်ဆယ်ရေး အတွက်ကြိုးပမ်းနေကြပါတယ် အရင်နေ့တွေက ပြသနာအရှာခံရတဲ့ သူတွေကိုလည်း နေရာပြောင်းပေးထားပါတယ် ။
နာရေးအလောင်းများ မြေကျရန်လည်း အလှူငွေများလိုအပ်နေကြောင်းကြား
ဖြစ်နိုင်ရင် ဘယ်နေရာကိုမှ အရေးကြီးကိစ္စမရှိပဲ မသွားစေချင်ဘူး အထူးသဖြင့် ဆလာရန်း ကလန်း ဆရမ်ဘန်း အရပ်များသို့ မသွား ကြပါနဲ့ သတင်းမှန်ကြောင်း အာမခံပါတယ်။
ခုတော့ ခိုလှုံသူ ၁၀၀ နီးပါး ရှိနေပါတယ်။ ကွာလာလမ်ပူ(ကပ်ပုံး) က ဘုန်းကြီးကျောင်းကိုလည်း ရဲတွေစောင့်ပေးနေပါတယ်။photo မရသေးလို့ပါ..။
www.mmdailystar.com