Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အောင်ပွဲရ မြန်မာအမျိုးသမီးအသင်းကို ဆုကြေးများ ချီးမြှင့်မည်.

$
0
0
ပါလက်စတိုင်းနိုင်ငံတွင် မေလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပ
ခဲ့သော (၂၀၁၄) အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲတွင် ရှုံးပွဲမရှိ၊ ပေးဂိုး
မရှိ၊ အ၀ါကတ် အနီကတ်ပြသခံရခြင်းမရှိ ရမှတ် (၇)မှတ်ဖြင့် အုပ်စုဗိုလ်
နေရာမှ ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်
လိဂ် အသင်းပိုင်ရှင်များက ဂုဏ်ပြုဆုကြေးများ ချီးမြှင့်ပေးမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
နာယကဦးအောင်ကိုဝင်းမှ ကျပ်သိန်း (၁၅၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဥက္ကဋ္ဌဦးဇော်ဇော်မှ ကျပ်သိန်း (၁၅၀)၊ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အမျိုးသားဘောလုံး
အသင်း အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ(ဟံသာဝတီယူနိုက်တက်အသင်း
ဥက္ကဋ္ဌ)မှ ဦးအောင်မိုးကျော်ကျပ်သိန်း (၅၀)၊ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အမျိုးသမီး
ဘောလုံးအသင်း အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ(ဇွဲကပင်အသင်းပိုင်ရှင်)မှ
ဦးလှဌေးကျပ်သိန်း (၅၀)၊ဆီးဂိမ်းစ် ဘောလုံးအောင်နိုင်ရေး ကော်မတီအဖွဲ့
ဝင်များဖြစ်သော ဦးဖြိုးကိုကိုတင့်ဆန်း (နေပြည်တော် အက်ဖ်စီအသင်းပိုင်
ရှင်)မှ ကျပ် (၂၅)သိန်း၊ ဦးဇော်မင်းသိန်း (ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင်)
မှ ကျပ်(၂၅)သိန်း၊ ဦးဇော်ဝင်းရှိန် (ဧရာဝတီယူနိုက်တက်)မှ ကျပ်(၂၅)သိန်း၊
ဦးလှမျိုးမှကျပ် (၂၅)သိန်း၊ စုစုပေါင်းကျပ်သိန်း (၅၀၀) ဂုဏ်ပြုချီးမြှင့်ရန်
စီစဉ်ထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို
မေလ (၂၇)ရက်နေ့မှ မေလ (၂၉)ရက်နေ့အထိ အနားပေးထားပြီး မေလ
(၃၀)ရက်နေ့မှစတင်ကာလေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံချန်ပီယံရှစ်
ပြိုင်ပွဲနှင့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ရန်
ရှိသည်။ ထိုပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် လာမည့်ဇွန်လ
(၁၇)ရက်နေ့မှ ဇူလိုင်လ (၅)ရက်နေ့အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့ကို
သွားရောက်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

From: SkyNet TV Browser

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>