မေလ ၂၈ရက်နေ့မှစတင်၍ သုံးရက်ကြာပြုလုပ်သည့် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှု မေလ ၃၀ရက်နေ့
ညနေ ၄နာရီခွဲအချိန်တွင် ပြီးဆုံးသွားကာနှစ်ဖက်သဘောတူညီချက်
၇ချက်အား ထုတ်ပြန်လိုက်သည်။
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပြည်ပအဖွဲ့အစည်းများအဖြစ် ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားနှင့် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံရုံးမှ ဒုတိယသံရုံးတာဝန်ခံ မစ္စတာ လုဇီတို့ တက်ရောက် ကြရာ နောက်ဆွေးနွေးပွဲများတွင်လည်း ဖိတ်ကြားလိုသည့်အဖွဲ့များနှင့်
စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ရန်တို့ သဘောတူထားကြောင်း သဘော
တူညီချက် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားချက်အရ သိရသည်။
ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ သဘောတူညီချက် ၇ချက်မှာ-
(က)-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ
ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။
(ခ)-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊
တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန်
သဘောတူသည်။
(ဂ)-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့
ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။
(ဃ)-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့်
ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။
(င)-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်
ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။
(စ)-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို
ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန်
သဘောတူသည်။
(ဆ)-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့်
အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီ
သည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်
ရွက်သွားရန် သဘောတူညီသည်။
From: TMAငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုငြိမ်းချမ်းရေး

www.mmdailystar.com