၂၈-၅-၂၀၁၃ ညနေ ၄ နာရီ ၁၅ မိနစ် ခန့်တွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင် အမျိုးသား တစ်ဦးမှ ရှမ်းအမျိုး သ မီး တစ်ဦးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့မှု ကြောင့် နောက်ဆက်တွဲ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့ပြိး ပုဒ် မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အသက် ၄၈ နှစ် အရွယ် မူးယစ်ဆေးဝါး သုံးစွဲထားပုံရသည့် အ ဆိုပါ မူဆလင် အမျိုးသား၏ ကိုယ်တွင် စိတ်ကြွဆေးများ တွေ့ရှိရပြီး ၄င်း၏ အကြမ်းဖက်မှုအား ဒေါသ ထွက်နေသည့် လားရှိုး ဒေ သ ခံ လူငယ် ၂၀၀ ခန့်မှ ကမ္ဘောဇဘဏ်ရှေ့ ဗလီအား မီးရှို့ကြသဖြင့် နယ်ြေ မဒေ သအတွင်း ထိတ်လန့်စ ရာ အခြေအနေများ ဖြစ်လာခဲ့သည်။
ထိုအခြေအနေများကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဦးစီး အင်အား ၂၀၀ ကျော်၊ နယ်ြေ မ ခံ ရဲ တပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ တို့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်း၊ လုံခြုံရေး ဆောင်ရွက်ခြင်းများ ပြုလုပ် ခဲ့ကြ သည်။ ည ၉ နာရီ ခွဲ ၀န်းကျင်မှ လောင်ကျွမ်းခဲ့သော မီးမှာ ည ၁၀ နာရီခွဲခန့်တွင် မီးညွှန့် ကျိုးခဲ့ပြီး ၁၁ နာ ရီ တွင် မီးငြိမ်း ခဲ့ ကြောင်း သိရသည်။
ဆိုးရွားသည့် အခြေအနေများ ဆက်လက် မဖြစ်ပေါ်စေရန် အတွက် နယ်မြေခံ တပ်ရင်း(၂)ခုမှ လှည့်လည် ဆောင် ရွက် လျှက် ရှိသည်။ ရက်ပိုင်းအတွင်း လက်နက်များ ဖမ်းဆီးမိခြင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် အပင်ပန်းခံ လုံခြုံရေး လုပ်ဆောင်ပေးနေသည့် တပ်မတော်၏ ဆောင်ရွက်ချက်များအား မီဒီယာများ အနေ ဖြင့် ထည့် သွင်းဖော်ပြ ပေးမှသာ အခြေအနေမှန်များကို ပြည်သူများ သဘောပေါက်နိုင်မည် ဖြစ် သည်။
မနေ့ညက ဖြစ်ခဲ့သော လားရှိုးမြို့ အခြေအနေ
-----------------------------------------
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ် ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့သော ပဋိ ပက္ခကြောင့် အစ္စလာမ်ဘာသာ အဆောက်အအုံ နှစ်လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်း တွင် အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သန္နီလမ်းပေါ်၌ ဓာတ်ဆီရောင်းနေသော မအေးအေး ၀င်း (၂၄ နှစ်) (ရှမ်း/တရုတ်/မြန်မာ/ဗုဒ္ဓ) ကို ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်မှ ရောက်ရှိလာသူ နေ၀င်း (၄၈ နှစ်) (အိန္ဒိယ /တရုတ်/အစ္စလာမ်) မှ ဓာတ်ဆီလောင်းပြီး မီးရှို့ရန် ပြေးလိုက်သဖြင့် မအေးအေးဝင်းမှ ရတနာ တင်း တိမ် လမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုလမ်းအတွင်းမှာပင် မအေးအေးဝင်းမှာ မပြေးနိုင်ေ တာ့ဘဲ မိသွားစဉ် နေ၀င်းမှ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မြင်ကွင်းကြောင့် ပတ်ဝန်း ကျင် ရှိ ဒေသခံများက ထိုအစ္စလမ် ဘာသာဝင်ကို ၀ိုင်းရိုက်ခဲ့ကြကြောင်း၊ သတင်းကြားသည်နှင့် ရဲတပ် ဖွဲ့များ ရောက်ရှိလာကာ ဓာတ်ဆီလောင်း မီးရှို့သူ နေ၀င်းကို အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွာြးေ ကာင်း၊ ယင်းနောက် ဒေသခံ ၁၅၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် အမှတ် (၁) ရဲစခန်းရှေ့သို့ စု ရုံးေ ရာက် ရှိလာပြီး မီးရှို့သူ တရားခံကို ထုတ်ပေးရန် အော်ဟစ်ပြောဆို ခဲ့ကြကြောင်း မျက်မြင်ဒေ သခံများက ဆိုသည်။
"မီးရှို့တဲ့သူနဲ့ အရှို့ခံရတဲ့ မိန်းကလေးက နဂိုကတည်းက သိကြတာ မဟုတ်ဘူး။ မြင်လည်းမြင်ဖူးကြတာ မဟုတ်ဘူး။ ဒီဘာသာခြားကလည်း လားရှိုးမြို့ကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်၊ တည်းခိုခန်း တစ်ခုမှာတည်းတာ" ဟု The Daily Eleven ၏ လားရှိုးသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ဓာတ်ဆီလောင်း မီးရှို့ခံရသော မအေးအေးဝင်းသည် ခြေ၊ လက်နှင့် ဆံပင်များ မီးလောင်ကျွမ်းသွားပြီး လားရှိုးမြို့ ဆေးရုံကြီး၊ အရေးပေါ်ဌာနတွင် တင်ပို့ကုသထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက "ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်နေ နေ၀င်းနဲ့ ပြည်ထောင်စုလမ်းမကြီး နံဘေး၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးအနီး ဓာတ်ဆီဆိုင်ဖွင့် ရောင်းနေတဲ့ မအေးအေးဝင်းတို့ စကားများ ရန်ဖြစ်ရာက ခုလို ပြဿနာ စဖြစ်တာပါ။ နေ၀င်းကို ဖမ်းမိစဉ် ရှာဖွေတဲ့အခါမှာ သူ့ဘောင်းဘီအိတ်ထဲက စိတ်ကြွရူးသွပ်ဆေးပြား နှစ်ပြားတွေ့ရပါတယ်။ အခုလို ဓာတ်ဆီလောင်း မီးရှို့တဲ့ ဖြစ်စဉ်နဲ့ ပက်သက်လို့ မအေးအေးဝင်းရဲ့ဖခင် ဦးမောင်မောင် (ရပ်ကွက် ၈၊ နယ်မြေ ၁၅၊ နယ်မြေမှူး) ကပဲ တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။ ည ၇ နာရီခန့်မှာ မအေးအေးဝင်းရဲ့ ဆွေမျိုးငါးဦးခန့်နဲ့ သံဃာတော် ၁၀ ပါးခန့် ရဲစခန်းကို ရောက်လာပြီး တရားခံကို ထုတ်ပေးဖို့ ပြောရာကနေ လူ ၃၀ လောက် ဖြစ်သွားတယ်။ ဒါနဲ့ ည ၇ နာရီခွဲခန့်မှာပဲ တရားခံကို လားရှိုးအကျဉ်းထောင်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ယခု ဖြစ်စဉ်အပေါ် မကျေနပ်သော ဒေသခံတို့မှ ည ၇ နာရီခန့်တွင် လားရှိုးမြို့မဈေးကြီး အနီးရှိ အစ္စလာမ် ဗလီ တစ်လုံးကို မီးရှို့လိုက်ကြကြောင်း၊ ယင်းနောက် လမ်းမတော်လမ်းရှိ အစ္စလာမ်ဘာသာ စာသင်ေ ကျာင်း ကိုလည်း မီးရှို့လိုက်ကြကြောင်း၊ ယခု ၁၀ နာရီ ထိုးသည်အထိ အဆိုပါ အဆောက်အအုံများ မီးေ လာင် ကျွမ်းဆဲဖြစ်ပြီး စာသင်ကျောင်း နံဘေးရှိ ဈေးဆိုင်ခန်း ၁၅ ခန်းခန့်မှာလည်း မီးလောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ဓာတ်ဆီလောင်း မီးရှို့သူ တရားခံနေ၀င်းကို လားရှိုးမြို့နယ် အမှတ် (၁) ရဲစခန်းမှ (ပ) ၂၅၇/၂၀၁၃၊ ပြစ်မှု ဆိုင်ရာ ပုဒ်မ ၃၀၇/၄၃၆၊ ၃၂၆ နှင့် မယ(ပ) ၈၇/၂၀၁၃၊ မူး/စိတ် ၁၅/၁၆(ဃ) တို့ဖြင့် အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။
ထို့နောက် ရဲစခန်းရှေ့နှင့် မြို့ပေါ်အနှံ့ရှိ အဆိုပါကိစ္စကို မကျေနပ်ကြသည့် လူအုပ်စုကို သက်ဆိုင်ရာ တာ ၀န်ရှိ သူတို့က ည ၈ နာရီခွဲခန့်တွင် ထိန်းလိုက်နိုင်ပြီဖြစ်ပြီး ဗလီ၊ စာသင်ကျောင်းနှင့် ၎င်းအနီးရှိ ဈေးဆိုင် ခန်း များ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး က ဆိုသည်။
လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက်အသီးသီးတွင် ည ၉ နာရီ ခန့်ကတည်းက အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း၊ လောင်ကျွမ်းနေသော မီးမှာလည်း ည ၁၁ နာရီခန့်တွင် ငြိမ်းစပြုနြေ ဖစ်ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ယခု လားရှိုးမြို့ ပဋိပက္ခ ဖြစ်ပွားသောနေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO/KIA) ငြိမ်းချမ်းရေးအဖွဲ့တို့ မြန်မာနိုင်ငံအတွင်း ပထမဆုံး ငြိမ်း ချမ်းရေး ဆွေးနွေးသည့်နေ့နှင့် တိုက်ဆိုင်နေသည်။
လားရှိုးမြို့သည် တရုတ်လူမျိုးများပြီး အစ္စလာမ်ဘာသာဝင် နည်းပါးကြောင်း၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ နောက် ကွယ်၌ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ကို စုံစမ်းစစ်ဆေး ဖော်ထုတ် ၍ အများပြည်သူအား အသိပေးရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။
လက်ရှိ အစိုးရလက်ထက် ပထမဆုံး အဓိကရုဏ်း ဖြစ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ရခိုင်ပြည်နယ် ပဋိ ပက္ခ များ၏ အစပြုရာ မေ ၂၈ ရက်နေ့ မသီတာထွေး အသတ်ခံရမှု ဖြစ်စဉ်သည် မေ ၂၇ ရက်တွင် အိန္ဒိ ယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာပြည်သို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းေ ဆာင် ရွက်ေ ရး ကိစ္စများ လာရောက်ဆွေးနွေးမှုနှင့် တိုက်ဆိုင်နေသည်။ ယင်းမတိုင်မီ မေ ၁၇ ရက်ကလည်း အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဖိတ်ခေါ်မှုကြောင့် အမေရိကန်သို့ ရောက်ရှိေ နသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာ ပိတ်ဆို့ ကန့်သတ် မှုများကို ဆိုင်းငံ့သည့် အမိန့်အား သမ္မတအိုဘားမားက ထုတ်ပြန်ပေးမည်ဟု ဟီလာရီကလင်တန်က ပြောကြား ခဲ့သည်။
၂၀၁၃ ခုနှစ် မတ် ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ကာ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များထိ ကူးစက် ခဲ့သော ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရာ ယင်းမတိုင်မီ မတ် ၁၂ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန် သည် လည်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသည့် အချိန်အ တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
www.mmdailystar.com