လက်ရှိအချိန် လားရှိုးမြို့ အခြေအနေမှာ ပုဒ်မ ၁၄၄ ထုတ်ထားသဖြင့် တည်ငြိမ်လျှက်ရှိကာ ဖြစ်စဉ်အသေးစိတ်အား အစိုးရမှ စုံစမ်းစစ်ဆေး မည်ဖြစ်ပြီး ကော်မရှင် ဥက္ကဌ တာဝန် အား ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးနိုင် ကြောင်း နေပြည်တော်မှလာသော သတင်းများမှ သိရှိရပါတယ်။
အဆိုပါ လားရှိုးမြို့ ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည့် သတင်းကြောင့် ဗုဒ္ဓဘာသာဝင် ပြည်သူအချို့မှ သဘောမကျသည့် လေသံများထွက်နေပြီး ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်လျှက်ရှိကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင်တုန်းက နိုင်ငံတွင်းပြဿနာများမှာ ပါဝင်လိုကြောင်း နဲ့ အစိုးရက မခေါ်လို့ မပါဝင်ရကြောင်း အကြိမ်ကြိမ်ပြောခဲ့သော်လည်း လက်ပံတောင်း ပြဿနာအား ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင် ဥက္ကဌအဖြစ် ပါဝင်ခွင့်ပြုလိုက်ရာ ယနေ့အထိ ပြဿနာ မပြေလည်ပဲရှိနေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဖက်က ပါဝင်လိုကြောင်း လုံးဝ မပြောတော့တာကို တွေ့ရပါတယ်။
ယခု လားရှိုးပြဿနာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌ တာဝန် ပေးပါက ပြဿနာ မပြေလည်သည့်အပြင် အရည်အချင်းညံ့ဖျင်းမှုကြောင့် ပြဿနာ ပိုမိုကြီးထွားလာနိုင်ကြောင်းနဲ့ အမှန်တကယ် တာဝန်ပေးပါက ကုလားက မြန်မာကို မီးရှို့ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည် လက်မခံပဲ ရှောင်ထွက်သွားနိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။
လက်တလောတွင် ကြူခုံက အမှတ် (၇)၊ နယ်မြေ (၁၇)မှာ တည်ရှိပြီး၊ မူဆလင် (၅)ယောက်ကလည်း အမှတ် (၇)၊ နယ်မြေ (၁၇)ကပဲ ဖြစ်ပါတယ်။ နာမည်များမှာ ၁။ ဇော်ဝမ်း၊ ၂။ ဇော်မင်း၊ ၃။ ထွန်းလွင်ဦး၊ ၄။ ထွန်းနိုင်၊ ၅။ သိန်းထိုက်စိုးတို့ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ထိုးကြိတ် ရိုက်နှက်မှုကြောင့် မောင်ဆန်းဝင်းမှာ ခေါင်း ဒဏ်ရာ (၉)ချက်ချုပ်ရပြီး ဒေါ်အေးဝင်းနှင့်အတူ ဆေးရုံ တက်ကုသနေပါတယ်။
ကိုနေဝင်းမှာ ကျိုင်းတုံက လာသူဖြစ်ပြီး လားရှိုးမြို့ထဲမှာ ပြဿနာရှာ သောင်းကျန်းနေတာ ၄/၅ ရက်ရှိပြီလို့ သိရပါတယ်။ ရဲက ခဏဖမ်းထိန်းထားပြီး အချုပ်မှ လွတ်တာ မကြာသေးဘူးလို့ သိရပါတယ်။
၁၄၄/ ထုတ်ပြီးနောက် ၁၀း၂၀ နာရီမှာ လူစုကွဲသွားပြီး မီးသတ်ကလည်း မီးငြိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြို့မဗလီနှင့်ကပ်လျက် မြို့မဈေးကို မီးကူးစက်သွားတာ ခုချိန်ထိ မငြိမ်းသေးပါဘူး။
၁၁း၀၀ နာရီခန့်မှာ လေးငါးဆယ် အင်အားရှိတဲ့ လူစုဟာ ပျောက်ကြားအသွင်ဆောင်လာကြပြီး မီးရှို့ဖျက်ဆီးကြလို့ ရပ်ကွက် (၉)မှ ဗလီတစ်ခု မီးလောင်သွားပါတယ်။ စိန်ကြယ်ဒံပေါက်ဆိုင်၊ လာရှိုး ဓါတ်ပုံတိုက်တို့ အဖျက်ဆီးခံရပြီး ဒန်အိုး ဒန်ခွက်ဆိုင်တန်းလည်း အဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
www.mmdailystar.com