Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မူ သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

$
0
0
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူး သီးတောင်နှင့်    မောင်တော   မြို့နယ်များတွင် နေ ထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူ အေ ပါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း ပြောဆိုသည့် သတင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာတိုင်း လိုလို တွင် ယနေ့ ဖေါ်ပြသည်။
 
 
နိရဉ္စရာ သတင်းဌာနမှ ယနေ့ လက်ခံရရှိသော ဘင်္ဂလာဒေခ်ျ့မှ နာမည်ကြီး နေ့စဉ် သတင်းစာများ ဖြစ်ေ သာ (၁) The Daily Star (၂) The Independent (၃) New Age သတင်းစာများတွင် အဆိုပါ သတင်းကို အကျယ် တ၀င့် ဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်မှ သူမ အနေဖြင့် ယခု ဒေသန္တရ ဥပဒေကို ပြဌာန်း ထားသလား၊ မထား ဘူးလား ဆိုသည်ကို သေချာစွာ မသိကြောင်း၊ အကယ်၍ ပြဌာန်းသည်ဆိုပါက ယခု ပြဌာန်းမူသည် ဒေသအတွင်းမှ မွတ် ဆလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာ ရောက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြစ် တင် ဝေဖန် လိုက်ကြောင်း သတင်းစာများက ဆိုသည်။
“ Suu Kyi Slams 2- Child Limit for Muslims” ခေါင်းစည်းဖြင့် ရေးသားထားသော အေအက်ပီ သတင်း ကို The Independent သတင်းစာက ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ မွတ်ဆ လင် မိသား တစု ကလေး နှစ်ဦးသာ ယူရမည့် အမိန့် အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ယခု လုပ်ရပ် မှာ လူ့အခွင့်အရေးကို ချိုးဖေါက်သော လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဖေါ်ပြသည်။
ယခုလို ခွဲခြားမူက မကောင်းကြောင်း၊ ယခုလို ခွဲခြားမူမှာ လူ့အခွင့်အရေးနှင့်လည်း ဆက်စပ် လျော်ညီမူ မရှိေ ကြာင်း ဒေါ်စုက ပြောသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မွတ်ဆလင် လူဦးရေ အဆမတန် တိုးပွား လာ မူ ကို တားဆီးရန် ရည်ရွယ်ပြီး မိသားစု တစ်စု ကလေး (၂) ဦးသာ ယူရမည်ဟု ဒေသန္တရ ဥပဒေကို ၁၉၉၀ ခုနှစ်ကပင် ထုတ်ပြန်ပြီး န၀တနှင့် နအဖ စစ်အစိုးရတို့က ကျင့်သုံးလာခဲ့သည်။ လက်ရှိ အစိုးရ လက်ထက်တွင်လည်း လူဦးရေကို ထိန်းချုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက အဆိုပါ ဒေ သန္တရ ဥပဒေကို ဆက်လက်ကျင့်သုံးမည်ဟု များမကြာမီက ထုတ်ဖေါ်ကျေညာခဲ့သည်။
From: နိရဉ္စရာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>