Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဂျပန် ၀န်ကြီးချုပ်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ပြီး ဘာတွေ ပြောခဲ့လဲ

$
0
0
ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုဘာဘေးနဲ့ ဂျပန်ကိုယ်စားလှယ် အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ယနေ့ 
နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ 



အဲဒီလိုတွေ့ဆုံကြရာမှာ  ရန်ကုန်တက္ကသိုလ်နှင့် နာဂိုယာ တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်-မြန်မာ ဥပဒေရေးရာ သုတေသနဋ္ဌာန (Japan-Myanmar Legal Center) တည်ထောင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကူညီပံ့ပိုးပေးရေး ကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာ 
ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ရုံး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
ဒီအပြင် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ/ အတတ်ပညာ အကူ အညီပေးရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများအတွက် အသေးစား
ငွေကြေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မြို့ပြစီမံကိန်း ရေးဆွဲမှု၊ မြို့ပတ်ရထားလမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး နှင့် ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံတွင် မော်တော်ကား စက်ရုံများ တည်ဆောက် ထုတ်လုပ်ရေး ကိစ္စတွေလည်း ၂ နိုင်ငံ ခေါင်းဆောင်တွေက  ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် တို့ဟာ ၂ နိုင်ငံဆိုင်ရာ စာချွန်လွှာလက်မှတ်ထိုးပွဲတွေကို တက်ရောက်ကြပါတယ်။ 
စာချွန်လွှာရေးထိုးကြရမှာ ပညာသင်ဆုပေးရေး၊ ရန်ကုန်မြို့တော်ရေပေးရေးစနစ်စတဲ့ ကဏ္ဍတွေကို ဂျပန်က ကူညီပေးသွားမယ့် ကိစ္စလည်း ပါဝင်ပါတယ်။
"ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်း သုံးရပ်အတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ ဂျပန်ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံအား ပေးအပ်ရေးအတွက် လဲလှယ်မှု စာချွန်လွှာ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် ဂျပန်ယန်း ၁၂ ဒသမ ၅ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် နောက်ကျကြေး ဂျပန်ယန်း ၁၇၆ ဒသမ ၁ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာတို့ကို ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်နှင့် ဂျပန်နိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်"လို့လည်း သမ္မတ ရုံး ၀က်ဆိုက် မှာ ဖော်ပြထားပါတယ်။
ဂျပန်-မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အနက် သီလဝါ အထူးစီးပွားရေးဇုန် ကိစ္စလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင်အထည်
ဖော်ခဲ့ပြီး ယန်းချေးငွေသစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရန် ဂျပန်အစိုးရက ဆုံးဖြတ်ပေးခဲ့သည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

ဒီအပြင် ဂျပန်ဘက်က အကူအညီတွေ ထပ်ပေးမယ့် ကိစ္စတွေကိုလည်း သမ္မတရုံးဝက်ဆိုက်မှာ အခုလို ဖော်
ပြထားပါတယ်။ 
"ဂျပန်အစိုးရ အနေဖြင့် ထပ်မံကူညီ ပေးမည်ဖြစ် ပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ ပြည်သူတို့၏ လူမှုဘဝ မြင့်မားရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ် စသည့် ကဏ္ဍ များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် ယန်းငွေ သန်း (၉၁၀၀၀) ဖြင့် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင်လည်း နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု အပါအဝင် အဘက်ဘက်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် အတွေ့အကြုံ နှင့် နည်းပညာကြွယ်ဝသည့် ဂျပန်နိုင်ငံတို့ အနေဖြင့် အနာဂတ် တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်" လို့ ဆိုပါတယ်။ 
 
From:ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>