Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Eleven Media Group က ဒေါက်တာဆိတ်ဖွား ကို တရားစွဲမည်

$
0
0

ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်၍ ခေါ်ယူစုံစမ်းသူများအနက် တစ်ဦးမှာ ဒေါက်တာဆိတ်ဖွား သည် မိ မိဖြစ်ကြောင်း ဝန်ခံသွားပြီ ဖြစ်သောကြောင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒေါက်တာ ဆိတ် ဖွား အား ဖော်ထုတ်ပြီးပါက Eleven Media Group မှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း Eleven Me- dia Group ၏ Managing Director ဒေါက်တာသိန်းမြင့်က ပြောကြားခဲ့သည်။
ဒေါက်တာဆိတ်ဖွား ဆိုသူအား စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဖော်ထုတ်တော့မည်ဖြစ်သဖြင့် အဆိုပါ ဒေါက်တာ ဆိတ်ဖွား ဆိုသူနှင့် ၎င်းနှင့်ပတ်သက်သည့် အဖွဲ့အစည်းကိုပါ တရားမကြောင်း အရ လည်းေ ကာင်း၊ရာဇာဝတ်ကြောင်းအရ လည်းကောင်း တရားစွဲဆိုသွားမည်ဖြစ်ပြီး ကော်မရှင်မှ ဖော်ထုတ် လိုက်သာ ဒေါက် တာ ဆိတ်ဖွား စစ်မှန်ခြင်း ရှိ၊ မရှိကိစ္စသည် လွှတ်တော်နှင့် စုံစမ်းစစ်ဆေးရေးကော် မရှင် ၏ ဂုဏ်သိ က္ခာနှင့် သက်ဆိုင်ကြောင်း ဒေါက်တာသိန်းမြင့်က ပြောကြားခဲ့သည်။
ဒေါက်တာဆိတ်ဖွားကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းအပြင် ၎င်း ကိုယ်တိုင် သွားရောက်ထွက်ဆိုခဲ့ရခြင်းဖြစ်ပြီး အဆိုပါကိစ္စအား လွှတ်တော်မှ အချိန်ကုန်၊ ငွေကုန်ခံကာ စုံစမ် ဖော်ထုတ်ခဲ့ရသောကြောင့် အမှန်တရားတစ်ခု ရရှိလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဒေါက်တာဆိတ်ဖွားဆိုသူသည် ဇန်နဝါရီလ ၁၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် Above the law ဟူသော ဆောင်း ပါးအား ရေးသားခဲ့ပြီး အဆိုပါဆောင်းပါးသည် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသေြာေ ကာင့် ဒေါက်တာဆိတ်ဖွားအား အရေးယူပေးပါရန် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကမာ ရွတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင် က အဆိုတင်သွင်း ထားခြင်း အား လွှတ်တော်မှ လက်ခံကာ ဇန်နဝါရီလ ၁၇ ရက်နေ့က စုံစမ်းစစ်ဆေးရေး ၏ ကော်မရှင်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် က ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒေါက်တာဆိတ်ဖွား အားဖော်ထုတ်နိုင်ရန်အတွက် နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင် ခဲ့သော ဝန်ထမ်းဟောင်းများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဌာနမှ ဝန်းထမ်း အ ချို့နှင့် ဂျာနယ်လစ်များ၊ ဘလော့ဂါအချို့အား ခေါ်ယူမေးမြန်းခဲ့ကြောင်းသိရှိရသည်။
ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်၍ ခေါ်ယူစုံစမ်းသူများအနက် တစ်ဦးမှာ ဒေါက်တာဆိတ်ဖွား ဖြစ်ကြောင်း ဝန်ခံ ခဲ့ပြီ ဖြစ်သောကြောင့် မကြာမီတွင် မည်သူသည် ဒေါက်တာဆိတ်ဖွားဖြစ်သည်ကို လွှတ်တ်ာမှ ထုတ်ြ ပန်ေ ပး သွားမည်ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးလှဆွေက မေ လ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
From:Yangon Chronicle

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>