ပုသိမ်မြို့၊(၆) ရပ်ကွက် ဘန့်ဘွေးကုန် လမ်းမကြီးအား ၂၀၁၂-ခုနှစ်ကတည်းက ကွန်ကရစ်ခင်းခြင်း လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်ပုသိမ်
ငွေကြေးကောက်ခံရာတွင် ငွေကြေးတတ်နိုင်သူများနှင့် မတတ်နိုင်သူများကြားညီညွတ်မှုမရှိဘဲ အခက် အခဲ ဖြစ်ပေါ်ခဲ့ သည့်အတွက် ငွေကြေးထည်ု့ဝင်သူများ၏ နေအိမ်ခြံဝင်းရှေ့လမ်းများကိုသာ ကွန်ကရစ် ခင်းခြင်း ဆောင်ရွက်ခဲ့သဖြင့် လမ်းမှာ အပိုင်းပိုင်းပြတ်ခင်းထားခြင်း၊ လမ်းတစ်ခြမ်းတည်း ခင်းထားခြင်း တို့ကြောင့် လမ်းသွားလမ်းလာပြည်သူများအနြေ ဖင့်အခက်အခဲများဖြစ်ပေါ်လျှက်ရှိ ပါသည်။ ကနဦးလမ်း ခင်းရာ တွင် လမ်းကော်မတီမှကောက်ခံရရှိငွေ ၈၂၇၅၀၀၀ိ/-ဖြင့်သာကွန်ကရစ်ခင်း ထားခြင်းဖြစ်ပြီး စည်ပင်သာယာရေး အဖွဲ့မှအချိုးကျထည့်ဝင်ရမည့် ၂၅ % မပါရှိသေးကြောင်း သိရပါသည်။ အထက်ပါအတိုင်းဘန့်ဘွေးကုန်းလမ်း မကြီးကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းကို ဆက်လက်ဆောင် ရွက်နိုင်ခြင်း မရှိသည့်ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူ ပုသိမ်မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ AE ဦးမျိုးကြည် နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် အကြိမ်ကြိမ်ချိန်း ဆိုပျက်ကွက်ေ နသဖြင့် လုပ်ငန်းဆက် လက်ဆောင်ရွက် နိုင်ခြင်းမရှိပါ။ထိုအပြင် ဧရာဝတီတိုင်းဒေသကြီး စည်ပင် ညွှန်မှုး နှင့် ပုသိမ်မြို့နယ် စည်ပင်အမှုဆောင် အရာရှိ တို့မှလည်းလာရောက်ကြည့်ရှုခြင်း၊ တွေဆုံညှိနှိုင်းဆောင် ရွက်ပေြး ခင်းများမရှိကြ ပါ။ လမ်းကန်ထရိုက်တာ ဦးကျင်ဆိုင်မှာလမ်းကော်မတီဥက္က ဌအဖြစ်တာဝန် ယူထားသော် လည်း စည်ပင် သာယာရေးအဖွဲ့နှင့်နီးစပ်သူဖြစ်ေ သာကြောင့်ကောက်ခံရ ထားငွေနှင့် ဆက်လက်ဆောင် ရွက်ရန်နှောင့်နှေး ကြန့်ကြာနေကြောင်း သိရပါသည်။
လမ်းနေပြည်သူများမှ(၇၅%)ထည့်ဝင် ရမည့်ငွေ၁၂၂၁၇၅၀၀ိ/- အနက် ၈၂၇၅၀၀၀ိ/- ထည့်ဝင်ခဲ့ပြီးဖြစ်၍ လမ်းအမြန်ပြီးစီးရေး အတွက် ကျန်ငွေ ၃၉၄၂၅၀၀ိ/- ကိုထည့်ဝင်ရန်ဆန္ဒရှိနေကြပါသည်။ ယခုအခါမိုးရာ သီရောက်ရှိရန်နီး ကပ်လာသည်နှင့်အမျှကျောင်းမျာြး ပန်လည်ဖွင့်တော့မည်ဖြစ်၍ အဆိုပါလမ်း အားအားကိုး အားထားပြုသွားလာေ နကြရသော အောင်ချမ်းသာ၊နှစ်ထောင်တန်၊ဇေယျ ၀တီ၊ဧရာမင်း ၊ ဝေဠုဝန်၊စ သည့်ရပ်ကွက်နေပြည်သူများ၊ကျောင်းသား/ကျောင်းသူများများမှာ သွားလာမှုအခက်အ ခဲရှိနေသ ည့် အတွက်စိတ်မချမ်းမြေ့မှုများဖြစ်ေ ပ်ါလျှက်ရှိရပါသည်။
ထိုကြောင့်ဘန့် ဘွေးကုန်းလမ်းမကြီးကွန်ကရစ်ခင်းခြင်း လုပ်ငန်းအားစည်ပင်သာယာရေးအဖွဲ့ ကိုသာ အားကိုးခြင်း မပြု ဘဲ သက် ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ လမ်းကော်မတီနှင့် ပူးပေါင်းကာအမြန်ဆုံး အကောင် အထည် ဖေါ်ဆောင် ရွက်ပေးရန်လိုလားလျှက် ရှိကြောင်း တာဝန်ရှိသူအကြီး အကဲများ သိရှိလမ်း ညွှန်နိုင်စေ ရန် တိုင်ကြားအပ်ပါသည်။
www.mmdailystar.com