Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံ့အရေးကို ဆိတ်ဖမ်းသလို အားထုတ်ပါ လွှတ်တော်

$
0
0

လက်ရှိ အစိုးရရဲ့ သွားနေတဲ့ နည်းစနစ်တွေထဲမှာ သဘောမကျတာ တစ်ခုကို ပြပါဆိုရင် အစိုးရ ဌာနတွေမှာ ပစ္စည်းတစ်ခုခု လိုလာတဲ့အခါ တင်ဒါခေါ်ပီး ဝယ်ယူတဲ့ကိစ္စ.... ယခင်က စီးပွားရေး ပိတ်ဆို့မှုကြောင့် လိုအပ်တဲ့စပါယ်ယာ ပစ္စည်းတွေကို ကြားပွဲစားကနေတစ်ဆင့် ဝယ်ယူရတယ်...... ဒီမှာ မလိုလားအပ်တဲ့ စနစ်တွေ ထပ်ပိုးလာတဲ့အတွက် လာဘ်စားမှု တစ်သီတစ် တန်းကြီး ဖြစ်စေသ လို၊ နိုင်ငံတော်အတွက် မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ် လာစေတယ်.......

ဘာကြောင့်လည်းဆိုတော့ တင်ဒါအောင်ဖို့အတွက် တင်ဒါတင်တဲ့လူဟာ ဆိုင်ရာ ပိုင်ရာတွေကို ကန်တော့ရတယ်...... ဒီကနေ လာဘ်စားမှု စတင်တယ်...... နောက် တင်ဒါအောင်ပီး လုပ်ငန်းလုပ်ကိုင်ပီး ငွေအကြေချေတဲ့အခါမှာ အစိုးရ ထုံးစံအတိုင်း အရစ်ကျ ပေးတယ်..... ဒီအတွက် အရစ်ကျ ပေးချေတာ မြန်မြန်ရစေဖို့ လုပ်ငန်းရှင်က သက်ဆိုင်သူကို ထပ်ပီး လာဘ်ထိုးရတယ်..... ဒီအတွက် လာဘ်စားမှု အဆင့်ဆင့် ဖြစ်ခဲ့ရတယ်......

တစ်ခြားဘက်က ပြန်စဉ်းစားရင် ဒီ လုပ်ငန်းရှင်ဟာ အရှုံးခံပီး အစိုးရရဲ့ တင်ဒါကို လုပ်ပေးနေသလား မေးစရာ ရှိလာတယ်...... လူတွေဟာ သွေးနဲ့ သားနဲ့ကိုယ် ဖြစ်တဲ့အတွက် အမြတ်အစွန်းမရရင် လုပ်လေ့မရှိပါဘူး..... ဒီလို လာဘ်ထိုးဖို့တွေ၊ လုပ်ငန်းပီးလို့ အရစ်ကျ ပေးလာမယ့် ပိုက်ဆံတွေရဲ့ ငွေခေါင်းကွဲမှု၊ ကြာမြင့်တဲ့ အချိန်ကာလပေါ်မှာ တက်လာမယ့် အတိုးတွေကို တွက်ချက်ထားတဲ့ လုပ်ငန်းရှင်အနေနဲ့ တင်ဒါခေါ်တဲ့ ပစ္စည်းရဲ့ မူရင်းဈေးနှုန်းရဲ့အပေါ်မှာ အဆိုပါ ကုန်ကျငွေ အစုစုကို ထပ်ပိုး (Markup) တင်ထားပါတယ်..... တင်ဒါစနစ်ဖြစ်ပေမယ့် မိမိလေလံအောင်ဖို့ ထိုးကြွေးထားသူတွေအနေနဲ့ ကျန်တဲ့ တင်ဒါတွေကို ယှဉ်ပြိုင်ဖို့ မလိုတော့ပါဘူး......

ဒီအတွက် နိုင်ငံတော်အနေနဲ့ ပစ္စည်းတစ်ခု ဝယ်ယူတိုင်း၊ လုပ်ငန်းတစ်ခု အပ်လိုက်တိုင်းမှာ အမှန်တကယ် ကုန်ကျငွေထက် အဆပေါင်းများစွာ ပေးနေရသလို ဖြစ်နေပါတယ်..... သို့ဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် မလိုလားအပ်တဲ့ ငွေကြေးဆုံးရှုံးမှု ဖြစ်စေသလို နိုင်ငံရဲ့ တကယ်လိုနေတဲ့ နေရာအနှံ့အပြားကိုလည်း ဘတ်ဂျက်ကြောင့် မဖြည့်ဆည်းနိုင်တော့ပါဘူး......

ဒီအတွက် နိုင်ငံတော်အနေနဲ့ ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ လုပ်ငန်းအပ်ခြင်းနဲ့ သက်ဆိုင်တဲ့ Procedures တွေကို ပြန်လည် စိစစ်ပီး အလုပ်မတွင်ကျယ်တဲ့၊ လာဘ်စားမှုကို ဖြစ်ပေါ်စေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖယ်ထုတ်ပီး သင့်တော်ရာနဲ့ အစားထိုးဖို့ လိုပါလိမ့်မယ်...... လုပ်ငန်းအပ်ပီးတိုင်းမှာ ငွေအကြေချေနိုင်အောင် လုပ်ခြင်းဖြင့် လုပ်ငန်းရှင်များရဲ့ Markup တင်ထားတဲ့ ငွေကြေးတွေကို လျော့ချနိုင်ပါလိမ့်မယ်.....

အချို့အနေနဲ့ လုပ်ငန်းအပ်ပီးချိန်မှာ အဆင်မပြေ ဖြစ်လာမှာတွေကို စိုးရိမ်လို့ ငွေကို အကြေမချေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်..... အဆိုပါ ကိစ္စနဲ့ ပါတ်သက်လို့တော့ လုပ်ငန်းအပ်ချိန်မှာ လုပ်ငန်းပြီးစီးချိန် တာဝန်ယူမှု Guarantee ကို လုပ်ငန်းအပ်တဲ့ စာချုပ်ရဲ့ Terms & Conditions ထဲမှာ ထည့်ချုပ်ထားရင် ဖြေရှင်းပီးသား ဖြစ်ပါလိမ့်မယ်..... မလိုလားအပ်တဲ့ အကုန်ငွေကြေး ကုန်ကျမှုတွေကို လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်နေတဲ့ အခြားအခြားသော နေရာများမှာ ပိုလျှံလာတဲ့ ဘတ်ဂျက်ကို အသုံးပြုနိုင်ပါလိမ့်မယ်......

အချို့သော Procedures များဟာ တစ်ချိန်က အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဖြစ်သလို လုပ်ကိုင်ရန် ဖော်ဆောင်ခဲ့ခြင်းများ ရှိနေနိုင်တဲ့အတွက် ယနေ့လို အနောက်နိုင်ငံများနဲ့ အစိုးရခြင်း တိုက်ရိုက် ဆက်ဆံနိုင်ချိန်မှာ ပြန်လည်ဆန်းစစ်ပြီး ပြင်ဆင်သင့်ပီလို့ မြင်ပါတယ်....... နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ တစ်ရပ်အနေနဲ့ အဆိုပါ မှားယွင်းနေတဲ့၊ ခေတ်နောက်ကျနေတဲ့ နည်းစနစ်များကို အသုံးပြုနေခြင်းဟာ မဖြစ်သင့်သလို ရှက်ဖွယ် ဖြစ်ပါတယ်......

အဆိုပါ အစိုးရတစ်ရပ် လည်ပါတ်နေသည့် Procedures များ ခေတ်နောက်ကျခြင်း၊ မှားယွင်းနေခြင်းများဟာ အစိုးရတွင်သာ တာဝန်ရှိခြင်းမဟုတ်ပဲ လွှတ်တော်နဲ့ပါ သက်ဆိုင်တယ် ဆိုတာကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်...... နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရဟာ လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အသက်ဝင်အောင် အကောင်အထည်ဖော်ရခြင်းလို့ ရှုမြင်ပါတယ်..... ဒါကြောင့် အစိုးရတစ်ရပ်ရဲ့ လုပ်ထုံးလုပ်နည်းများ မှားယွင်းနေခြင်းများဟာ လွှတ်တော်နဲ့လည်း သက်ဆိုင်နေတယ်လို့ ဆိုနိုင်ပါတယ်.....

အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံကို အုပ်ချုပ်ရာတွင် ထိရောက်မှု မရှိပါက ဘေးမှနေ၍ ထိမ်းညှိပေးရန်မှာ လွှတ်တော်၏ တာဝန်ပင် ဖြစ်ပါတယ်..... သို့ဖြစ်တဲ့အတွက် တစ်ရက်ကျင်းပလျင် သိန်း ၃၀ ကျော်ကုန်သော လွှတ်တော်တွင် တက်ရောက်နေသည့် အမတ်များနှင့် လွှတ်တော် ဥက္ကဌတို့အား တိုက်တွန်းလိုသည်မှာ မိမိတို့နိုင်ငံတွင် ခောတ်မမှီတော့သည်၊ မှားယွင်းနေသည့် လုပ်ထုံးလုပ်နည်းများ၊ အစိုရ ရုံးလုပ်ငန်း လည်ပါတ်မှု စနစ်များ၊ မလိုလားအပ်ပဲ အလေအလွင့် ဖြစ်နေမှုများအား ဆိတ်ဖမ်းခြင်းကဲ့သို့ အားထုတ်ကြိုးပန်းမှုလုပ်ပါဟု နိုင်ငံတော်၏ အကျိုးအား မျှော်ကိုး၍ တိုက်တွန်းလိုက်ရပါတယ်......

From:James Mint

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>