Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် NLD ၏ ဒီလှိုင်း ဂျာနယ် သတင်းထောက်

$
0
0

သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သ တင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုေ လာမြို့ နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွားခဲ့ကြောာင်း သိရှိရသည်။ 
၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေ သည့် ဒီလှိုင်း ဂျာနယ် သတင်းထောက်ဖြစ်သူ ဦးခင်ဇော် အပါအ၀င် (၂) ဦးတို့သည် ထားဝယ်မြို့ မှ တဆင့် ပလောက်မြို့နယ်ခွဲရှိ အင်းမ ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာ သင်းအုပ်ဆရာတော် ဦးဘ ဥာဏ် နေအိမ်တွင် တည်းခိုကာ မတ်လ (၂၀) ရက်နေ့ (၈) နာရီအချိန်တွင် ၄င်းနေအိမ်၌ ကျေးရွာသူ / သား (၄၇) ဦးနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
အစည်းအဝေးတွင် ဒီလှိုင်း ဂျာနယ် သတင်းထောက် ဦးခင်ဇော်က အစိုးရမှ သိမ်းယူထားသည့် မြေများအား ရွာ သားများ လက်သို့ ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြန်မရလျှင် ၄င်းမှ နှစ် ဆ ပြန်လျှော်မည်ဟု ပြောဆိုပြီး အစည်းအဝေး တက်ရောက်သူ (၄၇) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၃)ေ သာင်းနှုန်း ဖြင့် ငွေကျပ် (၁၄) သိန်းကျော် တောင်းခံ ရယူသွားကြောင်း သတင်းရရှိ ပါသည်။
From: မြိတ်ပုလဲမြေ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>