Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၀ ကျော် ဂျပန်ဖိုးဖိုး ဧ၀ရက်တောင် တက်ရောက်

$
0
0

အသက် ၈၀ အရွယ် ဂျပန်နိုင်ငံသား ဖိုးသက်ရှည်ဟာ ဧ၀ရက်တောင်ကို တက်နိုင်တဲ့ ကမ္ဘာ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင် လိုက်ပြီ ဖြစ်ပါတယ်။

ဖိုးသက်ရှည် Yuichiro Miura ဟာ သူ့အနေနဲ့ အသက် ၇၀ ကျော် ကာလတွေမှာတုန်းကလည်း အမြင့်ပေ ၃ သောင်းလောက်ရှိတဲ့ ဧ၀ရက်တောင်ကို ၂ ကြိမ်တိုင်တိုင် တက်ခဲ့ဖူးသူ ဖြစ်တယ်လို့ သူ့ရဲ့ကိုယ်ပိုင် အင်တာနက် ၀က်ဘ်ဆိုက်မှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ စံချိန်သစ်ဟာ မကြာခင်မှာ ကျိုးသွားနိုင်ပါတယ်။ အသက် ၈၁ နှစ်အရွယ် နီပေါလ်နိုင်ငံသားဖိုးသက်ရှည်တဦးကလည်း ရှေ့သီတင်းပတ်ထဲ ဧ၀ရက်တောင်ကိုတ က်ဖို့အတွက်   ပြင်ဆင် မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အရင်က ဗြိတိသျှအစိုးရလက်အောက်ခံဂေါ်ရခါးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့သူ Min Bahadur Sherchan ဟာ ၁၉၆၀ ခုနှစ်တွေ ကတည်း ကစပြီးတော့ တောင်တက်လာခဲ့သူ တဦးဖြစ်ပါတယ်။

ဒီ ဖိုးသက်ရှည် ၂ ဦးဟာ အရင်ကလည်း တောင်တက်ပြိုင်ခဲ့ကြဖူးပါတယ်။ ဂျပန်နိုင်ငံသား Miura က ၂၀၀၈ ခုနှစ် အသက် ၇၅ နှစ်မှာ အသက်အကြီးဆုံး ဧ၀ရက်တောင်ကို တက်နိုင်သူအဖြစ် စံချိန် တင်လိုက်ပေမဲ့၊ နီပေါလ်နိုင်ငံသား Sherchan က အသက် ၇၆ နှစ်ပြည့်ဖို့ တစ်ရက်အလိုမှာ ဧ၀ရက်တောင် ကို အောင်မြင်စွာ တက်ပြလိုက်ပြီး စံချိန်အသစ်ကို ထပ်တင်ပြလိုက်တာပါ။

From: VOA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>