Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာသံရုံး တိုက်ခိုက်ရန် ကြံစည်မှု ကြိုးကိုင်သူ အင်ဒိုရဲ ဖမ်းဆီးရမိ

$
0
0
ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင် စီစဉ်သူဟု ယူဆရသူတဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညတွင် ဖမ်းဆီးရမိလိုက်သည်။

Attack-the-Myanmar-Embassy-in-Jakarta-ss

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးသို့ ဆန္ဒပြသူများ မလာမီ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးရန် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်နေ့က ရောက်ရှိလာကြစဉ်။ (ဓာတ်ပုံ - AFP)

ည ၈ နာရီခွဲအချိန်က ဂျာကာတာမြို့တော် မြောက်ပိုင်း၌ ဖမ်းဆီးရမိသူ ဆီဂျစ် ဆိုသူမှာ ရဲက အလိုရှိနေသူ တဦးလည်းဖြစ်ပြီး မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ဦးဆောင်သူ တဦးအဖြစ်လည်း သံသယရှိ ထားသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင် ရဖ်လီ အမားရ် အား ကိုးကား၍ အေပီ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

၎င်းအား ဖမ်းဆီးရမိပြီး ၆ နာရီအကြာ ကြာသပတေးနံနက်ပိုင်းတွင် မြို့တော်၏ အနောက်ပိုင်း တနေရာ၌ ရိုဟာဒီ ဆိုသူအား ဗုံးလုပ်သည့် ယမ်းနှင့် ပစ္စည်း တန်ဆာပလာများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မေလ ၉ ရက်နေ့ကလည်း သံရုံးအား ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင် ပတ်သတ်သည်ဟု ယူဆရသည့် အစ္စလာမ်မစ် စစ်သွေးကြွများကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များက ၂၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ သီးခြား စစ်ဆင်ရေး သုံးခုအတွင်း စုစုပေါင်း စစ်သွေးကြွ ၇ ဦး အသေဖမ်းမိ ခဲ့ပြီး အခြား စစ်သွေးကြွ ၆ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

ဂျာကာတာ သံရုံးအား ဗုံးခွဲတိုက်ခိုက်မည့် မသင်္ကာသူ နှစ်ဦးကို မေလ ၂ ရက်နေ့ညက လက်လုပ်ဗုံး ငါးလုံးနှစ်အတူ မြို့လယ်တွင် စတင်ဖမ်းဆီးရမိပြီးနောက် ယခုကဲ့သို့ ဆက်တိုက် အရေး ယူ ဆောင်ရွက်မှုများဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်သည့် အနေနှင့် ထိုသို့စီစဉ်ခဲ့ခြင်း
ဖြစ်ကြောင်း သင်္ကာမကင်း ဖြစ်ခံရသူများက အာဏာပိုင်များကို ပြောကြားခဲ့သည်။

ယမန်နှစ်ကလည်း အကျဉ်းကျ အစွန်းရောက် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်သည့် အဘူ ဘာကာ ဘာရှီးရား (Abu Bakar Bashir) က မြန်မာ သမ္မတထံသို့ စာရေးကာ မူဆလင်များ ဖိနှိပ်ညှဉ်း ဆဲခံရ သည့်အတွက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဘာရှီးယားသည် အယ်လ်ကိုင်ဒါ အဖွဲ့နှင့်ဆက်နွယ်မှုရှိသည့် စစ်သွေးကြွများ၏ ဘာသာရေး ခေါင်းဆောင် တဦးဖြစ်ပြီး ယင်းအဖွဲ့သည် အင်ဒိုနီးရှားတွင် ဖြစ်ပွါးခဲ့သော လူအသေ အပျောက်များသည့် တိုက်ခိုက်မှုများ ကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသူများလည်း ဖြစ်သည်။

ထိုသို့ ဘာရှီးယားက ခြိမ်းခြောက်ခဲ့အပြီး တလအကြာ၌ အသေခံ ဗုံးခွဲမည့်သူက စိတ်ပြောင်းသွားပြီး ရဲထံ အညံ့ခံခဲ့သည်။ ရိုဟင်ဂျာပြဿနာကြောင့် ဗုဒ္ဓဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံစည်ခဲ့ ပါသည် ဟုလည်း သူက ပြောသည်။

ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များအကြား အဓိကရုဏ်း အကြမ်းဖက်မှုများကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး ယခုနှစ် မတ်လအတွင်းတွင် မိထ္ထီလာမြို့နယ်၌ ဖြစ်ပွားခဲ့ရာ
နှစ်ဘက် သေကြေမှု ရာကျော် ရှိခဲ့သည်။
 
From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>