Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတ ဦးသိန်စိန်၏ ကြိုးပမ်းမှုကြောင့် အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီ စတင်ဖွင့်လှစ်

$
0
0

နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ရန် ရည်ရွယ်၍ အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် နယူးယောက်မြို့တော်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော် တို့တွင် မေလ ၂၀ ရက်နေ့က ရုံးခန်းများ စတင်ဖွင့်လှစ်လိုက်ကြောင်း ယင်းကောင်စီက ထုတ်ပြန်ကြေညာ ထားသည်။ အဆိုပါ ကောင်စီ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်ထောင် စုနှင့် မြန်မာနိုင်ငံ တို့အကြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရန် ရည်ရွယ်ကြောင်း၊ ယင်းကောင်စီ၏ လုပ်ငန်း စဉ်များအဖြစ် ကုန်သွယ်ရေးဆိုင်ရာ မစ်ရှင်များ၊ သတင်းထုတ်ပြန်မှုများ၊ အမေရိကန်ကုန်သ ည်များ   မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများကို အသိပေး ထုတ်ပြန်မှုများ စသည်တို့ ပါဝင်ကြောင်း   ယင်းထုတ်ပြန်ချက်အရ သိရသည်။ 

 ယခုလက်ရှိတွင် အဆိုပါကောင်စီ၏ အရေးကြီးဆုံး တာဝန်မှာ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသော အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးစေရေးနှင့် အမေရိကန်အစိုးရက ပေး အပ်သော မြန်မာ့ပို့ ကုန်များအ တွက် အထူးအခွန်ကင်းလွတ်ခွင့်ကို ရရှိစေရေးအတွက် ကြိုးပမ်းရ မည်ဖြစ်ကြောင်း ယင်းကောင်စီဥက္ကဋ္ဌ Mr.Bart S.Fisher က ဆိုသည်။ “ကုန်သွယ်ရေးနဲ့ ဈေးကွက် ပိုပြီး ကျယ်ပြန့်လာတာနဲ့အမျှ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပိုပြီးသက်ရောက်စေမှာပါ” ဟု ၄င်းက ဆိုသည်။ 

ကုန်သွယ်ရေးကောင်စီ ဖွင့်လှစ်ရန် ယခုနှစ်မတ်လက နေပြည်တော် တွင် နှစ်နိုင်ငံအရာ ရှိများ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း၊ ယင်းကောင်စီမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်မှုများ၊ နိုင်ငံသားများအတွက် သာယာလှပသော ဘဝများ ဖန်တီးပေးနိုင်မည့်အပြင် မြန်မာတည်း ဟူသော ရွှေဝါရောင်မြေပြင်သို့ လာရောက်လည်ပတ်ကြရန် အမေရိကန်များနှင့် အခြားနိုင်ငံသားများကို ဖိတ်ခေါ်ပေးနိုင်လိ မ့်မည်ဟု မျှော်လင့်ကြောင်း အဆိုပါကောင်စီ၏ အမှုဆောင်အရာရှိချုပ် Mr.Robert A.Knutson က မှတ်ချက်ပြုခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် The Voice Daily သတင်းစာ တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>