Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အာဏာရ ပြည်ခိုင်ဖြိုး ပါတီ လက်ထက်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံ များ တွင်မြန်မာနိုင်ငံက ဦးဆောင်နေရာကို ခန့်ထည်စွာရယူနိုင်ပြီဖြစ် သော်လည်း NLD အာဏာရပါက မွတ်ဆလင်ဘာသာ ကြီးစိုးသွားနိုင်

$
0
0





ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သာသနာရေးဝန်ကြီး ဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၆၅)ကြိမ် မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ပူဇော်ပွဲကို ကမ္ဘာအေးသာသနာ့လှိုင်ဂူတွင် မေလ (၁၈)ရက်တွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားပွဲတွင် သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးဆန်းဆင့်မှ ကြွ ရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား လျှောက် ထားရာတွင် ““တပည့်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီးတွင် ပဋိကတ်အားဖြင့် သုံးသွယ်၊ နိုကာယ်အားဖြင့် ငါး ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်း လေးထောင်ရှိသည့် ပရိယတိ္တ စာပေများကို သက်တော်ထင်ရှား ဘုရားရှင်လက်ထက်တော်အတိုင်း ဆရာတော်တပည့်အစဉ်အဆက် မပျက်ရအောင် ရဟန်းသံဃာ တော်အရှင်သူမြတ်များ အဆင့် ဆင့်သင်ယူပို့ချဆောင်ရွက်တော် မူခဲ့သည့်နည်းတူ မြန်မာနိုင်ငံ အရပ်ရပ်ရှိ စာသင်တိုက်ကြီးများ သည်လည်း ယနေ့တိုင်အောင် အားသွန်မပျက် ကြိုးပမ်းထမ်း ရွက်တော်မူလျက်ရှိကြသဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် သည် ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံများအလယ်တွင် ဦးဆောင် နေရာကို ခန့်ထည်စွာ ရယူနိုင် လျက်ရှိ ပါကြောင်းနှင့် သာသနာ တော်သုံးရပ်တွင် အခြေခံကျလှ သည့် ပရိယတိ္တသာသနာတော် အမာခံ အုတ်မြစ်ကောင်းစေရေး အတွက် ပရိယတိ္တစာမေးပွဲများ ကို နိုင်ငံတော်အစိုးရမှ ကြီးမှူး၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်အသီးသီးရှိ ဆရာတော်များဦးဆောင်၍ ဒေသဆိုင်ရာ ပရိယတိ္တစာမေး ပွဲ များကို သက်ဆိုင်ရာမြို့၊ ရွာဒေသ အလိုက်လည်းကောင်း ကျင်းပ ပေးလျက်ရှိရာ တိပိဋကဓရ တိပိ ဋကကောဝိဒရွေးချယ်ရေးစာမေး ပွဲကြီးမှာ ပရိယတ်္တိစာမေးပွဲနယ် ပယ်တွင် အမြင့်မားဆုံးစာမေး ပွဲ ကြီးဖြစ်ပါသည်ဘုရား””ဟု သံဃာ တော်အရှင်သူမြတ်များ အား လျှောက်ထား ခဲ့ကြောင်း သိရ သည်။

From:hot news

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>