သမ္မတကြီးအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါသည်...
ကျနော်တို့ မြင်ခဲ့ရပါတယ်...
နွမ်းယဲ့ ခရီးပန်းနေတဲ့ သမ္မတကြီး ....
ဒါပေမယ့် ကျနော်တို့ တွေ့ခဲ့ရပါတယ်.....
စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ပေးဖို့ ပြောနေခဲ့တာတွေ...
ပိတ်ဆို့ပါ ဆိုပြီး ပြောခဲ့တာ သူ မဟုတ်ပါဘူး....
ပိတ်ဆို့အောင်လို့ လုပ်ခဲ့တာလဲ သူ မဟုတ်ပါဘူး....
အခု မြန်မာ လူရာ ၀င်လာပေမယ့်လဲ သူ မကြွားဝါပါဘူး.....
FB မှာ မြင်ခဲ့ရပါတယ်....
ဒေါ်လာ(၂၀၀)ယူပြီး သမ္မတကြီးကို လူလိမ်ဟုဆိုကာ ကြိုခဲ့တဲ့ မြန်မာတွေ....
မွတ်ဒေါင်းပါတီအလံနဲ့ ဆန္ဒပြခဲ့ကြတဲ့ မြန်မာတွေ....
ဒါပေမယ့် သမ္မတကြီး စိတ်မဆိုးတဲ့အပြင် ၀ါးလုံး ကိုနှစ်ဖက်ကြည့် နဲ့
တစ်ဖက်အမြင်ကို ဥပမာပေးပြီးရှင်းပြခဲ့ပါတယ် ဒီလိုလူမျိုး တွေ့ဘူးခဲ့ပါသလား.....
တောင်းဆိုပါတယ်...
တိုက်တွန်းပါတယ်....
မေတ္တာရပ်ခံပါတယ်.....
စတဲ့ စတဲ့ စကားလုံးတွေသာ ပြောင်းသွားတယ် ....
အခု အမေရိကန် ခရီးစဉ်မှာ တစာစာနဲ့ ပိတ်ဆို့မှုတွေပေးဖို့ ပြောနေတာ...
ပညာရေး အကူအညီပေးဖို့ တောင်းခံခဲ့တယ်....
နိုင်ငံကို အကူအညီပေးဖို့ တောင်းခံခဲ့တယ်...
တစာစာ အော်နေတာ.....
သူ့မှာ မာန်မာနတွေ ဘယ်ရောက်သွားလဲ.....
သမ္မတဆိုပြီး ဟိတ်နဲ့ဟန်နဲ့ အထာကြီးနဲ့ ဘာလို့ မနေနိုင်တာလဲ.....
သူဟာ..
အမေရိကန်ရောက်မြန်မာတွေရဲ့ လူလိမ်လို့ ကင်ပွန်းတပ်ခံခဲ့ရတာပါ....
မွတ်ဒေါင်းဒီမိုအုပ်စုက အမြဲတမ်း အပြစ်တင်တာ ခံနေရသူပါ....
ခင်ဗျားတို့ တွေ့ခဲ့ကြပါတယ်....
စင်္ကာပူဝန်ကြီးချုပ်နဲ့ တွေ့ဖို့ ထိုင်စောင့်နေရရှာတဲ့ သမ္မတကြီး....
ထိုင်ရာက မထတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို တလေးတစားနဲ့
စာထပေးနေရရှာတဲ့ သမ္မတကြီး..
ပိတ်ဆို့မှုတွေ ရုပ်သွားရင် သူ ဘာဖြစ်လာမှာလဲ.....
မရုပ်ရင်ရော သူ ဘာဖြစ်သွားမှာလဲ.....
ကျနော်တို့ တွေ့ခဲ့ရပါတယ်....
အမေရိကန် ခရီးစဉ်မှာ ဘယ်နိုင်ငံ ရောက်ရောက်
သူများခေါင်းဆောင်တွေ အမေရိကန်က ခေါင်းဆောင်တွေကို ပိတ်ဆို့မှုတွေနဲ့
ပညာရေး ထောက်ပံ့မှုပေးပါ ဆိုပြီး အရှက်မရှိ ပြောနေတဲ့ သမ္မတကြီးပါ....
မြန်မာနိုင်ငံကို အကူအညီ ပေးပါဆိုပြီး သောက်ရှက်မရှိ ပြောနေ၇တဲ့ သမ္မတကြီးပါ ...
ကျနော်တို့နိုင်ငံကို ထောက်ပံ့ပါ ကူညီပါ ဆိုပြီး လက်ဝါးဖြန့်ပြီး သူတောင်းစား သာသာ တောင်းနေရတဲ့ သမ္မတကြီးပါ......
အဲဒါ မြန်မာနိုင်ငံရဲ့ သမ္မတပါ ...
ခင်ဗျားတို့ သိကြရဲ့လား....
အဲဒါ ကျွန်တော်တို့ သမ္မတပါ...
ခင်ဗျားတို့ မြင်ကြရဲ့လား...
ဘယ်သူကမှ သူ့ကို ကောင်းကြောင်း မပြောဘူး....
www.mmdailystar.com