Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ABSDF နှင့် အစိုးရ ဆွေးနွေးမှု နှစ်ဘက်စလုံး အားရကျေနပ်မှုရှိ

$
0
0
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် အစိုးရဘက်မှ ဗိုလ်မှူးကြီး တဦး ဦးဆောင်သည့် အဖွဲ့နှင့် Myammar Peace Center ခန်းမတွင် မေလ ၂၁ ရက်နေ့မှ စတင် ငြိမ်းချမ်းရေအတွက် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။



မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိမ) ငြိမ်းချမ်းရေးကိစ္စအတွက် အစိုးရဘက်နှင့် ကျောင်းသားတပ်မတော်တို့ တတိယအကြိမ် တွေ့ဆုံဖြစ်ကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဆွေးနွေးရလဒ်များကို ထုတ်ပြန်နိုင်ခြင်းမရှိသေးသော်လည်း အချိန်ကာလတခုတွင် ပြည်သူလူထုသို့ မီဒီယာမှ တဆင့် ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ရဲဘော် ကျော်ကို က ပြောသည်။

၎င်းက “နှစ်ဘက်စလုံး ကျေနပ်အားရမှုရှိတယ်။ နောက်တခု အပေါင်းလဏ္ခာဆောင်ပါတယ်။ ထူးခြားချက်ကတော့ သူ့အမြင် ကိုယ့်အမြင်  နှစ်ဘက်ကြား သေသေချာချာ နက်နက်ရှိုင်းရှိုင်း ပြောနိုင်ဆိုနိုင်တယ်” ဟု ရှင်းပြသည်။

အဖွဲ့ဝင် ငါးဦးပါ ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း အဖွဲ့ခေါင်းဆောင်သည့်  မြန်မာ့ငြိမ်းချမ်းရေးစင်တာ အဖွဲ့ (Technical team) တို့ နှစ်ဘက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကိုကျော်ကိုက “ယေဘုယျပြောမယ်ဆိုရင်တော့ သဘောထားကွဲလွဲချက်တွေ ရှိမှာပဲ။ ဒါလည်းသဘာဝကျ တယ်။ ကျနော် တို့ ပဋိပက္ခတွေက နှစ်ရှည်လာခဲ့တယ်။ ပြောတာက တနာရီ၊ နှစ်နာရီ၊ တကြိမ်တည်း၊ တလ၊ နှစ်လ တနှစ်တည်းနဲ့ ကျနော်တို့ လိုချင်တဲ့ရည်မှန်းချက် ပန်းတိုင် ရောက်ဖို့ မဖြစ်နိုင်သေးဘူး။ ဆွေးနွေးပွဲ ဖြစ်စဉ် အတိုင်း သွားကြရမယ်။ ဆက်ပြီးဆွေးနွေး အဖြေရှာရမှာပဲ ” ဟု ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနှင့် ၃ ကြိမ် တွေ့ဆုံခဲ့ပြီးသလို နှစ်ဘက်ရှု မြင်ချက်တွေ အမျိုးမျိုး ရှိနိုင်ကြောင်း ဖြည့်စွက်ပြောကြားသည်။

အချိန်ကာလအားဖြင့် မပြောနိုင်သေးသော်လည်း ဆွေးနွေးပွဲများ ဆက်ရှိရန် နှစ်ဘက်စလုံး သဘောထားရှိ မည်ဟု မျှော်လင့်ကြောင်း ကိုကျော်ကိုမှ မှတ်ချက်ပြုသည်။

ABSDF အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်ဆဲရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့် ရည်မှန်းချက်များ အောက်တွင် သာ ဆွေးနွေးမှု များ ပြုလုပ်ကြောင်း မဇ္စျိမ ကို ပြောသည်။

တပ်မတော်နှင့် အကြီးအကျယ်တိုက်ခိုက်နေရခြင်း မရှိသော်လည်း သမ္မတဆောင်ရွက် တဲ့   ငြိမ်းချမ်းရေး ဖြစ် စဉ် တွင် အားလုံးပါဝင်နိုင်ရေးအတွက် ABSDF လည်း တစိတ်တဒေသ ပါဝင်ကြောင်း ဦးလှမောင်ရွှေ က ယနေ့ဗုဒ္ဓဟူးနေ့တွင်ပြောဆိုသည်။

၎င်းက “ အပြန်အလှန် နွေးနွေးထွေးထွေး ဆွေးနွေးနိုင်ခဲ့တယ်။ ယုံကြည်မှုကတော့ နှစ်ဘက်စလုံးမှာ ပိုရှိလာတယ်။ သူတို့အနေနဲ့ သူတို့ ဗဟိုကော်မတီကို ပြန်တင်ပြရမယ်။ နောင်မှာ သဘောတူညီချက်တွေ ဖြစ်လာနိုင်တဲ့ အခြေခံ ပြင်ဆင်တဲ့ ဆွေးနွေးမှုပါ။ သူတို့ ဗဟိုကော်မတီ (ABSDF) က ပေါ်လစီ ချပြီဆိုရင်တော့ နောက်ဆက်တွဲ လုပ်ရမဲ့ လုပ်ငန်းတွေ ရှိပါတယ် ” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ကိုင်နိုင်ဖို့ အကြိုဆွေးနွေးမှုများဖြစ်ကြောင်း MPC (မြန်မာငြိမ်းချမ်းရေး စင်တာ) မှ ညှိုနှိုင်းရေး တွဲဖက် ညွှန်မှူး ဦးအောင်နိုင်ဦး ကလည်း ပြောသည်။

ဦးအောင်နိုင်ဦး က “ အခုဆွေးနွေးပွဲတွေဟာ ပြည်နယ်အဆင့် ဆွေးနွေးပွဲမှာ လက်မှတ်ထိုးနိုင်ဖို့ လုပ်တဲ့ သဘောပါ။ ဒါကြောင့်မို့ ဘာတွေ ဆွေးနွေးတယ် ဆိုတာ ပြောလို့ မရဘူး။ တဖက်နဲ့ တဖက် ကော်မတီ လူကြီးတွေကို တင်ပြပြီး သဘောတူညီချက် ရရင် ပြည်နယ်အဆင့် ဆွေးနွေးပွဲမှ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ထိုးဖို့ပဲ ဖြစ်တယ်။ အားလုံးပါဖို့ သဘောတူထားတယ် ”ဟု ဆွေးနွေးပွဲအပြီး စောင့်ဆိုင်းနေသည့် သတင်းထောက်များအား ပြောဆို သွားသည်။
From: Mizzima - News in Burmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>