Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဂျပန် ဝန်ကြီးချုပ် ကုမ္ပဏီ ကိုယ်စားလှယ် ၃၀ ကျော်နှင့်အတူ လာမည်

$
0
0


ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး Shinzo Abe သည် သုံးရက်ကြာ လည်ပတ်မှု အဖြစ် မြန်မာနိုင် ငံသို့ သောကြာနေ့တွင် လာရောက်မည် ဖြစ်သည်။

ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ ရှာဖွေရန် ဂျပန် စီးပွားရေးကုမ္ပဏီများမှ ကိုယ်စားလှယ် ၃၀ ကျော်လည်း လိုက်ပါလာကြောင်း ဂျပန်နေ့စဉ်သတင်းစာ JDP က ရေးသားသည်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိပြီး စီးပွားရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ခရီးစဉ်ကို စီစဉ်ရကြောင်းလည်း ရေးသားထားသည်။

မြန်မာ့ စာပို့စနစ် ခေတ်မီစေရေးနှင့် ဝန်ဆောင်မှုများ မြှင့်တင်နိုင်ရန် ဂျပန်အစိုးရနှင့် ဂျပန် စာပို့ဌာနတို့ ပူးပေါင်းကူညီမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများက ပူးပေါင်းဆောင်ရွက်မှု အသစ်တခုကို ဤသီတင်းပတ်အတွင်း ကြေညာဖွယ်ရှိသည်ဟုလည်း JDP သတင်းတွင် ဖော်ပြပါရှိသည်။

From: Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>