Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မွတ်စလင်လူမျိုးသုံးဦး ဝင်ရောက်ရာမှ ဆူပူမှုအနည်းငယ်ဖြစ်...

$
0
0

၂၁.၅.၂၀၁၃ ညဦးပိုင်း(၉)နာရီခန့်က မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မြန်မာ့သစ် လုပ်ငန်းစီမံကိန်း(၂) ဝင်းအ တွင်း သို့ လူသုံးဦးကျုးကျော်ဝင်ရောက်လာရာမှ ဆူပူမှုအနဲငယ်ဖြစ်ခဲ့သည်။

၎င်းတို့သည် ယင်းသစ်လုပ်ငန်းဝင်းနေ မိန်းမတစ်ဦးနှင့် တွေ့ရန်လာရာ ဝင်းဂိတ်စောင့်ဝန် ထမ်းက မေးမြန်း ရာမှ နှစ်ဦးက ထွက်ပြေးကြောင်း၊တစ်ဦးကို ဖမ်းမိပြီးနောက် သစ်လုပ်ငန်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ခေါ်ယူစစ်မေးခဲ့သည်။သို့သော် ၎င်းမှ ကောင်းမွန်စွာဖြေကြားခြင်းမရှိသဖြင့် မေးမြန်းသူများမှ သံသယဝင်လာခဲ့ပြီးနောက် တဖြေးဖြေးဖြင့် လူများလာခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ မွတ်စလင်လူမျိုးတွေမို့ပါ။နောက်တချက်က အရက်မူးနေတယ်။သူတို့က ဘုန်းအိုးထဲ မှာ နေတယ်လို့သိရတယ်။အရင်တလလောက်ကလဲ. ကျွန်တော်တို့ဝင်းဂိတ်ပေါက်ဝမှာ လူတစုကလဲ လာပြိးမီးရှို့မယ်လို့အော်သွားဖူးတယ်။ဆိုင်ကယ်တွေလဲ ခဏခဏပျောက်ဖူးတယ်။ဒါကြောင့် သံသယဝင်လာကြတယ်”ဟု ယင်းဝင်းအတွင်းနေထိုင်သူ ကားသမားဦးမောင်ကပြောသည်။

ထိုသို့စစ်မေးပြီးနောက် အမရပူရရဲစခန်းသို့အပ်ရန်ဆုံးဖြတ်ကာ ရဲစခန်းသို့ဖုန်းဆက်ခေါ်ကြောင်း၊ထိုစဉ် ဆိုင်ကယ်မောင်းထွက်ပြေးသွားသည့် အသက်လေးဆယ်ခန့်မွတ်စလင်တစ်ဦး ပြန်လည်ဝင်ရောက်လာကာ ဝင်းအတွင်းနေဝန်ထမ်းများနှင့် စကားအချေအတင်ပြောခဲ့ကြောင်းသိရသည်။

“ ဖမ်းမိထားတဲ့ကောင်လေးကို စစ်မေးနေတဲ့ဓမ္မာရုံမှာ စောင့်ကြည့်နေတဲ့ မြန်မာလူမျိုးတွေက အများကြီးရှိတယ်။လူငယ်တွေက လက်ထဲမှာ တုတ်တွေကိုင်ထားပြီးစောင့်နေတယ်။အဲဒါကို အဲဒီလူက ပမာမခန့်မျက်နှာပေးနဲ့ ဝင်းထဲက လူကြီးတွေမေးတာကို မဖြေချင်သလို၊ဖြေချင်သလိုဖြေတယ်။ကြာလာတော့ ဆူပူမှုဖြစ်မှာစိုးတာနဲ့ ဓမ္မာရုံသံတခါးကိုဆွဲပိတ်ပြီး အထဲမှာ လူကြီးအနဲငယ်နဲ့ပဲ သူတို့ကို ခေါ်စစ်လိုက်ရတယ်”ဟု ဝန်ထမ်းများကပြောသည်။

ယခုအခါ မြန်မာ့သစ်လုပ်ငန်းဝင်းအတွင်းသို့ကျုးကျော်ဝင်ရောက်လာသည့် မွတ်စလင်နှစ်ဦးအာ်း ဆူပူမှုဖြစ်စေရန်လှုံ့ဆောင်မှု၊ပိုင်နက်ကျုးကျော်မှုတို့ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးသွားသော တယောက်မှာ ယခုအခါ ဘုန်းအိုးသို့ပြန်ရောက်နေပြီဖြစ်ကြောင်း အမရပူရရဲစခန်းမှသိရသည်။

(မှတ်ချက်.စစ်မေးသောဓမ္မာရုံသည် မိမိအိမ်ရှေ့တွင်ရှိပါသည်။ မိမိနေထိုင်သော ရပ်ကွက်ဖြစ်ပါသည်။ဖြစ်စဉ်အားလုံးကို အစအဆုံးနီးပါးသိပါသည်။သို့သော် သတင်းထောက်ကျင့်ဝတ်အရ မေးမြန်းရေးသားထားခြင်းဖြစ်ပါသည်။

ကောလဟလများ မပျံ့စေရန်ရည်ရွယ်၍ ဤပို့စ်အားတင်ပါသည်။မိမိတွင် ဗုဒ္ဓဘာသာ၊မွတ်စလင်ဆို သည့်အစွဲမရှိပါ။သုံးဆယ့်ငါးလမ်းကိစ္စတွင်လည်း မှားသူကို မှားသည့်အတိုင်း ၎င်းသည် ဗုဒ္ဓဘာသာဖြစ်သော်လည်း ဖြစ်စဉ်အတိုင်းသတင်းရေးသည်။

သတင်းတင်သည်။ ယခုကိစ္စကိုလည်း ဆန္ဒအစွဲမပါပဲ သတင်းတင်ပါသည် ။နှစ်ဘက်စလုံးထိန်းသိမ်းရပါမည်။သံသယများကြီးစိုးနေသောအချိန်တွင် မှားသူကို မှားသည့်ဘက် က ထိန်းသိမ်းရပါမည်ဟု လေးလေးနက်နက်ယုံကြည်သောကြောင့် ယခုပို့စ်အားတင်ပါသည်။

တိတိကျကျသိလိုလျှင် မိမိဖုန်းနံပါတ် ၀၉-၄၄၄၀၁၆၀၂၉သို့ဆက်သွယ်မေးမြန်းနိုင် ပါသည်။ဝန်ထမ်းရပ် ကွက်ဖြစ်သောကြောင့် ဤမျှနှင့်ပြီးသွားခြင်းဖြစ်သည်။

အခြားရပ်ကွက်ဆိုလျှင် ယခုကဲ့သို့ပြုမူပါက မီးပွားမှ မီးတောက်ဖြစ်သွားနိုင်ပါသည်။မွတ်စ လင်-မြန်မာနှစ်ဘက်စ လုံးထိန်းသိမ်းစေဖို့ ဆန္ဒရှိပါသည်။


Photo: မွတ်စလင်လူမျိုးသုံးဦး ဝင်ရောက်ရာမှ ဆူပူမှုအနဲငယ်ဖြစ်...  ၂၁.၅.၂၀၁၃ ညဦးပိုင်း(၉)နာရီခန့်က မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မြန်မာ့သစ်လုပ်ငန်းစီမံကိန်း(၂)ဝင်းအတွင်းသို့ လူသုံးဦးကျုးကျော်ဝင်ရောက်လာရာမှ ဆူပူမှုအနဲငယ်ဖြစ်ခဲ့သည်။  ၎င်းတို့သည် ယင်းသစ်လုပ်ငန်းဝင်းနေ မိန်းမတစ်ဦးနှင့် တွေ့ရန်လာရာ ဝင်းဂိတ်စောင့်ဝန်ထမ်းက မေးမြန်းရာမှ နှစ်ဦးက ထွက်ပြေးကြောင်း၊တစ်ဦးကို ဖမ်းမိပြီးနောက် သစ်လုပ်ငန်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ခေါ်ယူစစ်မေးခဲ့သည်။သို့သော် ၎င်းမှ ကောင်းမွန်စွာဖြေကြားခြင်းမရှိသဖြင့် မေးမြန်းသူများမှ သံသယဝင်လာခဲ့ပြီးနောက် တဖြေးဖြေးဖြင့် လူများလာခဲ့ခြင်းဖြစ်သည်။  “အဓိကကတော့ မွတ်စလင်လူမျိုးတွေမို့ပါ။နောက်တချက်က အရက်မူးနေတယ်။သူတို့က ဘုန်းအိုးထဲမှာ နေတယ်လို့သိရတယ်။အရင်တလလောက်ကလဲ. ကျွန်တော်တို့ဝင်းဂိတ်ပေါက်ဝမှာ လူတစုကလဲ လာပြိးမီးရှို့မယ်လို့အော်သွားဖူးတယ်။ဆိုင်ကယ်တွေလဲ ခဏခဏပျောက်ဖူးတယ်။ဒါကြောင့် သံသယဝင်လာကြတယ်”ဟု ယင်းဝင်းအတွင်းနေထိုင်သူ ကားသမားဦးမောင်ကပြောသည်။  ထိုသို့စစ်မေးပြီးနောက် အမရပူရရဲစခန်းသို့အပ်ရန်ဆုံးဖြတ်ကာ ရဲစခန်းသို့ဖုန်းဆက်ခေါ်ကြောင်း၊ထိုစဉ် ဆိုင်ကယ်မောင်းထွက်ပြေးသွားသည့် အသက်လေးဆယ်ခန့်မွတ်စလင်တစ်ဦး ပြန်လည်ဝင်ရောက်လာကာ ဝင်းအတွင်းနေဝန်ထမ်းများနှင့် စကားအချေအတင်ပြောခဲ့ကြောင်းသိရသည်။  “ ဖမ်းမိထားတဲ့ကောင်လေးကို စစ်မေးနေတဲ့ဓမ္မာရုံမှာ စောင့်ကြည့်နေတဲ့ မြန်မာလူမျိုးတွေက အများကြီးရှိတယ်။လူငယ်တွေက လက်ထဲမှာ တုတ်တွေကိုင်ထားပြီးစောင့်နေတယ်။အဲဒါကို အဲဒီလူက ပမာမခန့်မျက်နှာပေးနဲ့ ဝင်းထဲက လူကြီးတွေမေးတာကို မဖြေချင်သလို၊ဖြေချင်သလိုဖြေတယ်။ကြာလာတော့ ဆူပူမှုဖြစ်မှာစိုးတာနဲ့ ဓမ္မာရုံသံတခါးကိုဆွဲပိတ်ပြီး အထဲမှာ လူကြီးအနဲငယ်နဲ့ပဲ သူတို့ကို ခေါ်စစ်လိုက်ရတယ်”ဟု ဝန်ထမ်းများကပြောသည်။  ယခုအခါ မြန်မာ့သစ်လုပ်ငန်းဝင်းအတွင်းသို့ကျုးကျော်ဝင်ရောက်လာသည့် မွတ်စလင်နှစ်ဦးအာ်း ဆူပူမှုဖြစ်စေရန်လှုံ့ဆောင်မှု၊ပိုင်နက်ကျုးကျော်မှုတို့ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးသွားသော တယောက်မှာ ယခုအခါ ဘုန်းအိုးသို့ပြန်ရောက်နေပြီဖြစ်ကြောင်း အမရပူရရဲစခန်းမှသိရသည်။  (မှတ်ချက်.စစ်မေးသောဓမ္မာရုံသည် မိမိအိမ်ရှေ့တွင်ရှိပါသည်။ မိမိနေထိုင်သော ရပ်ကွက်ဖြစ်ပါသည်။ဖြစ်စဉ်အားလုံးကို အစအဆုံးနီးပါးသိပါသည်။သို့သော် သတင်းထောက်ကျင့်ဝတ်အရ မေးမြန်းရေးသားထားခြင်းဖြစ်ပါသည်။  ကောလဟလများ မပျံ့စေရန်ရည်ရွယ်၍ ဤပို့စ်အားတင်ပါသည်။မိမိတွင် ဗုဒ္ဓဘာသာ၊မွတ်စလင်ဆိုသည့်အစွဲမရှိပါ။သုံးဆယ့်ငါးလမ်းကိစ္စတွင်လည်း မှားသူကို မှားသည့်အတိုင်း ၎င်းသည် ဗုဒ္ဓဘာသာဖြစ်သော်လည်း ဖြစ်စဉ်အတိုင်းသတင်းရေးသည်။  သတင်းတင်သည်။ယခုကိစ္စကိုလည်း ဆန္ဒအစွဲမပါပဲ သတင်းတင်ပါသည်။နှစ်ဘက်စလုံးထိန်းသိမ်းရပါမည်။သံသယများကြီးစိုးနေသောအချိန်တွင် မှားသူကို မှားသည့်ဘက်က ထိန်းသိမ်းရပါမည်ဟု လေးလေးနက်နက်ယုံကြည်သောကြောင့် ယခုပို့စ်အားတင်ပါသည်။  တိတိကျကျသိလိုလျှင် မိမိဖုန်းနံပါတ် ၀၉-၄၄၄၀၁၆၀၂၉သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ဝန်ထမ်းရပ်ကွက်ဖြစ်သောကြောင့် ဤမျှနှင့်ပြီးသွားခြင်းဖြစ်သည်။  အခြားရပ်ကွက်ဆိုလျှင် ယခုကဲ့သို့ပြုမူပါက မီးပွားမှ မီးတောက်ဖြစ်သွားနိုင်ပါသည်။မွတ်စလင်-မြန်မာနှစ်ဘက်စလုံးထိန်းသိမ်းစေဖို့ ဆန္ဒရှိပါသည်။  Posted From  Thit Htoo Lwin blog


From: Thit Htoo Lwin blog

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>