
မီတ္ထီလာဖြစ်စဉ် နှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးမှ ၂၁.၅.၂၀၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် အသေးစိတ်ရှင်းလင်ခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ ၀န်ကြီး ဆန်းဆင့် မှ ဖြစ်စဉ် နှင့် ပတ်သက်လို့ မိတ္ထီလာ ၊၀မ်းတွင်း ၊ သာစည် ၊ ရမည်းသင်းမြို့များမှာ အားလုံးဖြစ်စဉ် အကြိမ်ရေ (၃၃)ကြိမ် ၊ ကြာမြင့်ချိန် နာရီ (၃၅ ) နာရီ (၃၀)မိနစ် ဖြစ်ပါကြောင်း ၊ သေဆုံးသူ(၄၄) ဦး ၊ ဒဏ်ရာရသူ (၉၀) ဦး ၊ လူနေအိမ် (၁၈၁၈) လုံး ၊ ဈေဆိုင်(၈၀) ၊ စက်ရုံ(၃)ရုံ ၊ ဂိုဒေါင်(၁)တစ်လုံး ၊ မြို့နယ်ပညာရေးမှူးရုံး(၁)ရုံး ၊ ဗလီ (၂၇) လုံး ၊ အစ္စလာမ်ဘာသာရေး ကျောင်း (၁၄)ကျောင်း ၊မော်တော်ယာဉ်(၁၉)စီး ၊ဆိုင်ကယ် (၂၉) စီး ၊ သုံးဘီးဆိုင်ကယ် (၄) စီးတို့ဖြစ်ပါကြောင်း ။ အခုလွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး (၁၃) ဦး တင်ပြသွားတာတွေ့ပါတယ်။ တင်ပြဆွေးနွေးချက်တွေမှာ ဝေဖန်ချက် ၊ သုံးသပ်ချက် ၊ ထောက်ပြဆွေးနွေးတာတွေအပြင် အကြံပေးဆွေးနွေးတာတွေရှိပါတယ်။ ဒီလိုအကြံပေးထောက်ပြတာတွေသည် မမြင်တာကို မြင်အောင် ၊ မတွေ့ တာကို တွေ့အောင် ၊ မီးထိုးပြတဲ့ အလင်းတန်းတွေလို့ သဘောပေါက်ပါတယ်။
၎င်းနောက် မပြည့်သေးတာတွေ ကို ပြည့်ဝအောင် ၊ မစုံလင်သေးတာတွေကို စုံလင်အောင် ၊ မှားနေတာတွေကို မှန်အောင် ၊ မမှားများတာတွေကို အမှန်များအောင် လမ်းပြပေးတယ် ၊ ဖြည့်စွက်ပေးတယ် ၊ တည့်မတ်ပေးတယ်လို့ ခံယူပါတယ် ။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင် မိတ္ထီလာဖြစ်စဉ် (၂၀)ရက်နေ့က ဖြစ်ဖြစ်ချင်း ကျွန်တော့်ဆီ က ဒုဝန်ကြီးကို စေလွှတ်လိုက်ပါတယ်။ အဲဒီကို ညတွင်းချင်း ရောက်သွားပါတယ်။ နောက် (၂၁ ၊ ၂၂ )အပြင်းထန်ဆုံး နှစ်ရက် စလုံးမှာ ကျွန်တော်ကိုယ်တိုင် ရောက်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ရောက်ရှိတဲ့အတွက် ဖြစ်ပျက်တဲ့ အခြေအနေအားလုံးကို ကျွန်တော် နှင့် တကွ ညွှန်ချုပ် ၊ ညွှန်မှူး နဲ့ မန္တလေးတိုင်း / ခရိုင် သာသာနာေ၇းမှူးတွေပါတဲ့ ကား(၃)စီး နဲ့ လုံခြုံရေးလုံးဝမပါဘဲ စောင့်ရှောက်ရေး သံဃာ (၇)ပါး ပါပါတယ်။ ကျန်တဲ့ (၁၃) ဦးကတော့ အသင့်မြို့နယ် သံဃနာယကရုံးမှာ ကားတစ်စီးရပ်ထား ပြီးလိုတဲ့ နေရာတွေကို လိုက်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ နှစ်ရက်စလုံး အပြင်းအထန် မီးရှို့ဖျက်ဆီး ၊ သတ်ဖြတ်နေတဲ့ အချိန်မှာကိုတောင်မှ လုံခြုံရေးအင်အား တစ်ယောက်မှ မပါပါဘူး။ တစ်ယောက်မှ မပါပါဘဲနဲ့ သံဃာ(၇)ပါး နဲ့ လိုက်လံပြီး ကျွန်တော်တို့ ဆောင်ရွက်ရမည့် အပိုင်းအားလုံးကို အုပ်ချုပ်မှုအပိုင်းက ၀ိုင်းဝန်းဆောင်ရွက်လျက်ရှိတယ်ဆိုတာကို တင်ပြလိုပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ လုံခြုံရေးအင်အား အချိန်မီ အပြည့်အ၀မပေးနိုင်သေးသော်လည်း ရှိတဲ့အင်အား နဲ့ ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်ကိုယ်တိုင် ၀မ်းတော်ပြည့်ဆရာတော် ဦးစီးတဲ့ ဘုန်းကြီးတွေ နဲ့ လုံခြုံရေးလုပ်ပြီးတော့မှ ဆွဲထုတ်ခဲ့တယ်။ ဆယ်တန်းစာမေးပွဲဖြေဖို့ ၊ သူတို့ကို စာစစ်ဌာနရောက်တဲ့အထိ ဆရာတွေကို ကျွန်တော်ကိုယ်တိုင် ဘုန်းကြီးများ နှင့် စောင့်ရှောက်ပြီးဆောင်ရွက်ခဲ့တယ်ဆိုတာကို အထောက်အထားအခိုင်အမာ ရှိပြီးဖြစ်ပါတယ်။ အဲဒီအပြင် ပြည်သာယာရပ်ကွက် နှင့် ချမ်းအေးရပ်ကွက်တို့ရှိ အစ္စလာမ် ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင်တို့၏ နှစ်ဖက် ပဋိပက္ခအပြင်းအထန်ဆုံး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ ကျွန်တော် နဲ့ အဖွဲ့ တို့ရောက်ရှိသွားပြီး မီးရထားသံလမ်းပေါ်မှ တားဆီးထိန်းသိမ်းခဲ့ရသဖြင့် နှစ်ဖက်စလုံးမှ အသေအပျောက်အထိအခိုက်အနည်းဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ပါကြောင်း။ ဒါကြောင့်မလို့ လုပ်နိုင်တဲ့ အင်အားအတိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါကြောင်း ၊ သို့သော်လည်း ဒီကြားထဲမှာကို တစ်စစမီးပွားလိုဖြစ်ပွားတြ့ပဿနာတွေကို အခြေအနေအပေါ်မူတည်ပြီး အရေးပေါ်ကြေငြာခဲ့တယ်ဆိုတာ ကို ကျွန်တော် အနေနဲ့ အထူးအလေးထားပြီး တင်ပြအပ်ပါကြောင်း။
ဒါကြောင့် ခုနက ဝေဖန်သုံးသပ်ထောက်ပြဆွေးနွေးအကြံပြုခဲ့တာတွေကို ကျွန်တော် အနေ နဲ့ ကော ကျွန်တော်တို့  အုပ်ချုပ်မှု အဖွဲ့အစည်းအနေနဲ့ ကော လမ်းပြပေးတယ်။ ဖြည့်စွက်ပေးတယ် ၊ တည့်မတ်ပေးတယ်လို့ ခံယူပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ် လို့ ကျွန်တော့်အနေ နဲ့ လွှတ်တော်သို့ တင်ပြအပ်ပါကြောင်း။ အဆိုတင်သွင်းခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အား ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုသတ်မှတ်သည့် ကာလအထိ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ကို နာခံသွားမည်ဖြစ်ကြောင်းသိရသည်။
From:Hots
www.mmdailystar.com