Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည်သူများအတွက် မော်လမြိုင်တွင် တပ်မတော်ခွဲတမ်းဖုန်းများ အရပ်သားများကို ရောင်းချမည်

$
0
0

တပ်မတော်များကို ဧပြီလအတွင်းက ရောင်းချရန် ရည်ရွယ်ထားသည့် ၁၅၀၀ ကျပ်တန် CDMA 800 MHz SIM Card ၂၆၅၀ ခန့်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အရပ်သားများအား ရောင်းချပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြားသည်။

 မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခင်က ဧပြီလ ၂၄ ရက်နေ့တွင် ၁၅၀၀ ကျပ်တန် မိုဘိုင်းလ်ဖုန်းကတ်များ ရောင်းချရာ (၁၁) ရပ်ကွက်သာ ရောင်းချပေးနိုင်ပြီး ယခုလ အတွင်းတွင် ရပ်ကွက်အားလုံး ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မေလ ၂၁ ရက်နေ့တွင် မွန်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက် ၄၂ ခုကို ဖုန်းအလုံးရေ ၁၀၈၅ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလ အတွင်းက မော်လမြိုင်မြို့တွင်း ရပ်ကွက် ၁၁ ခုမှ ဖုန်းမဲပေါက်သော်လည်း မရရှိခဲ့သော လူ ၄၅ ဦးကိုလည်း မဲပေါက်ပြီးသားအဖြစ် သတ်မှတ် ကာ SIM Card များ ပြန်လည် ရောင်းချပေး မည်ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီး  ဒေါက်တာခင်မောင်သွင်  က ပြောကြားသည်။

 ဧပြီလ အတွင်းတွင် မွန်ပြည်နယ် မြို့နယ်အချို့နှင့် မော်လမြိုင်မြို့ ရပ်ကွက် ၁၁ ခု၌ SIM Card ၈၁၅၀ ကျော်ကို ရောင်းချပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>