Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် ကူညီမည်ဟု ကတိပြု

$
0
0



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူအညီပေးရန် ကတိပြု ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများအတွက် ချီးကျူး ပြောကြားခဲ့သည်။

အိမ်ဖြူတော်သို့ ပထမဆုံး လာရောက်သည့် သမ္မတဦးသိန်းစိန်အား ကြိုဆိုရင်း အိုဘားမားက မြန်မာနိုင်ငံကို ယခင်က ခေါ်ဝေါ်သုံးစွဲခဲ့သော ''ဘားမား'' အစား တရားဝင်နာမည် ''မြန်မာ'' ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှု အပြည့်အ၀ အကောင်အထည် ပေါ်လာရေး တွန်းအားပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများ ရှေ့ဆက်ဖြစ်ပေါ်ရေး ကတိပြုခဲ့သည်။


သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ်တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်...

အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင် အတူယှဉ်ထိုင်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ဆက်လက် လွှတ်ပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ သမ္မတနှစ်ဦး၏ တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က
 မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီရာရောက်ကြောင်း၊ ယင်းအတွက်ကြောင့် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ်တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။
 
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီးသွားရောက်သည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန် စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့သည်။

ယင်းသည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လအကြာတွင် မြန်မာသမ္မတ အမေရိကန်သို့ ယခုလို သွားရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီကြီးများ လာရောက်ရင်းနှီး မြှုပ်နှံရန်၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။
 

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး တို့တွင် ဆက်လက် လုပ်ဆောင်သွားရန် ကျန်ရှိနေသေးသော်လည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများတွင် တိုးတက်မှုများ ရှိနေသည်ကို လျော့တွက်၍ မရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေ ၁၇ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးသည့် အနေဖြင့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၄ သန်းတန်ဖိုးရှိ ကူညီထောက်ပံ့မှုကို လာမည့် ၂၀၁၄ ခုနှစ်တွင် ပေးအပ်ရန် အဆိုပြုထားသည်။

ယင်းပမာဏသည် ၂၀၁၂ ခုနှစ်တွင် ပေးအပ်ခဲ့သည့် ပမာဏထက် အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၈ သန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

From:eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>