Quantcast
Channel: Myanmar Daily Star
Viewing all 4837 articles
Browse latest View live

ဒေါ်အောင်ဆန်းစုကြည် မြန်မာအခါကြီး ရက်ကြီးကို ရည်ရွယ်ချက်ရှိရှိ ဘာကြောင့်ရှောင်နေသလဲ ?

$
0
0

မြန်မာ့ရိုးရာ သင်္ကြန်ကာလကို ဂျပန်တွင် သွားရောင်းတိမ်းရှောင်ပြီးနောက် သီတင်းကျွတ် ကာလကိုလည်း မြန်မာနိုင်ငံတွင် မနေပဲ သားနှင့် ချွေးမများရှိရာ ဗြိတိန်သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မည်။  ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဗြိတိန်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်ခ်နိုင်ငံများသို့ သီတင်း ၂ ပတ်ကြာ ခရီးထွက်ခဲ့တဲ့သတင်း ကို  ဘီဘီစီ မြန်မာ သတင်း ဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

၂၀၁၃ ခု ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲတွင် မြန်မာ သက်ကြီးရွယ်အိုများ တရားစခန်းဝင်နေချိန်၌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြန်သည်။ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ ဂျပန်နိုင်ငံတွင် လည်ပတ်ခဲ့ပြီး ရေအားလျှပ်စစ် စက်ရုံသို့ သွားရောက်လေ့လာ ခဲ့သည်။ ယနေ့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှ ပြန်ရောက်တာ ၁ နှစ်ကျော်  ကြာပြီဖြစ်သော်လည်း NLD ပါတီမှ ရေအားလျှပ်စစ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု အကောင်အထည်ဖော်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်မှ ဘာအတွက် လေ့လာပြီး ဘယ်မှာ ပြန်အသုံးချတယ်ဆိုတာကိုလည်း ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။
၂၀၁၃ ခုနှစ် မြန်မာတို့ရဲ့ သီတင်းကျွတ်ချိန်ခါ အခါကြီးရက်ကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်အပေါ် တည်မှီပြီးတော့ဆင်းဟဒ် တက္ကသိုလ်ကို သီတင်းကျွတ် သီလ ယူရမယ့် အချိန်ကို ရှောင်တဲ့ အနေနဲ့ လေ့လာရေးခရီးထွက်ခဲ့ပြန်ပါတယ်။ထို သီတင်းကျွတ်ရှောင်တဲ့လေ့လာရေးခရီးစဉ်မှာလည်း တပ်မတော်အပေါ် ခနဲ့သလို အပြောအဆိုတွေ ပြောဆိုခဲ့ယုံကလွဲပြီးတော့..နိုင်ငံအတွက် ဘာတစ်ခုမှ ရယူနိုင်ခဲ့ခြင်း၊ပြန်လည် အသုံးချနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ယခုလည်း ၂၀၁၄ ခုနှစ် မြန်မာ သင်္ကြန်ရက်မြက်ကို ရှောင်ရှားဖို့အတွက်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က စပြီး ဂျာမဏီနိုင်ငံနဲ့ ပြင်သစ် နိုင်ငံတွေကို သွားရောက်ဖို့ဆုံးဖြတ်ပြီး  မြန်မာ အခါကြီးရက်ကြီးတွေကို ထပ်ရှောင်ပြန်ပါတယ်။ဒီတော့..အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ အခါကြီးရက်ကြီးတွေကို ဘာကြောင့် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေတာလဲဆိုတာတော့..မေးခွန်းထုတ်ချင်စရာဖြစ်နေပါတယ်။

From: ကိုကြည် (မဒေါက်)

www.mmdailystar.com

ဖော်ချွတ် ရိုက်မှသာ Sexy လို့ မခေါ်ဘူး။ လုံလုံခြုံခြုံ နဲ့ Sexy ဖြစ်တာ လည်းရှိတယ်ဟု ဆိုလိုက်တဲ့ မြန်မာမော်လ်ဒယ်

$
0
0
အတိုအပြတ် ဝတ်ပြီး ဖော်ချွတ် ရိုက်မှသာ Sexy လို့ မခေါ်နိုင်ကြောင်း မြနှင်းရည်လွင်က ပြောသည်။ ”ဟိုပေါ်ဒီပေါ်ဖော် မှ Sexy လို့ မဆိုနိုင်ဘူး။ လုံလုံခြုံခြုံ နဲ့ Sexy ဖြစ်တာ လည်းရှိတယ်” ဟု မြနှင်းရည်လွင် က ပြောသည်။

”အင်ဂျလီနာဂျိုလီ ကို မြနှင်း ကြိုက်တယ်။ သူက မဖော်မချွတ်ဘဲ Sexy ကျတဲ့ ပုံတွေ အများကြီး ရှိတယ်။ အဓိကက မျက်နှာ၊ မျက်လုံး အမူအရာ၊ ညှို့အားပါပဲ” ဟု မြနှင်းရည်လွင် က ဆိုသည်။ အကယ်ဒမီ ဗန်းကိုင်အဖြစ် အနုပညာလောက ထဲ စတင် ဝင်ရောက်ခဲ့ပြီး ဓာတ်ပုံမော်ဒယ် အဖြစ် အနုပညာ အလုပ် ကိုလုပ်နေ သည့် မြနှင်းရည်လွင် သည် ဗီဒီယို၊ ရုပ်ရှင်ဘက်သို့ ကူးပြောင်း ရိုက်ကူးလာကြောင်း သိရသည်။

”မြနှင်း ပထမဆုံး ရိုက်တဲ့ ‘ဧဒင်ရဲ့ နတ်သမီးများ’ ရုပ်ရှင် ကားကြီးကို ရုံမတင်ရသေးဘူး။ မြနှင်း တို့လည်း စိတ်လှုပ်ရှားစွာ နဲ့ စောင့်နေပါတယ်” ဟု ၄င်းက ဆက်ပြော သည်။ မြနှင်းရည်လွင်က Sexy ပုံစံကို မကြိုက်ဘဲ မြန်မာ ဝတ်စုံသာလျှင် ဘဝအတွက် အလုံခြုံဆုံး ဝတ်စုံဟု ခံယူထားသည်ဟု ပြောသည်။ ”မြန်မာ ဝတ်စုံက ကိုယ်နဲ့ မလိုက်ဖက် ပေမယ့် ဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်လို့ ခံယူထားတယ်”ဟု ၄င်းက ဆိုသည်။

ထူးထူး
From: Popular Myanmar News

www.mmdailystar.com

မိန်းမအစစ်တွေ အရှုံးပေးရမဲ့ ဖြတ် ဖောက် ချုပ် သူများရဲ့ အလှ

$
0
0
 


လောကမှာ မိန်းမသားတဦးရဲ့ အလှတရားကို အမျိုးသားတွေ လိုက်မမီဘူးဆိုတဲ့ စကားက အခုခေတ်ကြီး မှာ မှား သွားပြီထင်ပါတယ်။

အခုမြင်တွေ့ရမယ့် ထိုင်းနိုင်ငံက အခု ၂၀၁၄ ခုနှစ်၊ လေဒီဘွိုင်း အလှမယ်ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေရဲ့ ဓာတ်ပုံတွေ က အမျိုးသားတွေရဲ့ အမျိုးသမီးတွေ ရှုံးလောက်တဲ့ အလှကို မျက်ဝါးထင်ထင်မြင်စေပါပြီ။


အမျိုးသမီးစိတ်ပေါက်နေတဲ့ အမျိုးသားတော်တော်များများဟာ ထိုင်းနိုင်ငံမှာ အထင်အရှားရှိနေပြီး သူတို့ ဟာ ထိုင်း လူ့ပတ်ဝန်းကျင်ရဲ့ ကျင်ဖယ်ခွဲခြားခြင်းတွေမရှိတဲ့အပြင် နေရာပေးမှုတွေတောင် ရှိကြပါတယ်။ ဒါကြောင့် နိုင်ငံတကာက လေဒီဘွိုင်းတွေလည်း ထိုင်းနိုင်ငံကို လာပြီး အလှပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင် ကြတာနေပါလိမ့်မယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက် ကပဲ နာမည်ကြီး နိုင်ငံခြား လေယာဉ်ကုမ္ပဏီပိုင်ရှင်တဦးက ထိုင်းနိုင်ငံ က လေဒီဘွိုင်း တဦးကို ထိုင်း ဘတ်ငွေ သန်း များစွာ တင်တောင်းပြီး အကြီးအကျယ်မင်္ဂလာဆောင်ပွဲတောင် ကျင်းပခဲ့ပါသေးတယ်။



တချို့ အမျိုးသမီးစိတ်ပေါက်နေတဲ့ အမျိုးသားတော်တော်များများကလည်း ဖြတ်၊ ဖောက်၊ ချုပ် ဆိုတဲ့ အမျိုးသမီး လိင် အင်္ဂါ ပုံစံ ခွဲစိပ်ပြောင်းလဲကြတာလည်း ခေတ်စားပါတယ်။ ဧရာဝတီ က ဖြတ်၊ ဖောက်၊ ချုပ်အကြောင်း တင်ပြခဲ့ဖူးပါတယ်။

သူတို့တွေရဲ့ အသားအရေ၊ မျက်ခုံး၊ မျက်လုံး၊ ကိုယ်လုံးကိုယ်ပေါက်တို့ရဲ့ အလှဟာ သာမန် မိန်းကလေးတွေတောင် ငေး ကြည့်ရနိုင်တဲ့ အခြေအနေပါ။ အခုမြင်တွေ့ရတဲ့ လေဒီဘွိုင်းတွေရဲ့ ဓာတ်ပုံတွေကတော့ ပုရိသတွေအတွက် အမှတ်မှားသွားစေနိုင်ပါတယ်။

အိမ့်သံစဉ် ~


From: ဧရာဝတီ

www.mmdailystar.com

Grand Royal မဏ္ဍပ်ကို အမည်ပျက် စာရင်းသွင်း

$
0
0
Grand Royal မဏ္ဍပ် ကို အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ်များတွင် ခွင့်ပြုချက် မပေးရန် ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက ပြောကြားသည်။

မြန်မာသင်္ကြန် အကြိုနေ့ တွင် Grand Royal မဏ္ဍပ်အရက် ကြော်ငြာရှိုးပွဲ၌ ထိုင်းအကမယ် များက အတွင်းခံသာဝတ်ပြီးကပြ ခဲ့၍ သင်္ကြန်ကာလနှင့်ရောကာ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နာမည်ပျက်ခဲ့ရကြောင်းဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သင်္ကြန်မဏ္ဍပ်အနေနဲ့တင် မဟုတ်ဘဲ မျှော်စင်ကျွန်းထဲမှာ ရှိုးပွဲအနေနဲ့ ခွင့်ပြုချက်တင်ပြီး လုပ်တာ။ ထိုင်းအကအဖွဲ့က အဖော်အချွတ်လုပ်ပြီး အရက် ကြော်ငြာလုပ်ခဲ့ကြတာ။ သင်္ကြန် ကာလနဲ့ တိုက်ဆိုင်သွားတာ။ ဘလက်လစ် သွင်းထားတယ်။ မှတ်တမ်းလုပ်ထားတယ်။ နောင်နှစ်မှာရှိုးပွဲမပေးတော့ဘူး။ မဏ္ဍပ် လာလျှောက်ရင်လည်း မပေး တော့ဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

အဆိုပါ အကမယ်များမှာ Stars and Model Agency ပိုင်ရှင် ဂျွန်လွင် ခေါ်လာသည့် ထိုင်း နိုင်ငံမှ မိန်းမလျာများ၊ အကသမား များဖြစ်ပြီး ရန်ကုန်မြို့ရှိ အရောင်းပြခန်းဖွင့်ပွဲ တစ်ခုတွင်လည်း လာ ရောက်ခဲ့ဖူးသူများဖြစ်ကြောင်း အဆိုပါ မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် နောင်နှစ်သင်္ကြန် ကာလများတွင် မဏ္ဍပ်များလာ ရောက်လျှောက်ထားပါက အမည်ပျက်စာရင်းသွင်းခံထားရသည့်မဏ္ဍပ်များကို ခွင့်ပြုချက် မပေးတော့ဘဲ မဏ္ဍပ်အမည်ဆိုင်းဘုတ်များကို မြန်မာလို ရေးသားရာတွင်လည်း အရွယ်အစား သတ်မှတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဖော်မှ ချွတ်မှ အရက် ရောင်းကောင်းတာမဟုတ်ဘူး။ အရက် ကွာလတီကောင်းရင်၊ ကျန်းမာရေးနဲ့ညီညွတ်ရင် ရောင်း ကောင်းမှာပဲ။ မန်နေဂျာကို ခေါ် ပြောပြီးပြီ။ သူဌေးက နိုင်ငံခြား ရောက်နေတယ်ဆိုလို့ ပြန်လာရင် ခေါ်ပြောမယ်။ သာမန်ကိစ္စမို့ ဝန်ခံချက်နဲ့တော့ နောင်မလုပ်ဖို့ ပြောရတော့မှာပေါ့’’ဟု ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ၉၃ ခုတွင် မဏ္ဍပ် ၃၀ ကျော်၌ မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် သောက်စားမူးယစ်ပြီး သရုပ်ပျက် အပြုအမူများ ဆောင်ရွက်ခဲ့၍ မှတ်တမ်းပြုစုကာ အမည်ပျက် စာရင်းသွင်းထားကြောင်း သတင်း ရရှိသည်။

From: 7day

www.mmdailystar.com

ကချင်တိုက်ပွဲ အစိုးရသတင်းထုတ်ပြန်ချက်

$
0
0

ဧပြီလအတွင်း ကချင်ပြည်နယ် မံစီမြို့နယ် ပန်ခမ်းဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်မှ အရာရှိ ၁ ဦး၊ စစ်သည် ၂ ဦး ကျဆုံးပြီး ကေအိုင်အေအဖွဲ့ထံမှ အလောင်း ၆ လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်း ရမိကြောင်း သိရှိရသည်။ ပန်ခမ်းနယ်မြေနှင့် ပန်ခမ်းရွာသည် ယခင်က နိုင်ငံတော်အစိုးရ၏ တရားဝင် နယ်စပ်ဒေသကုန်သွယ်ရေးစခန်းအဖြစ် ဖွင့်လှစ် ထားရှိပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်နေရာဖြစ်ပါသည်။ နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သည့်အလျောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေး အဖွဲ့ဝင်များဖြင့် ကုန်စည် ကူးသန်း မှုများအား စစ်ဆေးခြင်း၊ လူဝင်/လူထွက်များ စစ်ဆေးခြင်းတို့ စနစ်တကျ ဆောင်ရွက် ခဲ့သည့် ဒေသဖြစ်သည်။

သို့သော် ၂၀၁၁ ခုနှစ် ဇွန်လတွင် ကေအိုင်အေအဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် လုံခြုံစိတ်ချရမှု မရှိတော့သဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်းကောင်း၊ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေး အဖွဲ့များမှ လည်းကောင်း အသီးသီးစွန့် လွှတ်ခဲ့ရသည်။ထိုအချိန်မှစ၍ ပန်ခမ်းနယ်မြေတစ်လျှောက် ရှမ်းတိုင်းရင်းသား ကျေးရွာ များဖြစ်သော နားလုံကျေးရွာ၊ နောင်စွမ်းကျေး ရွာ၊ နောင်မွန်ကျေး ရွာ၊ မန်အိတု ကျေးရွာ၊ မိုင်အိုက်တိုက် ကျေးရွာ၊ လွယ်လုံကျေးရွာ စသည့်ကျေးရွာများရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ကိုးကွယ်ရာဖြစ်သော ကျားခေါင်း ဘုရားတောင်ကုန်းတွင် ကေအိုင်အေတို့မှ တပ်စခန်းပြုလုပ်၍ ဝင်ရောက် နေထိုင်ခဲ့ကြသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တပ်စခန်းများအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံးဝမပြုလုပ်ဘဲ ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက် လုံခြုံရေးကိုသာ အဓိက ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ယခုကာလသည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေးအတွက် ဆွေးနွေးပွဲများပြုလုပ်နေစဉ် ကာလဖြစ်သဖြင့် ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များအား အတိအကျ လိုက်နာလျက်ရှိသည့်အပြင် လက်ရှိဆွေးနွေးပွဲ သဘောတူညီချက်များကိုပါ ဂရုပြုထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

သို့သော် ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် မန်ဝိန်းကြီးနှင့် ကောင်းမှုယန် ဆက်သွယ်ရေး လမ်းကြောင်းတွင် ပုံမှန် တပ်လဲလှယ်ရေးတာဝန်ဖြင့် သွားလာနေစဉ် ကေအိုင်အေအဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်ခဲ့သဖြင့် တပ်မတော်မှ ဗိုလ်မှူးတစ်ယောက် ကျဆုံးခဲ့ရသည်။ သို့ဖြစ်၍ ၎င်းဆက်သွယ်ရေး လမ်းကြောင်းအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် မိမိတပ်မတော်စစ်ကြောင်းများဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ကေအိုင်အေ အဖွဲ့များနှင့် တိုက်ပွဲတချို့ဖြစ်ပွားပြီး ပန်ခမ်းနယ်မြေအား တပ်မတော် စစ်ကြောင်း များမှ ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အဆိုပါနယ်မြေ ရှင်းလင်းစဉ် ကာလအတွင်းတပ်မတော် အရာရှိ (၁)ဦးနှင့်စစ်သည်(၂) ဦးကျဆုံး၍ အရာရှိ(၁) ဦးနှင့် စစ်သည်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေ ဘက်မှ အလောင်း(၆)လောင်းနှင့် လက်နက်(၅)လက် သိမ်းဆည်းရရှိခဲ့သည်။ ထို့ပြင် ပန်ခမ်းကျေးရွာအနီးကေအိုင်အေ၊ အူလံပါခရိုင်ရုံးရှိ အဝေးထိန်း မိုင်းများ ထုတ်လုပ်သည့် အဆောက်အအုံနှင့်ဆက်စပ်ပစ္စည်းများအား ရှင်းလင်း သိမ်းဆည်းရမိခဲ့ပြီး ကေအိုင်အေ အချုပ်ခန်းအတွင်းတွင် ကေအိုင်အေမှ တပ်သားသစ်အတွက် သံခြေချင်းခတ် ဖမ်းဆီး ချုပ်နှောင် ထားသော နောင်ချိုမြို့နယ် ဘာကွန်ကျေးရွာမှ ဓနုတိုင်းရင်းသား (၁)ဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် မိုးမောက်မြို့နယ် ကျောက်စခန်းအနီး မိုင်တိုင်အမှတ်(၁၂/၄)၌ ပုံမှန် စစ်ဆင်ရေး တာဝန်လဲလှယ်သော တပ်မတော်စစ်ကြောင်းအား ကေအိုင်အေ အဖွဲ့များမှ ဆွဲမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက် သဖြင့် စစ်သည်(၂)ဦးကျဆုံး၍ (၉)ဦးဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ယာဉ်နှင့် ယာဉ်ပေါ်ရှိ လက်နက် မျိုးစုံ(၁၃)လက်၊ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှူံးခဲ့ရသည်။
ထို့ပြင် ဗန်းမော်နှင့် စိန်လုံဒေသဆက်သွယ်ရေး လမ်းတစ်လျှောက် မိမိတပ်များ သွားလာလှုပ်ရှားမှုကို နှောင့်ယှက် တိုက်ခိုက် လျက်ရှိသော ကေအိုင်အေအဖွဲ့များ အခြေပြုရာ ပွိုင့်(၇၉၂)စခန်းဒေသအခေါ် မိုင်ဆတ် ကောင်းနှင့် ပွိုင့်(၄၀၆) စခန်းဒေသ အခေါ်ဒဂေါ်မကာ ဘွမ်တို့အား တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းခဲ့ရာ တပ်မတော် ဘက်မှ စစ်သည်(၃)ဦးကျဆုံး၍ (၃)ဦးဒဏ်ရာ ရရှိခဲ့ပြီး ကေအိုင်အေဘက်မှ အလောင်း (၈) လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့သည်။

မိမိနိုင်ငံ ပန်ခမ်းနယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် မိမိတပ်များအနေဖြင့် ပန်ခမ်းနယ်မြေ အတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခြင်းမရှိသဖြင့် ကျေးရွာများအတွင်း၌ တိုက်ပွဲ ဖြစ်ပွားခြင်းများ မရှိဘဲ ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဗန်းမော်-စိန်လုံ-လွယ်ဂျယ် ဆက်သွယ်ရေး လမ်းကြောင်း ပေါ်တွင် လုံခြုံစိတ်ချစွာဖြင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုများ ပုံမှန်ဆောင်ရွက် လျက်ရှိ နေပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းက မန်စီ-မိုးမိတ်ဒေသ၊ ဆင်ဘို-ဗန်းမော်ဒေသ၊ ဆင်ဘို-မံပင်ဒေသတို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့အထိ ကျွန်းနှင့် တမလန်း အပါအဝင် သစ်တန်ချိန်ပေါင်း ၅၀၈၇ တန်၊ ယာဉ်/ယန္တရား ၁၂၀ စီး၊ တရုတ်နိုင်ငံသား ၁၃ ဦးအပါအဝင် တရားခံ ၅၃ ဦးတို့အား ဖမ်းဆီး ရမိခဲ့ပြီး ကေအိုင်အေအဖွဲ့နှင့် ၄ ကြိမ် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
From:ME

www.mmdailystar.com

တောင်ကိုရီးယား သင်္ဘောမှောက်မှု သေဆုံးသူ ၅၆ ဦး အတည်ပြု

$
0
0
နစ်မြုပ်နေတဲ့ Sewol တောင်ကိုရီးယားကတို့သင်္ဘောထဲကို ရေငုပ်သမားတွေ ဝင်ရောက်ပြီး အလောင်းတချို့ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ အခုအချိန်ထိ အတည်ပြုနိုင်သလောက် သေဆုံးသူ ၅၆ ယောက်ရှိသွားပြီး ၂၄၆ ယောက်ကတော့ သေသလား ရှင်သလား မသိရသေးပါဘူး။

သေဆုံးသူအများစုဟာ အထက်တန်း ကျောင်းသူ ကျောင်းသားတွေဖြစ်ကြပါတယ်။ သာမန်ပြည်သူလုပ်အားပေးတွေပါဝင်တဲ့ ရေငုပ်သမားတွေဟာ ကြမ်တမ်းတဲ့လှိုင်းဒဏ်နဲ့ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အခြေအနေမှာပဲ နစ်နေတဲ့ သင်္ဘောထဲကို ဝင်နိုင်ဖို့ ကြိုးစားခဲ့ကြရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ပြောခွင့်ရသူ Ko Myung-suk က ခုလို ရှင်းပြခဲ့ပါတယ်။

ရှာဖွေရေးအဖွဲ့တွေဟာ သဘောင်္ထဲကို ဘက်ပေါင်းစုံကနေ ဝင်ရောက်နေပြီး ခက်ခက်ခဲခဲ ပိုက်စိပ်တိုက်ရှာဖွေမှုတွေကို လုပ်နေကြတယ်လို့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ရေငုပ်သမားတွေဟာ စနေနေ့ညနှောင်းပိုင်းမှာ သင်္ဘောအခန်းတွေရဲ့ မှန်ပြူတင်းပေါက်တွေကို ရစ်ုက်ခွဲပြီး အခန်းထဲက ပထမဆုံးအလောင်းကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ဧပြီလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့ထဲက တိမ်းမှောက် နစ်မြုပ်သွားတဲ့ သင်္ဘောမှာ ခရီးသည် ၄၇၆ ယောက်ပါသွားပြီး ၁၇၄ ယောက်ကိုပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သင်္ဘော ဘေးစောင်းပြီး နစ်ခဲ့ချိန်တုန်းက စိတ်မချရတဲ့ ရေလမ်းကြောင်းနေရာမှာ အသက် ၂၆ နှစ်အရွယ် သင်္ဘောတတိယအရာရှိက ပဲ့ကို ထိန်းခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ အရင်က သူတခါမှ ပဲ့ ထိန်းခဲ့ဖူးတာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောပါတယ်။ အဲဒီအချိန်မှာ သင်္ဘော Captain ဟာ သူ့ရဲ့ အခန်းထဲမှာ ရှိနေပြီး အတွေ့အကြုံမရှိတဲ့ တတိယအရာရှိကို ပဲထိန်းခန်းထဲမှာထားခဲ့တာဖြစ်တယ်ဆိုတာကိုလဲ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

သင်္ဘောနစ်နေစဉ် ခရီးသည်တွေကို ဒီအတိုင်းထားပြီး ဘေးလွတ်အောင်ထွက်ပြေးခဲ့မှုနဲ့ သင်္ဘော Captain နဲ့ သင်္ဘောအမှုထမ်း ၂ ယောက်ကို ဖမ်းဆီး တရားစွဲထားပါတယ်။
From:VOA

www.mmdailystar.com

Plain folks ရေယဉ်ကြော မျောမနေစေဖို့ 

$
0
0
အပေါ်ပုံကိုကြည့်ရင်တော့ ဗြိတိန်ဝန်ကြီးချုပ် တစ်ယောက်
ရထားစီးတာ ထိုင်ခုံနေရာမရလို့  ပြည်သူတွေကိုဦးစားပေးပြီး
မတ်တပ်ရပ်စီးတယ်ပေါ့။
လက်ခုပ်သံတွေကလည်း သောင်းသောင်းဖြဖြ။
ဟယ် အနစ်နာခံတတ်လေခြင်း။

အောက်ကပုံမှာတော့ ပုံရဲ့ ညာဘက်ခြမ်းက
ခုံတွေလွတ်နေတာကိုတွေ့ ရပါလိမ့်မယ်။
ဒီမှာပေါ်သွားပါပြီ။
တကယ်က ရထားပေါ်မှာ ထိုင်ခုံနေရာကရှိပြီးသားပါ။
အဲ့ဒါကို ဝန်ကြီးချုပ်က မတ်တတ်ရပ်စီးပြတယ်။
အဲ့လိုမတ်တပ်ရပ်လိုက်ပါလာရတာကို ဓာတ်ပုံရိုက်တင်တယ်။
သူဟာ ပြည်သူတွေအတွက်အနစ်နာခံကြောင်း ၊ ပြည်သူနဲ့ တသားတည်းရှိကြောင်းပြချင်တယ်။
ပြည်သူတွေသဘောကျကြတယ်။
ဒါပါပဲ။

သိပ်ကို ချီးမွမ်းလွန်ပြီး plain folks ရေယဉ်ကြော မျောနေကြသူများ တစ်ချက်ပြန်စဉ်းစားကြပါစို့ ။
-ဝန်ကြီးချုပ်ဟာ အခါတိုင်းလည်း ဒီလိုပဲ ရထားတိုးစီးလေ့ရှိသလား။
-သူအခါတိုင်း လေယာဉ်တွေ ကားအကောင်းတွေနဲ့ 
သွားတုန်းက ဓာတ်ပုံရိုက်မတင်ဘဲ ရထားစီးမှရိုက်ပြတာလား။
-သူစီးတဲ့ရထားကရော အမှန်တကယ် တိုးဝှေ့ ပြည့်ကြပ်နေတဲ့ရထားမျိုးလား၊ သက်တောင့်သက်သာစီးရတဲ့ရထားမျိုးလား။
-သူစီးတဲ့အချိန်ကရော လူတွေပြည့်နေတဲ့ အချိန်မျိုးလား။
-သူရထားစီးဖို့ လုံလောက်တဲ့အကြောင်းပြချက်ရှိလား(ဥပမာ သူ့ ကားတစ်ခုခုချို့ ယွင်းပြီးမောင်းမရလို့ )
-သူ့ ဓာတ်ပုံကို ပြည်သူထဲကတင်တာလား။ သူ အဖွဲ့ ကလူတွေပဲ ဓာတ်ပုံရိုက်တင်ပေးသလား။
-အဲ့လိုလုပ်လိုက်လို့  ပြည်သူတွေဘက်က တစ်ခုခုအကျိုးပိုထူးလာသလား။ဒါမှမဟုတ်သူ့ ပုံရိပ်ပဲပိုတက်သွားသလား။

ဒီလောက်ဆိုရင် စဉ်းစားလို့ ရပြီထင်ပါတယ်။
ကိုယ်ဟာ ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြချင်တဲ့အတွက် နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေအဓိကသုံးလေ့ရှိတဲ့ဒီအကွက်ကို
plain folks လို့ ခေါ်ပါတယ်။
ရည်ရွယ်ချက်ကတော့ သူတို့ ဟာပြည်သူနဲ့ ထပ်တူကျကြောင်းပြဖို့ ၊
ပြည်သူတွေသူတို့ ကိုယုံကြည်လာဖို့ ပါပဲ။

ဥပမာ- နိုင်ငံရေးနယ်ပယ်ထဲကလူတစ်ယောက် ပြည်သူနဲ့ 
တစ်သားတည်းရှိကြောင်းပြချင်လို့  လမ်းဘေးဆိုင်ဝင်စားနေမယ်။
သူ့ ဟာသူစားချင်လို့ ဆိုရင် သူစားနေတာကိုလူသိခံလေ့မရှိဘူး။
အဲ့ဒါကိုမှ ပုံကြီးချဲ့ ပြီး ဇာတ်ခင်းလာရင်တော့ အထက်က အချက်လိုမေးခွန်းမျိုးတွေနဲ့ပြန်တိုက်စဉ်းစားပါ။

စီးပွားရေးနယ်ပယ်မှာလည်း နိုင်ငံခြား ကုမ္ပဏီကြီးကြီးတစ်ခု ပြည်တွင်းကိုလာရင်းနှီးမြှုပ်နှံမယ်။
သာမန်ရက်တွေမှာတော့သူတို့ ဝတ်လေ့မရှိတဲ့မြန်မာဝတ်စုံကို မြန်မာတို့ ရဲ့ ပွဲတော်ကြီးကြီးတွေမှာ သူ့ ကုမ္ပဏီကလူအားလုံး ဝတ်ပြမယ်။ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်းပြမယ်
အဲ့သလိုသူတို့ ခင်းတဲ့ဇာတ်ကို လက်ခုပ်တီးတော့မယ်ဆိုရင်လည်း ပြန်စဉ်းစားဖို့ လိုပါမယ်။

သူတို့ ဟာ အမှန်တကယ် ပြည်သူနဲ့ တစ်သားတည်းကျနေသလား။
ပြည်သူတွေရဲ့မျက်နှာကိုအမှန်တကယ် ကြည့်နေရဲ့လား။
ဟန်ပြပဲလုပ်နေသူတွေပဲလားဆိုတာ ခွဲခြားတတ်ဖို့ လိုပါတယ်။
Propaganda နည်းများစွာထဲက plain folks လို့ ခေါ်တဲ့ ဒီနည်းကို တသောသောဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ၊
၂၀၁၅ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးသမားတွေ ထုတ်သုံးကြပါလိမ့်မယ်။

ဟန်ပြတစ်ကွက်ကိုမယုံမိဖို့ ၊အမှန်တကယ်ပြည်သူ့အကျိုးကိ
အမှန်တကယ်လိုလားမှုရှိမရှိ ခွဲခြားသိနိုင်ဖို့ အတွက်သူတို့ သုံးတဲ့ plain folks အကွက်တွေအကြောင်း ကိုယ့်ဥာဏ်နဲ့ ကိုယ်ဆင်ခြင်ဖို့ လိုပါတယ်။
တကယ်က သူတို့ ဝါဒဖြန့် တာအောင်မြင်တယ်ဆိုတာ သူတို့ သိပ်တော်နေလို့ မဟုတ်ပါဘူး။
ကိုယ်တွေကိုက အယုံလွယ်လွန်းလို့ ပါပဲ။

From: #ယဉ်ယဉ်နှောင်း

www.mmdailystar.com

ဘင်္ဂလီအရေး ဘ၀င်မကျလို့ တင်ပြပါရစေ

$
0
0





ရိုဟင်ဂျာ ရခိုင် ကိစ္စနဲ့ ပတ်သတ်ပြီး အတော်ငြင်းကြ ခုန်ကြတာ တွေ့နေရတယ်။
ကွဲတာပြဲတာ မဆန်းပေမဲ့ ကြာရင် စကားနောက် တရားပါ ဆိုသလို တဘက်နဲ့ တဘက် ရန်သူ အဆင့်ရောက်လာမှာ စိုးရတယ်။။ ရခိုင်ဘုရင်၊ မြန်မာဘုရင်တွေ ခေတ်၊ အင်္ဂလိပ်ကိုလိုနီ ခေတ်၊ လွတ်လပ်ရေးရပြီးကနေ အခုနှစ်တွေ အထိ ဘင်္ဂလားတွေ မြန်မာပြည်ထဲ ဝင်တာ ထွက်တာတွေ ရှိနေမှာပဲ ထင်တယ်။ အင်္ဂလိပ်ကိုလိုနီ ခေတ်က ဝင်တာက အများဆုံးဖြစ်မယ် ထင်ရတယ်။

ဒီလို ဝင်လာတဲ့ ဘင်္ဂလားတွေကိုပဲ ဘယ်လောက်ကြာရင် မြန်မာနိုင်ငံသားအဖြစ် လက်ခံပေးမယ် ဆိုတာ ဥပဒေပြဌာန်း ပြီးသားလဲ ရှိတယ်။ ခက်တာက ဘင်္ဂလားတွေက အဲဒီလို တယောက်ချင်း လက်ခံတာကို မလိုချင်ဘူး။ ရှိတဲ့လူ အကုန်လုံးကို တခါတည်း နိုင်ငံသားဖြစ်သွားအောင် လံကြုပ် လုပ်လာတယ်။ သူတို့တွေဟာ အင်္ဂလိပ်ခေတ် မတိုင်ခင်တည်းက ရောက်နေတာပါ။ သူတို့ဟာ ဘင်္ဂလားနဲ့ လူမျိုးမတူတဲ့ ရိုဟင်ဂျာ လူမျိုးဖြစ်ပါတယ်။ ကရင်၊ကယား၊ကချင် တို့လို မြန်မာပြည်ဖွား တိုင်းရင်းသား အဆင့်ပေးပါ။ ဘာမှ မစစ်ဆေး ပဲ အကုန်လုံးကို နိုင်ငံသား ပေးပါ လုပ်လာတယ်။ ကိုးကန့် လူမျိုးဆိုတာတောင် ရှိသေးတယ် မဟုတ်လား။ ပေါက်ဖေါ်လူမျိုး ဆိုပြီး လုပ်မလာတာ တော်သေးတယ်။

ဘင်္ဂလား နဲ့ လူမျိုးမတူဘူး ဆိုတာကို သူတို့ဘာသာ ပြောရင်း သူတို့ဘာသာ ယုံချင်သလိုလိုဖြစ် လာတယ်။ တမျိုးနဲ့ တမျိုး မတူကွဲပြားတဲ့ လူမျိုးတွေ ဆိုတာက လည်း လူတွေရဲ့ အများညီ သတ်မှတ်မှုက ပေါ်လာတာ ဖြစ်နေတယ်။ သိပ္ပံနည်း နဲ့ တိုင်းတာလို့ မရဘူး။ အုပ်စုကြီးတစု ကနေ အုပ်စုငယ် တခု ခွဲထွက်သွားပြီး ကြာရင် ဝတ်ပုံ စားပုံ ဓလေ့တွေ ကွဲလာတယ်။ စကားချင်းပါ သိပ်နားမလည်တော့ရင် နောက်လူမျိုးတခု လို့ သတ်မှတ်လိုက်ကြရော ( ဥပမာ ရခိုင်၊ ဗမာ၊ ထားဝယ် နဲ့ အင်းသား တွေက နကိုယ်တအုပ်စုတည်း၊ တမျိုးတည်းကပဲ )။ တခါတလေ လူတွေက ကိုယ်မသိတဲ့ လူတွေအားလုံးကို သိမ်းကျုံးပြီး လူမျိုး တခုလို့ သတ်မှတ်ထားတယ်။ အခေါ်ခံရတဲ့ လူတွေက သူတို့ကို အဲဒီလို ခေါ်မှန်းတောင် မသိဘူး။ ဥပမာ ချင်းတွေက သူတို့ကို သူတို့ ချင်း လို့ မခေါ်ကြဘူး။

ပြသနာတခု ရှိနေပြီဆို အပြင်လူတွေက ဝင်ပြီး အမြတ်ထုတ်တတ်တာ ထုံးစံပဲ။ ရခိုင် ရိုဟင်ဂျာ အငြင်းပွားမှုကို အမြတ်ထုတ်သွားတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ တဦးချင်း တွေ အများကြီး ရှိတယ်။ အခုလည်း အဲဒီလို သုံးနေကြတုန်းပဲ။ အဲဒီ ဒုက္ခ တွေကို လက်တွေ့ ဘဝပျက်အောင် ခံစားနေရတာကတော့ သာမန် ရခိုင်တွေ နဲ့ သာမန် ဘင်္ဂလား immigrant တွေ ဖြစ်တယ်။ အလုပ်သွားတဲ့ သမီး၊ ကျောင်းသွားတက်တဲ့ သား၊ လယ်ထဲမှာ အလုပ်လုပ်နေတဲ့ လင်၊ ဘေးကင်းကင်း နဲ့ အိမ်ပြန်ရောက်ပါ့မလား ပူရတယ်။ ရုတ်တရက် အိမ်ပေါ်တက်လာပြီး ရန်ပြုမလားစိုးရိမ်ပြီး ညတိုင်း အိပ်လို့ မပျော်နိုင်ပဲ ဖြစ်ရတယ်။ အဲဒီ ဘဝ ဆိုးက လွတ်အောင် တနိုင်ငံလုံး ပါဝင်ပြီး ထက်ထက်မျက်မျက် ပြတ်ပြတ်သားသား လုပ်သင့်နေပါပြီ။ ပြတ်ပြတ်သားသား ဆိုပေမယ့် တလောက ရခိုင် အမျိုးသမီးတွေ တောင်းဆိုသလို အကြမ်းမဖက် သော နည်းဖြင့် ဖြေရှင်းပေးပါ ပေါ့။ ကြီးတဲ့ အမှုကို ငယ်အောင်၊ ငယ်တဲ့ အမှုကို ပျောက်အောင် လုပ်ပေးရမယ့် အစား၊ တချို့က ဒီ လူဦးရေ ပြသနာကို လူမျိုးရေး ပြသနာ ဖြစ်အောင်၊ လူမျိုးရေး ကနေ ဘာသာရေး ပြသနာ ဖြစ်ပြီး ပိုကြီးလာအောင်၊ ပိုကျယ်လာအောင် လုပ်နေကြတယ်။ အဲဒီလို ပြသနာ ကြီးလာရင် ပါဝင်ပြီး ပတ်သတ်မည့်သူတွေ၊ သတ်ပုတ်မည့် သူတွေ ပိုပို များလာမယ်။ မကောင်းသူထိပ်၊ ကောင်းသူထိပ် ဆိုသလို အပြစ်ရှိသူ၊ မရှိသူ မခွဲခြားပဲ ကံဆိုးတဲ့လူ ဒုက္ခရောက်မယ်၊ ဘဝ ပျက်မယ်။ အဲဒီလို အကြမ်းဖက် လုပ်ရပ်၊ ချွန်တွန်း လုပ်ရပ် တွေကိုတော့ ( ကိုယ့်ဘက်က ဖြစ်နေရင်တောင် ) ဝိုင်းဝန်း တားဆီး သင့်ပါတယ်။

ကြာကြာနေတဲ့ immigrant တွေကို နိုင်ငံသားပေးတာ တွေရှိကြတယ်။ ဒါပေမယ့် လုပ်ပုံကိုင်ပုံ တွေက ပွင့်လင်း မြင်သာမှု ရှိကြတယ်။ immigrant ကို ကိုယ်နေချင်တဲ့ နိုင်ငံအကြောင်း ဘယ်လောက်သိသလဲ၊ အိမ်ရှင်နိုင်ငံသား တွေနဲ့ တည့်အောင် ပေါင်းနိုင်ပါ့မလား၊ အဲဒီ နိုင်ငံက စကား ပြောတတ်ရဲ့လား စစ်ဆေးတယ်။ pass ဖြစ်သွားရင် နိုင်ငံသားသစ် အဖြစ်လက်ခံတဲ့ ပွဲကို ကျင်းပပေးတယ်။ အခု နကိုယ်နိုင်ငံသား မဟုတ်တော့ဘူး၊ ဒီနိုင်ငံသား ဖြစ်သွားပြီ၊ ဒီနိုင်ငံရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်ရတော့မယ်၊ သစ္စာရှိရတော့မယ်၊ ဘယ်လိုနိုင်ငံသား တာဝန်တွေကို ထမ်းဆောင်ရတော့မယ် စသည်ဖြင့် ရှင်းပြတယ်။ အိမ်ရှင် နိုင်ငံသားတွေကိုလည်း ဟောဒီ လူတွေဟာ နိုင်ငံသား အသစ်တွေ ဖြစ်တယ်။ သူတို့ကို ကူညီပါ၊ ဖေးမပါ၊ လက်ခံကြပါဆိုပြီး တခါတည်း အပ်တယ်။ မြန်မာနိုင်ငံသားကနေ တခြားနိုင်ငံသား ခံယူသွားတဲ့ လူတွေကို မေးကြည့်လို့ ရပါတယ်။ ဒီလို ပွင့်လင်း မြင်သာရင် ဘယ်သူကမှ ကန့်ကွက်တော့မှာ မဟုတ်ဘူး။ ဒီလို မှန်ကန်တဲ့ လမ်းကြောင်း နဲ့ နိုင်ငံသား ဖြစ်နိုင်တယ်၊ ဖြစ်ပြီးရင်လည်း နိုင်ငံသား အခွင့်အရေးတွေ တခုမကျန် အပြည့်အဝ ရတယ်ဆိုရင် မမှန်ကန်တဲ့ လမ်းကြောင်းတွေနဲ့ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်လိမ်ယူ စရာ မရှိတော့ဘူး။ မတရား လာကန့်ကွက် လို့လည်း မရတော့ဘူး။

ဒါပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ နံမည်ကို သိပ်ကြိုက်နေပြီ၊ ဆက်သုံး ပါရစေ ဆိုလည်း သုံးပေါ့။ မြန်မာပြည်တွင်းရောက် ဘင်္ဂလားနွယ်ဖွား အားလုံးကို ရိုဟင်ဂျာ ဟု ယနေ့မှ စ ၍ပြောင်းလဲခေါ်ဝေါ်စေ ဆိုပြီးတာပဲ။ ဒါပေမယ့် အခုမှ စ သတ်မှတ်တာဖြစ်လို့ တိုင်းရင်းသား ဖြစ်ခြင်း နဲ့တော့ ဘာမှ မဆိုင်စေရပေါ့။ ဒါဆို နှစ်ဘက်စလုံး ကြေနပ်ကြပါ့မလား။


လမ်းကြုံလို့ ပြောရရင် မြန်မာပြည်နေ အိန္ဒိယနွယ်ဖွား တွေက သူတို့ကို ကုလား လို့ခေါ်တာ မကြိုက်ဘူး ပြောတယ်။ မြန်မာမူစလင် လို့ ခေါ်စေချင်တယ် ပြောတယ်။ ဒါဆို အိန္ဒိယနွယ်ဖွား ဟိန္ဒူ ၊ ခရစ်ယန်၊ ဗုဒ္ဓ ကိုးကွယ် တဲ့ လူကျ ဘယ်နှယ့်ခေါ်မလဲ။ မူစလင် ဘာသာဝင် တရုတ်၊ ဗမာ တွေကြ ဘယ်လို ခေါ်မလဲ။ လိုက်ကြည့်တော့ အိန္ဒိယ၊ ပါကစ္စတန် နဲ့ ဘင်္ဂလား တွေကနေ နိုင်ငံခြားမှာ အခြေချသူတွေက သူတို့ကို သူတို့ desi လို့ ခေါ်တာတွေ့တယ်။ နိုင်ငံခြားရောက် မြန်မာတွေက သူတို့ကိုယ် သူတို့ ရွှေ ၊ ဖိလစ်ပိုင်တွေက သူတို့ကိုယ် သူတို့ pinoy လို့ ခေါ်သလိုပေါ့။ အဲလို desi လို့ ပြောင်းခေါ်မည် ဆိုရင်ကော ကြိုက်ကြပါ့မလား။ နောက်တခု က နှင်းဆီပန်းကို ဘယ်နံမည် နဲ့ ခေါ်ခေါ် မွှေးမြဲ မွှေးနေမှာပဲလို့ ဆိုကြတာလည်း ရှိတာပေါ့။

နောက်တခုကတော့ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မယ် ဆိုတာတွေ ပြောနေကြတာ တွေ့ရတယ်။ နားတော့ မလည်ဘူး၊ ဒါပေမယ့် စိုးရိမ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံလို နှစ် ၂၀ လောက်ဆွဲပြီး နှစ် ၁၀၀ လောက် ဒုက္ခပေးမည့် ဟာမျိုး မဖြစ်သင့်ဘူး ထင်တယ်။ မြန်မြန်ဆွဲပြီး တိုင်းပြည်အတွက် အကျိုးရှိမည့် ဟာဖြစ်စေချင်တယ်။ ဖက်ဒရယ် ပဲ ဖြစ်ဖြစ်၊ ဆိုရှယ်လစ် ပဲ ဖြစ်ဖြစ်၊ စစ်အခြေခံ ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ ပဲ ဖြစ်ဖြစ်၊ လူတွေ ရဲ့ ဘဝ တွေ လုံခြုံစိတ်ချ ရပြီး တိုင်းပြည် စီးပွားရေးတိုးတက် လာစေမည့် ၊ အားလုံးပို ချမ်းသာပြီး စားနိုင် သောက်နိုင်၊ နေမကောင်းရင် ဆေးကုနိုင်တဲ့ အခြေအနေကို ရောက်ဖို့က အဓိက လို့ မြင်တယ်။ ဗိုလ်ချုပ်အောင်ကြီး ပြောပြသလို ဆိုရှယ်လစ် စံနစ် နဲ့ သွားမယ် ဆုံးဖြတ်ပြီးမှ ဖွဲ့စည်းပုံ ရေးမယ်ကြံတော့ ဆိုရှယ်လစ် နဲ့ ဘယ်လို စီးပွားရေး လုပ်ရမယ် ဆိုတာ ဘယ်စာအုပ် မှာမှ ရှာမတွေ့ဘူး ပြောတယ်။ အဲဒီလို စိတ်ကူးယဉ် များပြီး၊ လက်တွေ့မှာ ခွေးဖြစ်မယ့် လမ်းကိုတော့ မရွေးစေချင်ပါဘူး။ ဖွဲ့စည်းပုံ အသစ် တင်သူများက ကျွန်တော့်စံနစ် သုံးရင် တိုင်းပြည်တိုးတက်မယ် ဆိုတာ များများ မဟုတ်တောင် နည်းနည်းတော့ အာမခံ စေချင်ပါတယ်။
နှစ်သစ်မှာ အသစ်အသစ်သော အကောင်းတွေ ပေါ်ပေါက် စေလိုသော စေတနာဖြင့် ပြောပါတယ်။ အသိဥာဏ် ညောင်စေ့လေး လောက်ပဲ ပါပေမယ့် စေတနာ ညောင်ပင်ကြီး နဲ့ ပြောကြောင်းပါ။
နှစ်သစ်မှာ မိတ်ဆွေများ အားလုံး ပျော်ရွှင် ချမ်းမြေ့ ကြပါစေ။

From: Myo Than

www.mmdailystar.com

ကျွန်မ ပြည်သူတွေကို ချစ်ပါတယ်

$
0
0
မြန်မာပြည်သူကို ချစ်ပါတယ့်ရှင်...
ဒါပေမယ့် စီးပွားရေးပိတ်ဆို့ ပေးပါ
မြန်မာပြည်သူကို ချစ်ပါတယ်...
ဒါပေမယ့် မြန်မာပြည်က အသုံးကိုမကျပါဘူးရှင်...
မိမဆုံးမ ဘမဆုံးမတွေ မူဆလင်တွေကို
ကုလားလို့  ခေါ်နေတုန်းပါဘဲရှင်...
Racist တွေ မြန်မာပြည်မှာ များပါတယ်ရှင်...
ဟုတ်ကဲ့ ကျမက Racist မဟုတ်ပါဘူး...
ကုလားကိုမကျန် ချစ်ခဲ့တာက သက်သေဘဲပေါ့၊

ကျမက တိုင်းရင်းသားတွေကို ချစ်ပါတယ်ရှင်
ဒါပေမယ့် မြန်မာပြည်ကို ဗမာလို့  ခေါ်ပေးပါရှင်
ဗမာဆိုတာ အဖေ့လက်ထပ်ထဲက ခေါ်ပေးခဲ့လို့ 
အခုထိ ဗမာလို့  ခေါ်စေချင်တာပါရှင်...
မြန်မာလို့ မခေါ်ပါနဲ့  ရှင်... အဟင့်
ဟုတ်ကဲ့ donation အတွက် ကျေးဇူးတင်ပါတယ်ရှင်...
prospect burma မှာ လှူလိုက်ပါ... ဟုတ်ကဲ့...
88 အသင်း မှာ လှူလိုက်ပါ... ကျေးဇူးတင်ပါတယ်ရှင်...
မြန်မာပြည်က အစိုးရ မကောင်းပါဘူးရှင်..
ဟုတ်ကဲ့ NLD ကို လှူလိုက်လိုက်ရပါတယ်...
Cards လေးတွေကို ပေးခဲ့ပါတယ်ညော်...
ကျမကတော့ မြန်မာပြည်ကို ချစ်လို့  စီးပွားရေး ပိတ်ခိုင်းတာပါရှင်၊
ရွီးးးးးဖြောင်းဖြောင်းဖြောင်း...
ငါတို့ အမေကွ... ကျေးဇူးကြီးပ၊
 
နောက်ဆုံးတော့လည်း ပြည်သူများမှာ အစိုးရကတမျိုး Nobel ဆုရှုင်ကြီးကလည်း တမျိုး.. ဒီမိုတွေလည်းတမျိုး နိုင်ငံရေးသမား တမျိုး...ကြားညပ်ကာ အမျိုးသားရေး စိတ်ဓါတ်လေးကို ခါးမှာပိုက်ပြီး ဗုဒွတရား သည်းခံခြင်းနဲ့  ရောင့်ရဲခြင်းဆိုတဲ့ အသိစိတ်နဲ့  ... ဒါ ငါတို့ နိုင်ငံက ဒုတ်ခ ပါလို့ သာ ခံရတာလို့  မှတ်ယူပြီးတော့ တရားကျပြီး ဒီဘ၀မှာ မချမ်းသာပေမယ့် နောင်ဘ၀မှာ ချမ်းသာမည့်သူများ ဖြစ်ကြတော့မယ်..
 
From: Bug Lab

www.mmdailystar.com

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လူမမာသတင်းမေးပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် ရုတ်တရက် အမောဖောက်၍ သေဆုံး

$
0
0


မြန်မာ့ရိုးရာသင်္ကြန်ရက်များအတွင်း ဂျာမနီ၊ ပြင်သစ်နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ ချမှတ်ထားသော ပိတ်ဆို့မှုဆန်ရှင်အား နောက်ထပ်တစ်နှစ်တိုးစေခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် သူမတစ်ခါမျှ လူမမာမေး မသွားခဲ့ရသေးသည်ကို အတိုးချ၍ ဥရောပခရီးစဉ်မှ ပြန်လာလာချင်း ကျောက်ကပ်ဝေဒနာခံစားနေရသော NLD နာယက သတင်းစာဆရာကြီး ဦးဝင်းတင်အား နှစ်ကြိမ်တိုင်အောင် လူမမာမေး သွားရောက်ခဲ့သည်။ အစောပိုင်းသတင်းများအရ ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီဟု သတင်းထွက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သတင်းမေး လာရောက်ပြီးနောက် ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားသွားပြီး ရုတ်တရက် အမောဖောက်လာကာ ယနေ့နံနက် ၆ နာရီ ခွဲ၌ ရန်ကုန် ပြည်သူ့ အထွေထွေဆေးရုံကြီးတွင် သေဆုံးသွားပြီ ဖြစ်သည်။ 

NLD ပါတီနာယက ဦးဝင်းတင်သည် ခေါင်းမာသူတစ်ဦးဟု နာမည်ကြီးကာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိစ္စရပ်အတော်များများ၌ သဘောထားမတူညီသည်များရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ဘက်ပြုတတ်သူဟု ထင်ရှားသည်။ ဦးဝင်းတင်သည် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အားကိုးအားထားပြုသော မူဆလင်ဦးကိုနီနှင့် မူဆလင်အင်အားစုများ NLD ပါတီတွင်း အင်အားလွှမ်းမိုးလာမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူဖြစ်ပြီး ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် သတင်းမေးပြီးမှ ရုတ်တရက် အခြေအနေဆုံး သေဆုံးမှုသည် ဒေါ်အောင်ဆန်စုကြည်နှင့် သူမ၏ NLD ပါတီ မူဆလင်အင်အားစုများ ပူးပေါင်းလုပ်ကြံမှု ဖြစ်လေသလားဟူသည့် မေးခွန်းတစ်ရပ် ပြည်သူများကြားထဲ၌ ဖြစ်ပေါ်လျက်ရှိသည်။
From:Myo Min Thant 

www.mmdailystar.com

KIA ကို အပြုတ်တိုက်ရန်အတွက် လူထုမှတာင်းဆိုပြီ

$
0
0


Taingar Minkhaung kia ကို အ မြစ် ပြတ် ချေ မှုန်း သင့် ပြီ

Maung Kyinဒိထက်ပြတ်သားစွာတိုက်သင့်

Kyin Sarooမှန်တယ် ဆက်တိုက်

Ta Yokeဘာကချင် လူထုကောင်းစားရေ လဲတဖတ်နိုင်ငံနဲပေါင်းပြီး စိးပွာရှားနေတဲကောင်တွေး တိုင်ပြည့်အတွက်လဲမလုပ်ကချင်လူထုလဲဒုက္ခရောက်ဆက်တိုက်

Aungmoe Setသတ်ပစ်

Yin Yin I support military, kill KIA ,

Ko Ko Min KIA ကို အပြတ်ရှင်းကွာ ကြာတယ်

Thein Shwe Tin သူတို့ကစပြီတိုက်တာဆိုတောညှာမနေနဲ့တော့kiaကိုအပြတ်ဆော်မှအေးတော့မယ်

Nay Nayminမြန်မာနိင်ငံကွာကွယ်ရေးဦးစီးချုပ်ကြီးဒီKIAကိုဘယ်လိုသက်မှာလဲ

Chit Thuအကုန်မျိုးပြုက်ပြစ်ကွကြာတယ်ပြည်သူတွေလည်းဒုခရောက်တယ်

Lay Aungတပ်မတော်ကလက်နက် ကိုင်သောင်းကျန်းနေတဲ့ကောင်တွေ ကိုငှက်ပျောပွဲအုန်းပွဲနဲ့ ကန်တော့ပြီးမလုပ်ဘို့တောင်းပန်ရမှာလား

Soemin Aungစစ်တပ်ကအလျော့ပေးကြည့်ကျန်တဲ့သူတွေကရောဒီတိုင်းနေမယ်ထင်လား ထလာကြမှာဘဲ

Khaing Lin Tunကိုယ့်လူမျိုးဆိုပေမဲ့နဂိုတုန်းက ဗကပတို့KNUတို့တုန်းကလည်း တိုက်ရတာပဲလေ

Myitzu Aye KIA မရှိတော့ရင်တော့ တနိုင်ငံလုံးငြိမ်းချမ်းရေးရမယ်ထင်တယ်

Thu Raaတစ်နိုင်ငံလုံးမှာတပ်မတော်တစ်ခုပဲရှိမှတိုက်ပွဲမရှိမှာ ဘယ်ကတိုက်တိုက်အပြုတ်တိုက်

Ye Yint Aung ဘယ်သူက စလုပ်တာလဲ ကြည့်လိုက် စစ်မှာ sorry မရှီဘူး

Thiha Mgmgချောင်းပစ်ပြေးအဆင့်kia
သနားလိုစားပွဲဝိုင်းပေါ်ခေါ်
ထားတာပေါက်တယ်နော့်

Ko Naing စစ်သားဆိုတာစစ်တိုက် ရမှာပဲ ဆက်တိုက်
ရဲဘော်တို့သေတာမဆန်းဘူး
မြန်မာပြည်မှနေရင်မြန်မာရဲ့စည်းကမ်းကို
လိုက်နာရမှာပဲ လိုက်နာမနိုင် ရင်အလင်း
မဝင်ကြနဲဟေ့

Ye Yint Aung အပစ်အခတ်ရပ်စဲဆွေးနွေးပွဲ လုပ်တဲ့တခြားအ ဖွှဲ့စီးတွှေကိုကြည့်လိုက် ဘာသံကြားလဲ မြင်အောင် ကြည့်

Sky Seaသောင်းကျန်းသူတွေ အားလုံးချမ်းသာကြီးပွားပြီးပြည်သူတွေ စုတ်ပြတ်ဆင်းရဲကုန်တာလက်တွေ့ ဘ၀ပါပဲ၊ KIAဆိုတာလည်းစီးပွားရေး သမားတွေပါ၊ငြိမ်းချမ်းရေးဆွေနွေးပွဲကို ဆိုက်ဂနက်တွေ၊ ဟမ်းမားကားတွေနဲ့ တက်ရောက်သူပါ၊သူတို့ကိုယ်သူ တို့သူပုန်ဆိုတာမေ့ပြီးအစိုးရတပ် လိုမှတ်မေတယ်

Tin Maung Htutအကြိမ်ကြိမ် ငြိမ်းချမ်း ရေးဆွေးနွေးခဲ့တာ လက်မခံရင်တော့ ဘူးလက်ဘဲရမယ်ဆို တာမြဲမြဲမှတ်ထား KIA ...

Kyaw Myoaung စီးပွားရေးသမားတွေပါ ခေါင်ဆောင်တွေက

Phyo Lynn Oo KIA ကိုငြိမ်းချမ်းရေးစကားပြောနေတာ ကျွဲပါးစောင်းတီး နွားကိုပလာတာကျွေးနေရသလိုပါဘဲ ။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းအောင်နေနိုင်တယ် KIA တကယ်ငြိမ်းချမ်းတာ လိုချင်ရင် လူမျိုးစွဲ အမြင်ကျဉ်း စိတ်ထားသေးသိမ်တာတွေကို ဖယ်ရှားနိုင်မှရမယ် ။ ပြောသာပြောရတာ သူတို့ အဖွဲ့ က မှိုင်းမိနေတော့ အမှန်မြင်ဖို့ အလွန်ခက်နေတယ်

Min Theinကြာနေပီ ညှိလို့မရ ရင်တော့အကုန်ရှင်းပစ်

Tun Nyi KIA ကို တခု တော့ ပြောချင်တယ်းးးးအားလုးံက တိုင်းရင်းသားတွေဘဲ ကို့နိုင်ငံကို့ လူမျိုးတွေ ဘယ်လောက် ဒုက္ခရောက်နေပြီလဲ kIA ဘာလိုချင် လို လဲစဉ်စားပါ ကွားးးးတော်ကျပါ တော့းးးးးးးးးးဟိုဘက်က အစိုးရ လေးးးးးးးးးဥပမာ တယောက်သေရင် နှစ်ယောက်လွတ် လို ရတယ်းးးး၁၀၀ သေရင် နောက်ထပ် ၁၀၀၀ လွတ်လို ရတယ်းးးးကြားထဲက ပြည်သူ ခံနေရ တယ်းးးးးစဉ်းစားပေး ပါးးးးးအားလုးံကောင်းအောင်းးးးးပေါ့

Kyaw Kyaw Oo တပ်မတော်သားတွေဘေးကင်းပါစေ။

Wint War Kyawတပ်မတော်သားတွေဘေးကင်းပါစေ

Lan Xiao Yingကျဆုံးသွားသော တပ်မတော်မှအရာရှိနှင့် စစ်သည်များအားမနှေးယခု အလေးပြုပါ ၏ကောင်းရာ သုဂတိလားပါစေ

Nat Tharချောင်းပစ် တာနဲ မိုင်းခွဲတာပဲ လုပ်တတ်တဲ့KIA သတ်တိရှိရင် ပြောင်ပြောင်တင်းတင်းတိုက်ပါလား တကယ်ထိုးစစ် ဆင်ရောက်သေပါလေရောက် ဘာတွေလိုချင်နေတာလဲ အလကားမငြိမ်း ချမ်းအောင်လျှောက်လုပ်နေတာ

Tha Ooတပ်မတော်အနေနဲ့KIAကျတဲ့အထိတိုက်သင့်၇ုံသာမကငြိမ်းချမ်းလမ်းတဲ့လက်ကိုလဲမ၇ုတ်လိုက်ပါနဲ့ 

Tom Kyawနိုင်ငံရေး နည်း နဲ.ဖြေရှင်း လို.မရ ရင် နောက်ဆုံးရှင်းရတဲ.နည်း က စစ်ရေးနည်းပါ ။ ဘယ်စစ်သား မှ အသေခံ ပြီး မတိုက်ချင်ပါ ဘူး။ စစ်တပ်ဆိုတာ နိုင်ငံ တခုမှာ တပ်မတော် တခု ပဲ ရှိ ရမယ်။ သူပုန် လုပ်သက် ၆ လ နဲ. အစိုးရ တပ်မှာ ဗိုလ်ချုပ် လုပ် ချင်တဲ. မောင်ရင် က လည်း ရှိ တယ်။ K.I.A ရဲ. ဖြစ် ပေါ်လာတဲ. သမိုင်းကြောင်း ကို လေ.လာပါ။ စစ်တပ် ဆို တာ စစ်ဥပဒေ ရှိတယ် ။ သူပုန်မှာ ဥပဒေ မရှိဘူး ၊ ကြုံ ဘူးမှ သိမှာ။ ရှမ်း /မြောက် မှာ ၁၉၉၉-၂၀၀၀ လောက် က မုန်းဟင် / မုန်းဟ ဂွင် မှာ S.U.R.A ၀င်တော. ကျောင်းဆရာ /မ တွေ ၀န်ထမ်း တွေ နဲ. အခြားတိုင်းရင်သား တွေ အကုန် အစိုးရ တပ် ကို ပဲ ၀မ်းသာ အားရ ကြို တာ အခက် ကြုံ မှ စစ်တပ် ကို သတိရ မှာ

Ko Sein Hla Aungကေအိုင်အိုကြီးရေ အေ ကတော့ခေါင်းဖြတ်လဲသင့်ပြီ

Nay Min Han Han
kIA ချိးထုပ်
From:ME

www.mmdailystar.com

လှည်းကူးတွင် ညမထွက်ရအမိန့် အဆင့်လိုက် ရုပ်သိမ်းမည်

$
0
0
ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူး မြို့မဈေးတွင် ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခကြောင့် ထုတ်ပြန်ခဲ့ရသော ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ကို ကန့်သတ်ချိန့် လျှော့ချ၍ အဆင့်လိုက် ရုပ်သိမ်းမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီမှ စတင်ကာ ည ၆ နာရီမှ နံနက် ၆ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ကြောင်း၊ မြို့တွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာသောကြောင့် ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ နံနက် ၄ နာရီထိ အပြင်မထွက်ရန် သတ်မှတ် လျော့ချပေးခဲ့ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လုံခြုံရေး အခြေအနေအားလုံး စိတ်ချရပြီဆိုရင် ပုဒ်မ ၁၈၈ ကို ပြန်လည် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ လှည်းကူးမြို့နယ်တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရဲအင်အား ထောင်ကျော်ဖြင့် နေ့စဉ် လုံခြုံရေးများ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၁၈၈ ဖြင့် ငြိစွန်းသူ ခြောက်ဦးခန့်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“မနက် ၆၊ ည ၆ မထွက်ရ အမိန့်ထုတ်တုန်းက အလုပ်သွား အလုပ်ပြန် အချိန်မမီတော့ တော်တော်ဒုက္ခရောက်ရတယ်။ အခုလို ည ၁၀ နာရီထိ ခွင့်ပြုပေးလိုက်တော့ အလုပ်သွားရလာရ အဆင်ပြေသွားတာပေါ့” ဟု ဈေးကြီးရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

ဧပြီ ၄ ရက် ညနေ ၄ နာရီခန့်က လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဈေးဆိုင်နှစ်ဆိုင်မှ ဈေးရောင်းချသူနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့စဉ် အစ္စလာမ် ဘာသာဝင် အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသား၏ မျက်လုံးကို ကတ်ကြေးဖြင့် ထိုးခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သက်ဆိုင်ရာက မြို့နယ်အတွင်း ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ပြီး ကတ်ကြေးဖြင့်ထိုးသူ အမျိုးသား အပါအဝင် သုံးဦးကို အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

From:The Voice

www.mmdailystar.com

"ခင်ဗျားတို့ ပြောတဲ့ စစ်အုပ်ချုပ်ရေး "

$
0
0


----------------------------------------

အဟက်…..............
တစ်ခါလာ …................... ဒီ သောက်စစ်တပ် …..
တစ်ခါလာ ……................ ဒီ နေ၀င်း သန်းရွှေ စစ်အစိုးရ ……
တစ်ခါလာ ……............... ဒီ စစ်အုပ်ချုပ်ရေး အနှစ် ၅၀…..
တစ်ခါလာ ................... ဒီ တိုင်းရင်းသား အချင်းချင်း ....

နေစမ်းပါအုန်း……
ဒီဟာတွေက ကောင်းပါတယ်လို့ ရော….
ဘယ်ဒေါင်းစားက ဖင်ပိတ်အော်နေလို့ လဲ….

စစ်အုပ်ချုပ်ရေး မကောင်းဘူးဆိုတာ ….
ပါဝါ အပြန်အလှန် ထိန်းညှိမှု မရှိတဲ့ 
အာဏာရှင်စနစ်ဆိုတာ…..............
သုံးတန်းကလေးတောင် သိတယ်….
မသိတာက ခင်ဗျားတို့ ……

ကျုပ်ကလဲ မေးပါရစေအုန်း …..
စစ်အုပ်ချုပ်ရေးကို မလိုချင်ရင် ….
စစ်သားထက် စာတတ်ပါတယ်ဆိုတဲ့ 
ခင်ဗျားတို့ နိုင်ငံရေးသမားကြီးတွေက
တိုင်းပြည် မျက်နှာမကြည့်ပဲ ….........
အချင်းချင်း တစ်ချိန်လုံး ကိုက်နေပြီး ....
တိုင်းပြည်ကို အစိတ်စိတ်ခွဲပြီး .....
စစ်အုပ်ချုပ်ရေးကို ဘာလို့ လက်ယပ်ခေါ် ခဲ့လဲ……

ဖဆပလ ကို ဘာကြောင့် အစိတ်စိတ်ခွဲခဲ့ လဲ…..
ပြည်သူ့ ရဲဘော်ကို ဘာကြောင့် အစိတ်စိတ် ခွဲခဲ့ လဲ….
ပထစ ပါတီကို ဘာလို့ အစိတ်စိတ် ခွဲခဲ့ လဲ….
၄၈ ကနေ ၆၂ အတွင်း .......
တိုင်းရင်းသားတွေ နဲ့ နိုင်ငံရေး သဘောတူညီချက် …
ဘာလို့ ရအောင် မယူခဲ့ လဲ….
၈၈ အရေးအခင်း ကို ဘာလို့  စနစ်ကျအောင် မထိန်းချုပ်ခဲ့လဲ ...

ဦးနူ လက်ထက်မှာ ....
လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့  လေးငါးခြောက်ဆယ်ကို
ဘာလို့ လက်နက်စွန့် အောင် မဆွေးနွေးခဲ့ လဲ ….
ခါးပိုက်ဆောင်တပ်တွေ ဘာလို့ မွေးထားခဲ့ လဲ….
မဲရဖို့ အတွက်နဲ့  ဗုဒ္ဒဘာသာကို ….
ဘာလို့ နိုင်ငံတော်ဘာသာလို့  ကြေငြာခဲ့ လဲ…
ရိုဟင်ဂျာ အသံ လို့  ....
ဘာလို့ မြန်မာ့အသံမှာ လွှင့်ခွင့်ပေးခဲ့လဲ .....

ဖဆပလ ဟံသာဝတီ ညီလာခံမှာ …..
ဟံသာဝတီ ကိုယ်စားလှယ်က….
တပ်မတော်ကို ပြည်သူ့ရန်သူအမှတ်(၁)
ဆွေငြိမ်းအုပ်စု လိုလားသူ မြို့ပြ၀န်ထမ်းတွေကို ....
ပြည်သူ့ရန်သူ အမှတ်(၂) ....
အစိုးရကို လက်နက်စွဲကိုင် တော်လှန်နေတဲ့
သူပုန်တွေကိုကျတော့ ပြည်သူ့ရန်သူ အမှတ်(၃) ဆိုပြီး ...
ဘာလို့ ထမင်းစားတဲ့ ဦးနှောက်နဲ့ မစဉ်းစားဘဲ ကြေငြာခဲ့လဲ……...

စစ်ရဲတပ်ရင်းတွေ …..
ပျူစောထီးနှင့် သစ်တောကာကွယ်ရေး တပ်ဖွဲ့တွေကို
ရန်ကုန်ကို ဘာလို့ ရွေ့ပြောင်းခဲ့လဲ ….
ဝန်ဒါမီယာ ၀န်ကြီးများဝင်းမှာ ….
ခါးပိုက်ဆောင် လက်နက်ကိုင်အင်အား (၄၀၀) လောက်ကို
ဘာလို့ လာတပ်စွဲထားခဲ့ လဲ…..

ပါးစပ်က ဘုရားဘုရား…..
လက်က ကားယား ကားယား ……

စစ်အာဏာရှင်သာ မကြိုက်တာ …
လုပ်ပေါက်က မလာ လာအောင် ထမ်းစင်နဲ့ သွားပင့်ခဲ့ ပြီး….
အခုမှ စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ပျက်ခဲ့ တယ် ….
မြန်မာပြည်ကြီး ဆုတ်ယုတ်ခဲ့တယ်နဲ့ ….
အလွမ်းသယ် ငိုချင်းချပြနေတယ်…..။

တစ်ခုလောက် မေးပါရစေဦးဗျ .....
စစ်တပ်က အာဏာမသိမ်းခဲ့ ရင်ပဲ …
ဆီကိုရေချိုး …ဆေးရိုးမီးလှုံ ….
စပါးတောင်လိုပုံ .....
မစားရ ၀ခမန်း ဇာတ်ခင်းနေတော့…..
မြန်မာပြည် လွတ်လပ်ရေးမရခင်တည်းက
ဗိုလ်ချုပ် တောင် အားလုံးအဆင်ပြေအောင်
မညှိနိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို
ခင်ဗျားတို့  ဂျီးတော်အိမ်မှာ သွားဖွက်ထားမှာမို့ လို့ လား…

နောက်တစ်ခါ အဲ…သောက်ပေါက်ပြောရင်……
လေယာဉ်ပေါ်ကနေ လေထီးမပေးဘဲ ….
ကေအိုင်အေ နယ်မြေ ထဲ ကန် ချပြစ်မယ်….

အဲဒီမှာ ခင်ဗျားတို့ ဖာသာ ဒီမိုကရေစီ မြတ်နိုးသူပါ….
စစ်တပ်ကို ကြည့်မရသူပါ ...
ပြည်သူ့  ဘက်တော်သားပါ ...
ကေအိုင်အေ ကို ထောက်ခံသူ ...
ဗမာလေး တစ်ဦးပါလို့  ပြောပြီး ...
အဆင်ပြေအောင်ဆက်ညှိ ကြည့် လိုက် …..…

ဘာဆက်ဖြစ်မလဲ စောင့်ကြည့်လိုက်မယ် ...
ဒါပဲ….။

( လေထီး နှမျောတဲ့ ရဲမိုး )

From: Ye Moe

www.mmdailystar.com

ဦးဝင်းတင် နာရေးရှိနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး

$
0
0
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဒီကနေတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲအကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလို ပြောပါတယ်။

"အဓိကကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်တဲ့နေရာမှာ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေကို အဓိကထားပြီး ဆွေးနွေးကြပါတယ်၊ ဒီအစည်းအဝေးရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီးတော့ ရရှိလာတဲ့ အချက်အလက်တွေကို အန်တီဘက်ကလည်း သူက လာမယ့် CEC အစည်းအဝေးမှာ တင်ပြပါလိမ့်မယ်၊ အဲ့ဒီ CEC မှာ တင်ပြပြီးတဲ့အခါမှာ အဲ့ကအတည်ပြုချက်ယူပြီးတဲ့အခါမှာ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံပါမယ်၊ အဲ့လို တွေ့ဆုံပြီးတဲ့အခါမှာပဲ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ် အသေးစိတ်ကို အတည်ပြုနိုင်မှာဖြစ်ပါတယ်" 

၂၀၀၈ ဖွဲ့စည်းပုံ ပြဌာန်းချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ကို ပြင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅% ရဲ့ ထောက်ခံမှုရှိရမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့  ၅၀% ကျော် ထောက်ခံမှ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆန္ဒပြကြတဲ့နည်းလမ်းနဲ့ မဟုတ်ဘဲ တခြားငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြင်ဆင်နိုင်ဖို့အတွက် နည်းလမ်း ရှာကြတာလို့သိရပါတယ်။

အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ပူးတွဲကြေညာချက် ၂ စောင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
From:Rfa

www.mmdailystar.com

လူငယ်တို့၏ မှားယွင်းသော ဘာသာရေး လေ့လာမှု

$
0
0



လူငယ်တို့၏ မှားယွင်းသော ဘာသာရေး လေ့လာမှု

ယနေ့ လူငယ်တွေဟာ ခေတ်ပညာ ပိုမို တတ်ကျွမ်း လာတဲ့ အလျောက် ဘာသာရေး လေ့လာ လိုက်စားမှု နည်းလာ ပါတယ်။ အထူးသဖြင့် ခေတ်သစ် သိပ္ပံ ပညာရပ်များကို လေ့လာမှု ပိုမို များပြားပြီး ဘာသာရေး ဟာ ခေတ်နောက်ပြန်စွဲ၊ စိတ်ဓာတ် နောက်ပြန်စွဲတဲ့ လုပ်ဆောင်ချက် တစ်ခုလို့တောင် ထင်မြင်လာကြ ပါတယ်။ ဒီတော့ ဘာသာရေး လုပ်တယ်ဆိုတာ အကြောက်တရားနဲ့ အသက်ရှင်သူများ လုပ်တယ်ဆိုပြီး ခံယူ ကြလို့ (Free Thinker) လို့ခေါ်တဲ့ ဘာသာမဲ့ များ ပေါ်ပေါက် လာပါတယ်။

လိုရင်းကို အဓိက မလေ့လာခြင်း

ဒီတော့ ပြန်လည် သုံးသပ်ကြည့်တဲ့ အခါ မြန်မာပြည်မှာက လူငယ် အချို့လည်း ဒီတိုင်း ပါပဲ။ ဘာသာရေး အပေါ် အယုံအကြည် မဲ့လာ ပါတယ်။ မေးလာတဲ့ မေးခွန်း များကလည်း ကမ္ဘာကြီး ဘယ်က စဖြစ်တာလဲ။ နေ ဘယ်လိုပေါ်လာသလဲ။ ဘယ်ဘာသာက အစောဆုံး ပေါ်ပေါက် သလဲ။ ဘုရားပွင့် ခဲ့ကြောင်း၊ ဘုရား သခင် ရှိခဲ့ ကြောင်း ဘာနဲ့ သက်သေ ပြမလဲ။ ဘယ် ဘာသာနဲ့ ဟောကြား ခဲ့ သလဲ။ နောင်ဘဝ ဆိုတာ ဘာလဲ။ ရှေးဘဝ ဆိုတာ ဘာလဲ။ ငရဲ ဆိုတာ တကယ်ကော ရှိရဲ့လား အစရှိသဖြင့် များစွာသော မေးခွန်း များနဲ့ စတင်ကြ ပါတယ်။ ဒီတော့ ယင်း မေးခွန်း များအတွက် ရလဒ် အဖြေကို မကျေနပ် နိုင်ကြတာ ကြောင့် ဘာသာရေး လေ့လာ လိုက်စားဖို့ကို ရပ်တန့် လိုက်ကြ ပါတယ်။

ဒီတော့ ပြန်လည် သုံးသပ် ကြည့်လိုက်တဲ့ အခါမှာ ကွဲပြားမှု ရှိပါတယ်။ ကျနော်တို့ IT Networking ပညာ လေ့လာမယ် သို့တည်း မဟုတ် Programming ပညာ တစ်ခု စတင် လေ့လာမယ် ဆိုရင် Protocol တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ Language တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း အစရှိသဖြင့် စတင် လေ့လာကြရ ပါတယ်။ ပိုပြီးတော့ အခြေခံ ကျတဲ့ အပေါင်း အနုတ် အမြောက် အစား အထိတောင် ပြန်လည် လေ့လာကြရ ပါတယ်။ တီထွင်သူ ပညာရှင်များရဲ့ သမိုင်းကိုပါ မြေလှန်ပြီးမှ ယင်း ပညာရပ်ကို စူးစူး စိုက်စိုက် လေ့လာ ကြပါ တော့တယ်။ ဒါဟာ မှန်ပါတယ်။ ဒါမှပဲ မိမိ သင်ယူနေတဲ့ ပညာရပ် အကြောင်းကို သေချာ သိမှာ မို့ပါ။ Motivation လည်း ဖြစ်ပါတယ်။ အခြားသော လုပ်ငန်းခွင်သုံး ပညာရပ်တွေ ကလည်း ဒီလိုပါပဲ။

သို့ပေမယ့် ဘာသာရေးနဲ့ ယှဉ်ထိုး နှိုင်းကြည့် လိုက်တဲ့ အခါမှာ မတူ ပါဘူး။ ဒီခေတ် လူငယ်တွေက ဘာသာရေး ကို အသက်မွေးဝမ်းကျောင်း ပညာ လေ့လာ သလိုပဲ သဘောထားမိကြ ပါတော့တယ်။ ဒီတော့ ဘာသာရေး တစ်ခုကို စတင် လေ့လာ လိုက်စားဖို့ အတွက် သမိုင်းတွေ စတင် မြေလှန် ပါတော့တယ်။ ဘယ်နှစ်ခုနှစ်က ဘယ်သူ ဘာပြောခဲ့လဲ။ ဘယ်မှာ မှတ်တမ်း တင်ထားလဲ။ သက်သေ အပြည့်အစုံပြ အစရှိသဖြင့် မေးခွန်း ထုတ်ကြ ပါတော့တယ်။ Seeing is Believing ဆိုတဲ့ နေရာမှာ အကောင်အထည် ဒြပ်ထုကို မြင်မှ Believe ဖြစ်မယ် ဆိုတဲ့ အယူအဆ ကိန်းအောင်း သွားခြင်းပါ။ တစ်ခါတစ်ရံ အကောင်အထည် မြင်ပေမယ့် မှားနေ တာတွေ ကိုတော့ သတိမထား မိလိုက်ကြ ပါဘူး။

ဥပမာ ပေးရရင် ပင်လယ်ထဲ ခရီးသွားမယ့် လူတစ်ယောက် အနေနဲ့ သူ မဖြစ်မနေ လေ့လာ ရမှာက ရေကူး သင်နည်း ဖြစ်ပါတယ်။ ရေမှ မကူးတတ်ရင် ပင်လယ်ထဲမှာ နှစ်ပါတယ်။ ဒီတော့ ရေကူးနည်းကို စာဖတ် သူတို့လည်း စတင် လေ့လာမိမှာပါ။ ရေကူးနည်း ဘယ်သူ အရင် စထွင်ခဲ့တယ်တို့၊ မိုက်ကယ်စကိုးဖီး သမိုင်း ကြောင်းတို့၊ ရေကူးနည်း ပေါင်း စုံ တို့၊ အရှေ့တောင် အာရှ ရေကူးမှာ ဘယ်သူ အတော်ဆုံး လဲ တို့ အစရှိသဖြင့် တို့ကို စတင် လေ့လာ မိပါ သလား၊ မိမိ ကူးတတ်ဖို့ကိုပဲ အဓိက ထားလို့ ရေကူးနည်း အရင် လေ့လာ ရပါ သလား။

ဘဝဟာလည်း ဒီလိုပါပဲ။ သမိုင်းကို ဦးစားပေးလို့ အရင် မြေလှန်လေ့လာ ရမယ့် ဘာသာရပ် ထဲမှာ ဘာသာရေး မပါ ပါဘူး။ ဘာသာရေးဟာ တတ်မြောက်ကျွမ်းကျင်မှု အပေါ်မှာ အခြေခံပြီးမှ သမိုင်း ဘက်ကို ဆက်သွား ရခြင်း ဖြစ်ပါတယ်။ ဥပမာ ဘုရားဟောကြား တရားတော် များကို အခြေအနေ တစ်ခု အထိ လေ့လာ ပြီးပြီ နားလည် တတ်မြောက် သွားပြီ ဆိုရင် သမိုင်းကြောင်းကို လေ့လာ နိုင်ပါပြီ။ အဲ့ဒီ အချိန်မှာ သံသယတွေ မရှိတော့ ပါဘူး။ ယခု ကျတော့ ဖြစ်နေတာက သမိုင်းကို အရင်လေ့လာ နေကြတော့ ဟိုဟာလည်း ငါ မယုံ၊ ဒီဟာလည်း ငါမယုံနဲ့ ခရီးတွေ ဝေးသထက် ဝေးသွား ပါတယ်။ ဒီတော့ လေ့လာမှု အဆင့်ဆင့် သွားပုံကို သေချာ မှန်ကန်ဖို့ လိုအပ် ပါတယ်။

ဘုရား ဟောခဲ့သလိုပဲ ပြန်မျှဝေရမယ် ဆိုရင် မြားဆိပ် ထိမှန်နေတဲ့ လူတစ်ယောက်ဟာ မြား ဘယ်ကလာတယ်။ ဘယ်သူ ပြစ်တဲ့ မြားဖြစ်တယ်။ ဘယ်လို အဆိပ် အမျိုးအစား အသုံးပြုထားတယ် အစရှိသဖြင့် တို့ကို လေ့လာ နေရမှာ မဟုတ်ပဲ ထိမှန် နေတဲ့ မြားကို အရင်ဆုံး ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။

အသက်ကြီးမှ လေ့လာရန် လိုအပ်သည်ဟု မှားယွင်းစွာ ခံယူခြင်း

လူငယ်တွေဟာ ဘာသာရေး ဟာ အသက်ကြီးမှ အနီးကပ် လေ့လာရမယ့် ပညာရပ် တစ်ခုလို့ သဘောထား နေကြ ပါတယ်။ အမှန်တာ့ လောက အမှန်တရား ဆိုတာ စောစောစီးစီး သိနိုင်လေလေ ကောင်းလေလေ ဆိုတာကို သူတို့ သိမထားကြ ပါဘူး။ သိထားလဲ အခြားသော မကောင်းတဲ့ စိတ်များရဲ့ ခေါ်ဆောင်ရာ ကိုသာ လိုက်နေကြ ပါတော့တယ်။ ဘာသာရေး ဆိုတာ တောထွက်မှ၊ ဘုန်းကြီးဝတ်မှ လေ့လာရမယ်လို့လဲ ဆို မထား ပါဘူး။ လောကနီတိ တရားအရ လောကုတ္တရာ နဲ့ လောကီဟာ အပြန်အလှန် အမှီသဟဲ ပြု ပါတယ်။ လောကုတ္တရာ ဘောင်များ ရဟန်းများပဲ ရှိနေလို့လဲ ကမ္ဘာကြီး ဖြစ်မလာ နိုင်သလို၊ လောကီ လူသားတွေပဲ ရှိနေ ရင်လည်း ကမ္ဘာကြီး ကြိမ်းသေ ပျက်သွား နိုင်ပါတယ်။ ယင်း အဖွဲ့အစည်း နှစ်ခုက အပြန်အလှန် အမှီ သဟဲ မပြုပဲ သီးခြားစီ ရပ်တည်နေရင်လည်း ကမ္ဘာကြီး ပျက်သွား နိုင်ပါတယ်။ လူသားတို့ရဲ့ မကောင်းတဲ့ စိတ်များ၊ စေတသိတ် များကို ထိန်းချုပ်ထားပေးတာက ယင်း ဘာသာရေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘာသာရေးဟာ အသက်အရွယ် မရွေး ကြီးကြီး ငယ်ငယ် လေ့လာ ကျင့်သုံး ထားရမယ့် ပညာရပ် တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူ အားလုံး ဘာသာရေး လေ့လာမှု အမြင်နဲ့ ပက်သက်လို့ သေချာ သိရှိလို့ လေ့လာ နိုင်မယ်လို့ မျော်လင့် ပါတယ်။
.
From: အောင်ခမ်း (ရိုးရာလေး)

www.mmdailystar.com

ကွန်မြူနစ် ဦးဝင်တင် သေဆုံးချိန် NLD အဖွဲ့ဝင် ၁၂ ဦးအား တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနမှဆင့်ခေါ်

$
0
0
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်တဲ့ ၁၂ ဦးအဖွဲ့ဟာ ဒီနေ့ တရုတ်ပြည်ကို ထွက်ခွာသွားပါတယ်။

NLD ပါတီအနေနဲ့ တရုတ်ပြည်လေ့လာရေးခရီးစဉ်ဟာ ၄ကြိမ်မြောက်ရှိပြီလို့ ဦးဝင်းမြင့်က ပြောပါတယ်။
"ကျနော်တို့ အခုဆိုလို့ရှိရင် တခြားလူငယ်တွေသွားထားတာနဲ့ ဘာလို့ရှိရင် သုံးလေးကြိမ်လောက်ရှိပါပြီဗျ၊ အိမ်နီးချင်းနိုင်ငံကိုးဗျ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အခါကျတော့ ဒီလိုပေါ့ ပြည်သူလူထုနဲ့ပါ ထိတွေ့ဖို့ ပြည်သူ လူထုနဲ့ဒီလိုပဲ ဒီလိုပဲ ကျနော်တို့က ရင်းနှီးချစ်ကြည်ပြီး ချစ်ခင်သွားဖို့ဆိုတာကတော့ အိမ်နီးချင်းနိုင်ငံဆိုတော့ ဘယ်သူမှရှောင်လို့ မရတဲ့ ကိစ္စမဟုတ်ဘူးလေ၊ ဒီလိုပဲထိတွေ့ဆက်ဆံရမှာပဲ "

ဒီခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၂ ဦး ပါဝင်ပါတယ်။
ဒီခရီးစဉ်အတွင်း ကူမင်း၊ ပေကျင်းနဲ့ ဖူအယ်မြို့တို့ကို ၁ဝ ရက်ကြာ သွားရောက်လေ့လာမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေ၊ သွားရောက်လေ့လာမယ့်နေရာတွေကို အသေးစိတ် ပြောကြားခြင်း မရှိသေးပါဘူး။
From:Rfa

www.mmdailystar.com

ဦးဝင်းတင် ဈာပနနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည် နှင့် နိုင်ငံရေး အဖွဲ့များကြား သဘောထားကွဲလွဲ

$
0
0


ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၈၅)နှစ် ရဲ့  ဈာပနနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် နှင့် အခြား နိုင်ငံရေး အသင်းအဖွဲ့များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဒီချုပ် နာယက ဦးဝင်းတင် ဈာပနကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ ဦးဝင်းတင်ရဲ့ ဆန္ဒအတိုင်း နေ့ချင်းသဂြိုဟ်ရန် ပြောကြားခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ သတင်းစာဆရာ များအသင်း နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် တို့မှ ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ဆန့်ကျင်ကာ ဈာပနကို ၃ ရက်ကြာမှ သဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ကာယကံရှင် ဦးဝင်းတင်ရဲ့ ဆန္ဒနှင့် ပတ်သက်ပြီး အနီးကပ် ပြုစုပေးခဲ့တဲ့ ဦးမောင်မောင်နိုင်က အခုလိုပြောပါတယ်။“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ သူသေလို့ရှိရင် မြန်မြန် သဂြိုလ်ပေးပါ လို့ မှာသွားတယ်”ဟု ဆိုပါတယ်။

ဦးဝင်းတင် ဈာပနအတွက် ဒေါ်အောင်ဆန်းစုကြည်အား နံနက် ၇ နာရီ ခွဲ ခန့်တွင် ဖုန်း ဆက်မေးမြန်းခဲ့ချိန်တွင် ဒေါ်အောင်ဆန်း စုကြည်မှ ကွယ်လွန်သူ၏ ဆန္ဒအတိုင်း ချက်ခြင်းသဂြိုဟ်ပေးဖို့ ပါတီဥက္ကဌ တစ်ဦးအနေဖြင့် စေခိုင်းခဲ့ ပါတယ်။

ဦးဝင်းတင်ဈာပနသို့ ကိုယ်တိုင်ရောက်ရှိနေသူ ဦးတင်ဦးကတော့ “သူသေလို့ရှိရင် မြန်မြန် သဂြိုလ်ပေးပါ။ အ ကောင်အထည် ဖော်ဖို့ ကြိုးစားတာပဲ။ သူ့ ရဲ့စိတ်ထားကဒီပြင့်လူကို ဒုက္ခမ ပေးချင်ဘူးဆိုတာမှန်တယ်။ သို့သော် ဒါနဲ့ပတ်သတ် လို့ အဖွဲ့စည်းကနည်းတဲ့ အဖွဲ့ အစည်းမဟုတ်ဘူး။ အများကြီးရှိတယ်။ အန်အယ်ဒီရှိ တယ်။ အနုပညာလောက ရှိတယ်။ သတင်းစာ လောကရှိတယ်။ နိုင်ငံ ရေးအကျဉ်းသားလောက ရှိတယ်။ ဒါတွေနဲ့ပတ်သတ် လို့ပစ်ထားလို့မ ရဘူးလေ။ သူတို့ဒီခေါင်းဆောင် ကို တွေ့ချင်တယ်။ နောက်ဆုံးနူတ် ဆက်ချင်မယ်။ အလေးပြုချင်မှာပဲ။ဆုံးသွားတဲ့အချိန်နဲ့ ပြောတဲ့ဆိုတဲ့ အချိန် တွေက နေဝက် ကျော်သွားတော့ ဘယ်လို လုပ်မလဲ” လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

ဦးတင်ဦးမှ ဒေါ်အောင်ဆန်း စုကြည်ထံ သို့ ဖုန်းဆက်၍ ၎င်းတို့၏ သဘောထားကို ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်း စုကြည်မှ ဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

သို့သော် ဦးတင်ဦး၊ ကိုမိုးသီးဇွန်၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ရုပ်ရှင်အနုပညာသည်အချို့ ပူးပေါင်းကာ ဦးဝင်းတင်ရဲ့ ဈာပနကို ဧပြီလ ၂၃ရက်နေ့ ညနေ ၅နာရီ အချိန်တွင် ရေဝေးတွင် မီးသဂြိုလ်ပြီးအုတ်ဂူ သွင်းရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။
 ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင် ချိန်မှ ယနေ့အထိ လက်တွဲလာခဲ့သူများဖြစ်ပြီး ဦးဝင်းတင် နာမကျန်းဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည်မှ ၂ ကြိမ်တိုင်တိုင် ဆေးရုံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဦးဝင်းတင်ရဲ့ စိတ်နေသဘောထားကို အထူးသိရှိသူဖြစ်တာကြောင့် ကာယကံရှင်ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မည်သူမျှ နားမထောင်ကြတာကြောင့် ယခု နေအိမ်တွင် စိတ်အနှောက်အယှက် ဖြစ်နေကြောင်း သိရပါတယ်။
 ဒါ့အပြင် ဦးဝင်တင် ဆေးရုံတက်စဉ်က မလာကြပဲ ကွယ်လွန်မှ ရောက်ရှိလာကြပြီး ရေချိုးပေးခြင်း၊ သေဆုံး ရုပ်ကလပ်အား ရေချိုးချိန်တွင် အခန်းထဲသို့ ကင်မရာများ ယူဆောင်ခြင်း နှင့် ဓာတ်ပုံများရိုက်ကာ အင်တာနက်တွင် ဖြန့်ဝေခြင်း၊ စသည့် ဗုဒ္ဓဘာသာ ထုံးထမ်းအစဉ်အလာများနှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုများကြောင့်  NLD ပါတီဝင်အချို့က ကိုမိုးသီးဇွန် နှင့် နိုင်ကျဉ်းဟောင်းများအဖွဲ့ အပေါ် မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိပါတယ်။
 
 
From: မျိုးကျော် YCJ (Yangon Citizen Journalist)

www.mmdailystar.com

သတိမေ့မြောနေစဉ် နှာခေါင်းထဲရေလောင်းထည့်ခံရ၍ ဦးဝင်းတင် သေဆုံးခြင်းဖြစ်ကြောင်း ခွဲစိတ်ဆရာဝန် အတည်ပြု

$
0
0
ဦးဝင်းတင် ရုပ်အလောင်းအား ရင်ခွဲရုံတွင် ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီတွင် ခွဲစိတ်စစ်ဆေးခဲ့ရာတွင် လူနာသေဆုံးရခြင်း အကြောင်းအရင်းမှာ ကျောက်ကပ်ရောဂါကြောင့် သေတာမဟုတ်ပဲ သတိလစ် မေ့မြောနေစဉ် အသက်ရှူလမ်းကြောင်းထဲ (နှာခါင်းထဲ) ရေလောင်းထည့်ခံရ၍ သေဆုံးခြင်းဖြစ်ကြောင်း ခွဲစိတ်ဆရာဝန်မှ အတည်ပြုပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
 
From:ME

www.mmdailystar.com

မဟာတံတိုင်းကြီး အပြို NLD အာဏာ လွန်ဆွဲပွဲ ပြင်းထန်လာနိုင်

$
0
0




သံမဏိလူသား၊ သေသည်အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်သွားခဲ့သူ စသည်အားဖြင့် အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခြင်းခံခဲ့ရသော ကွန်မြူနစ်အိုကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီမိုကရေစီတိုက်ပွဲကို စိတ်လျှော့ လက်လျှော့၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း မပြီးဆုံးနိုင်သေးသည့် နောက်ဆက်တွဲများစွာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။

ပထမဆုံး နောက်ဆက်တွဲမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အကြား သဘောထားကွဲလွဲမှု ဖြစ်ပြီး ယင်းကွဲလွဲမှုတွင် ဦးတင်ဦးနှင့်အတူ ၈၈ ငြိမ်းပွင့်များက တစ်ဘက်၊ ဦးဝင်းတင်၏ နောက်ဆုံးဆန္ဒနှင့် ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက် အပြင်းအထန် ကွဲလွဲခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အားပြိုင်မှုတွင် ၈၈ ငြိမ်းပွင့်၏ ကျောထောက်နောက်ခံဖြင့် ဦးတင်ဦးက အနိုင် ရရှိခဲ့ကြောင်း၊ ဤသည်မှာ ဦးဝင်းတင် မရှိတော့သည့်နောက် သဘောထားတင်မာသူ ခေါင်း ဆောင်ပိုင်းနေရာကို ဦးတင်ဦးက ဆက်လက် ရယူမည့် အလားအလာကို ဖော်ပြနေကြောင်း သိရှိရသည်။

ဦးဝင်းတင် ဈာပနအတွက် ဒေါ်အောင်ဆန်းစုကြည်အား နံနက် ၇ နာရီ ခွဲ ခန့်တွင် ဖုန်းဆက်မေးမြန်းခဲ့ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ၏ ဆန္ဒအတိုင်း ချက်ခြင်းသဂြိုဟ်ပေးဖို့ ပါတီဥက္ကဌ တစ်ဦးအနေဖြင့် စေခိုင်းခဲ့ကြောင်း၊ ဦးတင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဖုန်းဆက်၍ ၎င်းတို့၏ သဘောထားကို ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ကြောင်း၊ သို့သော် ဦးတင်ဦး၊ ဦးမင်းကိုနိုင်၊ ဦးမိုးသီးဇွန်၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ရုပ်ရှင်အနုပညာသည်အချို့ ပူးပေါင်းကာ ဦးဝင်းတင်ရဲ့ ဈာပနကို ဧပြီလ ၂၃ရက်နေ့ ညနေ ၅နာရီ အချိန်တွင် ရေဝေးတွင် မီးသဂြိုလ်ပြီးအုတ်ဂူ သွင်းရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ကာယကံရှင်ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မည်သူမျှ နားမထောင်ခဲ့ကြကြောင်း၊ ဦးဝင်းတင် သေဆုံးရခြင်းတွင် ဆေးရုံသို့ သေခါနီးမှ လွဲ၍ အားပေးဖော် မရသော ဒေါ်စုအပေါ် မကျေနပ်စိတ်အခံများ ဖြစ်နေကြသူ အားလုံးက ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားထောင်စရာမလို ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်စုက ပါတီဥက္ကဌလေ။ ဦးတင်ဦးက ဗဟိုအကြံပေး၊ ဦးဝင်းတင်ကလည်း ဗဟိုအကြံပေးပဲ။ ဒီတော့ ပါတီဥက္ကဌ စကားကို နားမထောင်ဘူး ဆိုတာက သက်သက်မဲ့ လုပ်တာပဲ။ ၈၈ ပွင့်လင်းတွေကလည်း ဦးတင်ဦးနဲ့ အတူတူ ရပ်တည်တယ်။ ၈၈ က ဘာဆိုင်လို့လဲ။ သူတို့က နှမ်းလာဖြူးတာ။ ဒါက ပါတီတွင်းကိစ္စ၊ ၈၈ နဲ့မဆိုင်ဘူး။ ပြီးတော့ ဦးတင်ဦးကလည်း အကြံပေးဖို့ပဲ တာဝန်ရှိတာ။ ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်တာကိုလည်း ဒေါ်စု အရမ်းပဲ စိတ်ဆိုးနေတယ်။ ကျွန်တော်တို့ကတော့ ဥက္ကဌဘက်ကပဲ ရပ်တည်တယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD ပါတီသို့ ကူးပြောင်းလာခဲ့သော သာကူး ဟု ခေါ်တွင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

ဒုတိယနောက်ဆက်တွဲမှာ မိုးသီးဇွန်နှင့်အဖွဲ့က ဦးဝင်းတင်၏ အသုဘအလောင်းကို ရေချိုးသန့်စင်ပေးသည့် မှတ်တမ်းဓါတ်ပုံများ ဖြန့်ဝေပြီး နောက် လူသေ၏ဓါတ်ပုံများကို နိုင်ငံရေးအမြတ်ထုတ်နေခြင်းအပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တတိယနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင်တို့ ဆေးရုံသို့ သွားရောက် သတင်းမေးပြီးနောက် ဦးဝင်းတင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ရာ ဇီဝိန်ချွေသတင်းမေးမှုအပေါ် ဦးဝင်းတင် ထောက်ခံသူများက သံသယပွားနေခြင်း ဖြစ်သည်။

စတုတ္ထနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်မေးမြန်းချိန်တွင် ဦးကိုနီအား နေရာပေးမှု ဆင်ခြင်သင့်ကြောင်း၊ NLD ပါတီအနေဖြင့် ဘင်္ဂလီများထံမှ ထောက်ပံ့ငွေများ လက်မခံရန် ဦးဝင်းတင်က ပြောကြားခဲ့သော်လည်း သတင်းများတွင် ဖော်ပြခဲ့ခြင်း မရှိခဲ့သည်ကို ဦးဝင်းတင်၏ အနီးကပ်တစ်ဦးက ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ပဉ္စမနောက်ဆက်တွဲမှာ ဦးဝင်းတင်ကွယ်လွန်ပြီးနောက် ဖြစ်ပေါ်လာမည့် NLD ၏ အာဏာချိန်ခွင်လျှာ ဖြစ်သည်။ ယခင်က ၀င်း-၀င်းဂိုဏ်း ဟု အမည်ပေးထားသည့် ခေါင်းမာဂိုဏ်းတွင် ဦးဆောင်သူ ဦးဝင်းတင် ကွယ်လွန်သွားပြီ ဖြစ်ရာ ကျန်ရှိသည့် ဦးဥာဏ်ဝင်းတစ်ဦးတည်းဖြင့် ဦးကိုနီ၊ ဦးဝင်းမြင့်၊ ဒေါက်တာမြတ်ဥာဏစိုးတို့ကို ယှဉ်နိုင်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း၊ ဥက္ကဌ ဒေါ်စုကိုပင်လျှင် မှန်သည့်အတိုင်း ထောက်ပြ ပြောဆိုရဲသည့် ဦးဝင်းတင် မရှိတော့သဖြင့် NLD ခေါင်းဆောင်ပိုင်းတွင် ဒေါ်စု အမိန့် ပိုမိုကြီးထွားလာမည် ဖြစ်ကြောင်း၊ ဦးဥာဏ်ဝင်းကို ကိစ္စတစ်ခု အကြောင်းပြ၍ CEC မှ ထုတ်ပယ်ပစ်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ မူလက ဒီလှိုင်းဂျာနယ် သိန်းထောင့်ငါးရာ အစဖျောက်မှုဖြင့် ဦးဝင်းတင်ကိုပါ CEC မှ ထုတ်ပယ်ရန် စီစဉ်ခဲ့သော်လည်း ပါတီညီလာခံဖြင့် ဖြုတ်ချမှ ရမည် ဟု တွက်ဆခဲ့ကြောင်း၊ ယခုအခါ ဦးဝင်းတင် မရှိတော့ပြီ ဖြစ်၍ ဦးဥာဏ်ဝင်းကို အလွယ်တကူ ရှင်းပစ်နိုင်တော့မည် ဟု ဦးကိုနီက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ဦးတင်ဦးသည် ၈၈ ငြိမ်းပွင့်၏ ထောက်ခံမှုဖြင့် ပါတီတွင်း အာဏာတည်ဆောက်ရေးကို ပြန်လည်ဆောင်ရွက်လာနိုင်ကြောင်း၊ ဦးဝင်းတင် ဈာပနအစီအစဉ်တွင်လည်း ပါတီဥက္ကဌ ဒေါ်စုအနေဖြင့် မည်သို့မှ လွန်ဆန်နိုင်ခြင်း မရှိခဲ့သည်မှာ သက်သေဖြစ်ကြောင်း နိုင်ငံရေးဆောင်ပါးများ ရေးသားနေသူ ဆရာဝန် စာရေးဆရာတစ်ဦးက ပြောကြားသည်။

“ဦးဝင်းတင်က လေးစားစရာ နိုင်ငံရေးသမားတစ်ဦးပါ။ အခုလို ကွယ်လွန်သွားတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်။ သို့သော်လည်းပဲ မိမိတို့ လွှတ်တော်အနေနဲ့ ပြောရရင်တော့ သဘောထားတင်းမာသူတွေအနေနဲ့ လွှတ်တော်နိုင်ငံရေးကို အစဉ်အမြဲ ဆန့်ကျင်နေခဲ့ကြတာ ဖြစ်တဲ့အတွက် NLD ပါတီ ပိုမိုကောင်းမွန်လာမယ် လို့ မိမိအနေနဲ့ မျှော်လင့်မိပါတယ်။ ပါတီဥက္ကဌ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ယခင်ကထက် ပိုမို လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ကိုင် လာနိုင်မယ် လို့ ယုံကြည်ပါတယ်” ဟု လွှတ်တော်အကြီးအကဲ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှီရသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း “ကျွန်တော်တို့အနေနဲ့ ဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအရ အမြင်မတူတာတွေရှိပါ တယ်။ ဒါပေမယ့် မိမိယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်တည်ခဲ့မှုများနဲ့ သူ့ရဲ့ စွန့်လွှတ်ခဲ့မှုများ အတွက် ဆရာကြီး ဦးဝင်းတင်ကို ကျွန်တော်တို့အားလုံးလေးစားပါတယ်။ နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် သူယုံကြည်ရာ နည်းလမ်းနဲ့ အကောင်အထည်ဖော်လိုတဲ့ ဆရာကြီးရဲ့ စေတနာကို ကျွန်တော်တို့ အလေးထားတဲ့အတွက် အမြင်ချင်းမတူသည့်တိုင်အောင် ဆရာကြီးရဲ့ အတွေးအမြင် သဘောထားများကို ကျွန်တော်တို့အလေးထားမှတ်သားကြပါတယ်။ ဆရာကြီး ကွယ်လွန်သွားခြင်း ဟာ မြန်မာ့နိုင်ငံရေးမှာ မိမိယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း မထောက် မညှာပြောလေ့ရှိတဲ့ အသံတစ်သံ ပျောက်ဆုံးသွားခြင်းပဲဖြစ်တဲ့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲဖြစ်သလို သတင်းစာလောကအတွက်ဆိုရင်လည်း အတွေ့အကြုံရင့်ကျက်တဲ့၊ အတတ်ပညာ ပြည့်ဝတဲ့ သတင်းစာ ဆရာကြီးတစ်ဦး ဆုံးရှုံးရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

“ဦးဝင်းတင်က အမာလိုင်းပဲ။ ဒီနေ့ခေတ်က အမာလိုင်းသမားတွေ ခေတ်မရှိတော့ဘူး။ ဒါ့ကြောင့်လည်း NLD မှာကို နေရာပေးတာ မခံခဲ့ရတာ။ ဒါပေမယ့် မသေခင် နောက်ဆုံး လုပ်သွားတာကို ပြန်ကြည့်လိုက်ရင် ဆရာတော်ဦးဝီရသူကို သွားပြီး ညှိနှိုင်းတာ တွေ့ရတယ်။ ဒီလိုမျိုး အကွက်တွေကို လုပ်နိုင်တဲ့သူ လုပ်တတ်တဲ့သူ NLD မှာ မရှိတော့ဘူး။ ရှေ့နေဦးကိုနီတို့ ဦးဝင်းမြင့်တို့ အုပ်စု ပိုပြီး အားကောင်းလာနိုင်တယ်။ ဒေါ်စုကို ၀န်းရံဖို့ မှာသွားတယ် ဆိုတဲ့ ၈၈ ငြိမ်း ပွင့်အနေနဲ့ NLD ထဲကို ၀င်လာပြီး ခေါင်းဆောင်ပိုင်း နေရာအတော် များများကို ယူမယ် ကြားတယ်။ ဒီလို ၀င်မလာနိုင်အောင် ဦးကိုနီတို့အုပ်စုက ဆော်ကြလိမ့်မယ်။ ဦးဝင်းတင် သေသွားတော့ အာဏာ လွန်ဆွဲပွဲ ပိုပြီး ပြင်းထန်လာမှာ သေချာတယ်” ဟု သည်လေဒီးစ်ဂျာနယ် အယ်ဒီတာတစ်ဦးက ခန့်မှန်းပြောကြားသည်။

ဦးဝင်းတင်သည် သတင်းစာသမား ဘဝ၊ နိုင်ငံရေးသမား ဘဝနဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ကာလ တလျှောက်လုံးတွင် အာဏာရှင် အစိုးရများ၏ လွဲမှားနေသည့် လုပ်ဆောင်ချက်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ အလားတူ NLD ပါတီ ခေါင်းဆောင်များ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ၏ လွဲချော်မှုများကိုလည်း ထောက်ပြ ဝေဖန်သူ တဦးလည်း ဖြစ်သည်။
 
 
From: ပြည်သူ့အာဏာ

www.mmdailystar.com

အရွယ်မရောက်သေးသည့် အမျိုးသမီးနှစ်ဦးကို ၃ကြိမ် အဓမ္မပြုကျင့် သတ်ဖြတ်သူကို အရေးယူပြီ

$
0
0
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေး
ရွာအုပ်စု ပွင့်တကောင်းကျေးရွာအနီးရှိ ရွှေအင်ဒုံ
စား ကျက်မြေပေါ်၌ သင်္ကြန်အတက်နေ့ဧပြီလ
၁၆ ရက်နေ့က အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့်ခံ
ရပြီးတစ်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံ များ
ထံမှ သိရှိရသည်။


အဆိုပါအမျိုးသမီးနှစ်ဦးမှာ ဇင်မာဌေး(၁၆နှစ်-သေဆုံးသူ)နဲ့သီသီနွယ်(ခ)မိပု (အသက်-၁၄)ဖြစ်ပြီး သင်္ကြန်အတက် နေ့က ရွှေအင်ဒုံကျေးရွာ သက်ကြီးပူးဇော်ပွဲရှိ၍ ရေကစားရန် သူငယ်ချင်းများနဲ့ ချိန်းထားသဖြင့် အိမ်မှ ထွက်လာခဲ့ရာ သက်ကြီးပူးဇော်ပွဲနေရာအနီးအရောက် အသိအမျိုးသားတစ်ဦးမှ ဆိုင်ကယ်နှင့် ရောက်ရှိ လာပြီး ဒိုက်ဦးဘက်မှာ ရေကစားမဏ္ဍပ်ရှိကြောင်းပြောကာ လိမ်လည်ခေါ်ဆောင် ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။




ဖြစ်စဉ်နှင့် ပတ်သက်၍ သီသီနွယ်(ခ)မိပုက ပြန်လည်ပြောပြရာတွင် ''ဇော်မှိုင်းဝေဆိုင်ကယ်နဲ့ ရောက်လာပြီး နင်တို့ဘယ်သွားမှာလဲ၊ လာ လိုက်ခဲ့ ငါ့ဆိုင်ကယ်ပေါ်တက်ဆိုပြီး သမီးတို့ညီအစ်မ နှစ်ယောက်ကိုခေါ်တင်သွားတယ်၊ ရေကစား မဏ္ဍပ်ရှိတဲ့ နေရာရောက်တော့ ချပေးလို့ပြောတော့ သူကမချပေးဘူး၊ ရှေ့မှာမဏ္ဍပ်တွေရှိသေးတယ်၊ ရှေ့ကျမှဆော့ မယ်ဆိုပြီး အတင်းမောင်းသွားတာ ဒိုက်ဦးအထိ ရောက်သွားတယ်၊ သမီးက ဒိုက်ဦးကိုလည်း တစ်ခါမှမ သွားဖူးဘူး၊ ဇော်မှိုင်းဝေက သမီးအစ်မနဲ့သူရောက်ဖူးတယ်လို့ ပြောတယ်၊ ပြောပြီး တော့ဒိုက်ဦးနားက လမ်းတွေကို ၀င်တယ်၊ ထွက်တယ်၊ သင်္ကြန်ရေ ဆော့ကြတယ်၊ ပြီးတော့ဆိုင်တစ်ဆိုင်မှာ သွားရပ်တယ်၊ ဇော်မှိုင်းဝေရယ်၊ သမီးအစ်မရယ် ဆိုင်ပေါ်တက် ပြီးသူတို့နှစ်ယောက်ဘာတွေလည်း မသိဘူးသောက် နေကြတယ်၊” ဟု သီသီနွယ်က ပြောသည်။

ထို့နောက် ၄င်းကို သူအမက ငါးကြင်းခွက်ဖြင့် အချမ်းပြေစေရန် အရည်တစ်ခွက်တိုက်ကြောင်း၊ ထို့နောက် ၄င်းအမကို မိုးချုပ်နေပြီ အိမ်ပြန်ကြမယ်ဟုပြောကာ သုံးဦးသားပြန်ခဲ့ကြောင်း၊လမ်းတွင် ကိုဇော်မှိုင်းဝေမှ ကွမ်းအစိမ့်ဝယ် ကျွေး ကြောင်း၊ ၄င်းမှာ တစ်ခါနှစ်ခါဝါးပြီးထွေးထုတ်လိုက်သော်လည်း ၄င်းအမမှာ ၀ါးမ၀ါးကိုမူ မသိကြောင်း ထို့နောက် ဆိုင်ကယ်ဖြင့် ရွှေအင်ဒုံရွာဘက်မောင်းလာကြောင်း သူမက ဆက်ပြောသည်။

“ သမီးက အိမ်ကိုပဲေ မာင်းနော်ဘယ်ကိုမှမမောင်းနဲ့လို့ ဇော်မှိုင်းဝေကိုပြောတယ်။ ပြောတော့ အေးပါဆိုပြီးတော့ ဆက် မောင်းလာတယ်။ သမီးတို့ရဲ့ဆရာမဆေးပေးခန်းနားလည်း ရောက်ရော ခုံးတက်နားမှာဆိုင်ကယ် ကနည်းနည်း ရိုင်သွားတယ်၊ ဒါသမီးတို့ရွာမဟုတ်ဘူးလို့ပြောတော့နင်တို့ ရွာလို့ပြောတယ်၊ အဲအချိန် မှာဇော်မှိုင်းဝေက သူနှစ် ယောက် မတင်နိုင်တော့ဘူး ပြောတယ်။ ဒါဆိုရင်လည်း ကိုကြီးဇော်မှိုင်းဝေပြန် သွားတော့ဆိုပြီး သမီးတို့ညီအစ်မ နှစ်ယောက်က ပြန်မယ် လုပ်တော့ ဇော်မှိုင်းဝေက အဲဒါဆိုတစ်ယောက်တက်ခဲ့၊ ပြီးတော့မှနောက် တစ်ယောက် လာခေါ်မယ် ပြောတယ်။ မမကနင်အရင်လိုက်သွားပြောတော့ သမီးကလိုက်သွားတယ်။ သမီးးတော်တော် မူးနေတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပွင့်တကောင်း ရွာထိပ်ကို ရောက်နေတယ်။ ဒါသမီးတို့ရွာ မဟုတ်ဘူးလို့ ပြောတော့ ဇော်မှိုင်းဝေက နင့်ပါးစပ် ပိတ်ထားတိတ်တိတ်နေ ပြောပြီးဆိုင်ကယ်ကို ပတ်မောင်းတယ်။ ကြည့်လိုက် တော့ ပွင့်တကောင်းရွာ အရှေ့ နဲ့အနောက်ကြားမှာဆိုင်ကယ် ရပ်ပြီး တော့ သမီးကိုတွန်းလှဲလိုက်တယ်။” ဟု သူမက ဆက်ပြောသည်။

ထို့နောက် သူမ၏ ဘောင်းဘီကိုဆွဲချွတ်ကာ နင်ကိုယူမယ်ဟုပြောရင်း မဖွယ်မရာများပြုလုပ်ကာ အဓ္ဓမပြုကျင့်ပြီး နောက် ၄င်းတို့ရွာရှိ သူမတို့နေအိမ်အထိ ပြန်လိုက်ပို့ပြီး ၄င်းအမကိုပြန်ခေါ်ဦးမည်ဟု ဆိုကာ ပြန်ထွက်သွားကြောင်း ဆက်ပြောသည်။

ဒိုက်ဦးမြို့ဆိုင်တစ်ဆိုင်တွင် Grand Royal ရှစ်ပက်ပြားနှစ်ပြား၊ဘီယာတစ်ဗူးနဲ့ လက်ဖက်သုပ်တစ်ပွဲစား သောက်ခဲ့ကြောင်း၊ ကွမ်းယာဝယ်ကျွေးရာတွင်လည်း ကွမ်းယာထဲတွင် ဆေးပါရှိကြောင်း၊ ဘာဆေးမှန်းမသိ ကြောင်းနှင့်ကွမ်းယာကိုတစ်ချက် နှစ်ချက်ဝါးပြီးထွေးထုတ်ခဲ့ကြောင်း သီသီနွယ်(ခ)မိပု၏ ဖြေကြားချက်ကို ဒိုက်ဦးမြို့နယ်ရဲ့စခန်းမှ စခန်းမှူးဒုရဲမှူး ဦးတင်ထွန်းက ပြောပြပါတယ်။

တရားခံဇော်မှိုင်းဝေ၏ ထွက်ဆိုချက်နှင့်ပတ်သက်၍ စခန်းမှူးဒုရဲမှူးက ပြောကြားတွင် ''ကျန်ခဲ့ တဲ့ သေဆုံးသူ ဇင်မာဌေးဆီကို ပြန်သွားတယ်။ သွားပြီးတော့ တကောင်းရွာကိုကူးတဲ့တံတားဘေး လှည်းလမ်းမှာ ဆိုင်ကယ် ရပ်ပြီးတော့ ပွင့်တကောင်းကျေးရွာအနီးက ရွှေအင်ဒုံစားကျက်မြေပေါ် ကောင်မ လေး ကို ပွေ့ ခေါ်သွားတယ်၊အကျီ င်္အ၀တ်အစားတွေ ချွတ်တယ်၊ အဲဒီအချိန်မှာ ဇင်မာဌေးက ထွက် ပြေး တယ်။ ထွက်ပြေးတဲ့အခါကျတော့ ပေတစ်ရာ လောက်အထိ ရောက်သွားတယ်။ အဲဒီနေရာမှာ မိသွားတယ်။မိတော့ ပထမအကြိမ်အဓမ္မပြုကျင့် တယ်၊ ဒုတိယအကြိမ်ထပ်ပြီးပြုကျင့်ချိန်မှာ ကောင်မ လေးက သတိပြန်လည်ရလာတဲ့ အခါကျတော့ ခုခံကာကွယ် လာတယ်။အဲလိုခုခံလာတဲ့ အချိန်မှာ ပါးတွေကို ရိုက်တယ်။ ဒုတ်နဲ့လည်း ရိုက်တယ်။ နောက် လည်ပင်းကိုညှစ်တယ်။ လည်ပင်း ကို ညှစ်လိုက်တော့ ငြိမ်သွားတယ်။ အဲတော့ဒုတိယအကြိမ်ပြုကျင့်ခဲ့တယ်။ ပြုကျင့်ပြီးထားခဲ့တယ်။ ထားခဲ့ပြီးအိမ်မှာ ပြန်အိပ်နေလိုက်တယ်” ဟု တရားခံဇော်မှိုင်းဝေက ထွက်ဆိုခဲ့ကြောင်း စခန်းမှူး ဒုရဲမှူး ဦးတင်ထွန်း ကပြောသည်။

သေဆုံးသွားသူ ဇင်မာဌေးကို ၄င်းအဖေဦးကျော်မြင့်က သမီးဖြစ်သူနဲ့လိုက်သွားသည့် သီသီနွယ်(ခ)မိပု ရဲ့အဖေ ဦးဝင်းနိုင်နဲ့လိုက်လံရှာဖွေတဲ့အခါ မတွေ့ရှိသဖြင့် ဒိုက်ဦးရဲ့စခန်းသို့ လူပျောက်ကြောင်းပြောဆိုပြီး အိမ်ပြန်လာ ခဲ့ကြောင်း၊ နောက်တစ်နေ့မ နက် ၁၀နာရီအချိန်ခန့်တွင် ပွင့်တကောင်းရွာအနီး၌ လူသေလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှု့ရာ ပျေက်ဆုံး နေသော ဇင်မာဌေး(၁၆နှစ်)ဖြစ်ကြောင်း သိရှိရဖြင့် ဒိုက်ဦးရဲ့ စခန်းကိုအကြောင်းကြားခဲ့ရာ ရဲစခန်မှူးနဲ့ အဖွဲ့ရောက်ရှိ စစ်ဆေးပြီး အလောင်းကိုဆေးရုံပို့ လိုက်ကြောင်း သေဆုံးသူဖခင်ကဆိုသည်။

သေဆုံးခဲ့သူ ဇင်မာဌေးမှာ ဆရာဝန်၏ဆေးစစ်ချက်အရ လည်ပင်းရိုးကျိုးပြီးသေဆုံးသည်ဟုမှတ် ချက်ပြုထားကြောင်း စခန်းမှူးဒုရဲမှူး ဦးတင်ထွန်း ထံမှ သိရသလို အဆိုပါအမှုနဲ့ပတ်သက်၍ တရားခံ ဇော်မှိုင်းဝေကို ဒိုက်ဦးမြို့နယ် ရဲစခန်းမှ (ပ)၁၇၅/၂၀၁၄ ပြစ်မှုပုဒ် မ ၃၃၇/၃၇၆/၃၀၂ အရအမှုဖွင့် အရေးယူထားကြောင်းကိုလည်း သိရှိရသည်။

ထို့ပြင် သီသီနွယ်(ခ)မိပု၏ဖခင် ဦးဝင်နိုင်ကလည်း နားရေးကိစ္စပြီးပါက သမီးဖြစ်သူအား အဓမ္မပြုကျင့် ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ တရာခံဇော်မှိုင်းဝေကို ထပ်မံတရားစွဲဆိုသွားမည်ဖြစ်ကြောင်းနှင့် တရားခံမှာ အိမ်ထောင်နှစ်ဆက်ရှိပြီး ရွှေအင်ဒုံကျေးရွာမှ ဒုတိယအိမ်ထောင်၏ မိဘများအိမ်သို့ လာလည်စဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

From: မြစ်မခမီဒီယာဂရု

www.mmdailystar.com
Viewing all 4837 articles
Browse latest View live